နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေ ဩဂုတ်လ ၂ ရက်နေ့ပွဲပြီး သုံးသပ်ချက်

ဩဂုတ်လ ၂ရက်နေ့ ပွဲစဉ်တွေကတော့ SBOTOP ရဲ့ အန်ဘီအေ ပရိသတ်တွေအတွက် ပွဲကောင်းတွေ ဖြစ်ခဲ့မယ်ထင်ပါတယ်။ မီဝေါ်ကီဘက်စ်တို့ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပြီးတော့ ဘော်စတွန်ဆဲလ်တစ်၊‌ဘရွတ်ကလင်းနတ်စ်တို့ ကြိုတင်ခန့်မှန်းခဲ့သလိုပဲ အနိုင်ရရှိခဲ့ကြပါတယ်။
 

ပို့တ်လန်းထရေးလ်ဘလေဇာ ၁၂၄-၁၂၈ ဘော်စတွန် ဆဲလ်တစ်

ဆဲလ်တစ်ကစားသမား ဂျေဆင် တက်တမ်လက်စွမ်းပြခဲ့ပြီးတော့ ရမှတ် ၃၄ မှတ်၊ဖန်တီးမှု ၈ကြိမ်၊ရီဘောင်း ၄ကြိမ် ရရှိအောင်စွမ်းဆောင်ပေးသွားခဲ့ပါတယ်။နောက်ထပ်ကစားသမားဖြစ် ဂျေလန်ဘရောင်းက ရမှတ်၃၀နဲ့ ဂေါ်ဒွန်ဟေးယဒ်ရ ၂၂မှတ်ရှာဖွေပေး နိုင်ခဲ့ပါတယ်။တစ်ဖက်က ဘလေဇာကစားသမားတွေဖြစ်တဲ့ ဒါမီယန်လစ်လဒ်က ရမှတ်၃၀နဲ့ ၄၅မိနစ်အတွင်း ဖန်တီးမှု ၁၆ကြိမ်ထိပြုလုပ်ပေးသွားခဲ့ပါတယ်။ဒါဟာ အခုနှစ်အန်ဘီအေရာသီပွဲစဉ်တွေအားလုံးထဲမှာ အမြင့်ဆုံး စွမ်းဆောင်ရည်ဖြစ်ပါတယ်။နာကစ်ကတော့ ရမှတ် ၃၀ထိရှာဖွေပေးခဲ့ပေမယ့် ပွဲအပြီး လက်စွမ်းပိုသာခဲ့တဲ့ ဘော်စတွန်ဆဲလ်တစ်က ၁၂၄-၁၂၈မှတ်နဲ့အနိုင်ရခဲ့ပါတယ်။ဒီပွဲရလဒ်ကြောင့် ဘလေဇာတို့ မြောက်ကွန်းဖရင့် အဆင့် ၁၀နေရာထိရောက်ရှိသွားပြီး ဆန်အန်တိုနီယိုစပါးရဲ့ ကျော်တက်ခြင်းကိုခံခဲ့ရသလို အန်ဘီအေ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ပါတယ်။ဘော်စတွန်ဆဲလ်တစ်ကတော့ ဆီဒင်အဆင့် ၂နေရာက ရက်ပ်တာစ့်ကို လိုက်မှီဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

အန်ဘီအေ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ပါတယ်။
ဆီဒင်အဆင့် ၁၀နေရာထိကျဆင်းသွားခဲ့တဲ့ ထရေးလ်ဘလေဇာအသင်း

 

မီဝေါ်ကီဘက်စ် ၁၁၆-၁၂၀ ဟောက်စတန်ရော့တ်ကတ်

အကောင်းဆုံးခံစစ်နဲ့ တိုက်စစ်တို့ အားပြိုင်ကြတဲ့ပွဲမှာ ဟောက်စ်တန်ရော့ကတ်ရဲ့ ထိုးဖောက်မှုတွေက ပိုပြီးအလုပ်ဖြစ်ခဲ့တယ်လို့ပြောရမှာပါ။မီဝေါ်ကီဘက်စ် MVPကစားသမား အန်တက်တိုကွန်အန်ပို အနေနဲ့ တစ်ဦးတည်း ၃၆မှတ်ထိရှာဖွေပေးနိုင်ခဲ့ပြီးတော့ ခရစ်မစ်ဒယ်တန်က ၂၇မှတ်နဲ့ လိုပက်ဇ်က ၂၃မှတ်ထိရှာဖွေပေးနိုင်ခဲ့ပေမယ့် ဟောက်စ်တန်ကော့ကတ်ရဲ့ ပွဲပြီးခါနီးရမှတ်တွေ တောက်လျှောက်ပြန်လည်ရယူပေးနိုင်ခဲ့မှုကြောင့် တကျော့ပြန်နိုင်ပွဲဖြစ်ခဲ့ရတာပါ။ဟောက်စတန်ရော့ကတ်အနေနဲ့ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ၁၅ကြိမ်ထိ အခွင့်အရေးယူနိုင်ခဲ့လို့လည်း နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ဒီပွဲရလဒ်ကြောင့် ဆီဒင်ရပ်တည်မှုတွေ ပြောင်းလဲတာမရှိခဲ့ပေမယ့် ဟောက်စတန်ရော့တ်ကတ်ရဲ့ ချန်ပီယံဆု စိန်ခေါ်နိုင်စွမ်းကို မြင်တွေ့ခဲ့ရပါတယ်။
 

ဝါရှင်တန်၀စ်ဇတ် ၁၁၀-၁၁၈ ဘရွတ်ကလင်းနတ်စ်

လက်စွမ်းကျဆင်းနေတဲ့ ဝါရှင်တန်၀စ်ဇတ်အတွက် ရှုံးပွဲဆက်ခဲ့တာဖြစ်ပါတယ်။ရှုံးထွက်အဆင့်အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီးတော့ အနိုင်ရရှိခဲ့တဲ့နတ်စ်တို့အနေနဲ့ ၀စ်ဇတ်ကို တော်တော်လေးဖျက်ချထားနိုင်ခဲ့ပါပြီ။ဒီပွဲမှာ ကားရစ်လီဗတ်နဲ့ ဂျရတ်အဲလန်တို့ လက်စွမ်းပြခဲ့ပြီးတော့ ကားရစ်လီဗတ်တစ်ဦးတည်းက ၃၄မှတ်ထိရှာဖွေပေးနိုင်ခဲ့သလို ဂျရတ်အဲလန်ကတော့ ရီဘောင်း ၁၅ကြိမ်ထိရယူပေးနိုင်ခဲ့ပါတယ်။တစ်ဖက် ဝါရှင်တန်၀စ်ဇတ်ကစားသမား သောမက်စ် ဘရိုင်းရန့်က ရမှတ်၃၀နဲ့ ရီဘောင်း ၁၃ကြိမ်ရယူပေးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ နတ်စ်တို့ပဲ ၁၁၈-၁၁၀နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

ဩဂုတ်လ၂ရက်နေ့ရဲ့ အန်ဘီအေ ကျန်ပွဲစဉ်တွေမှာတော့ ဆန်အန်တိုနီယို စပါးစ်က မန်းဖစ်ဂရစ်ဇ်လီကို ၁၀၈-၁၀၆မှတ်၊အော်လန်ဒိုမက်ဂျစ်က စခရက်မန်တို ကင်းစ်ကို ၁၃၂-၁၁၆၊ဖီးနစ်ဆန်းက ဒဲလက်စ်မား‌‌ဗရစ်ခ်ကို ၁၁၇-၁၁၅နဲ့ အနိုင်ရခဲ့ကြပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်