နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၁၉-၂၀၂၀ စီးရီးအေဘောလုံးရာသီအနှစ်ချုပ်

၂၀၁၉ခုနှစ်ကတော့ ကမ္ဘာတဝှမ်း အစီအစဉ်မကျမှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားခဲ့လို့ အားကစားပြိုင်ပွဲကြီးတွေအများစုကိုဖျက်သိမ်းခဲ့ပြီးတော့ တစ်ချို့ပြိုင်ပွဲတွေကိုတော့ရပ်ဆိုင်းထားခဲ့ရပါတယ်။ ဥရောပအမှတ်ပေးဘောလုံးပြိုင်ပွဲတွေအားလုံးဟာလည်း ၃လနီးပါး ရပ်နားထားခဲ့ရပြီး အဲဒီအထဲမှာ စီးရီးအေလည်းအပါအဝင်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လမှာတော့ စီးရီးအေပြိုင်ပွဲတွေပြန်လည်စတင်ခဲ့ပြီး အခုဆိုရင်ရာသီလည်း ပြီးဆုံးသွားပါပြီ။ ရာသီအကုန်မှာ အီတလီထိပ်သီး အိုးလ်လေဒီတို့ပဲ ၉ နှစ်ဆက်တိုက် စီးရီးအေချန်ပီယံဆုဖလားကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းစံချိန်ဟာ တခြားအသင်းတွေကြိုးစားဖို့ခက်ခဲတဲ့ အောင်မြင်မှုပဲဖြစ်ပါတယ်။ ကိုဗစ် ၁၉ကြောင့် ရပ်နားထားခဲ့ရတဲ့ ပွဲစဉ်တွေပြန်လည်စတင်ချိန်မှာတော့ အသင်းတွေအားလုံးဟာ ပရိတ်သတ်မပါပဲ ရာသီအကုန်ထိကစားသွားခဲ့ကြရပါတယ်။

၂၀၁၉-၂၀၂၀ စီးရီးအေ အမှတ်ပေးပြိုင်ပွဲဟာ ထူးခြားမှုတချို့ရှိခဲ့တယ်လို့ပြောရမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ဂျူဗင်တပ်စ်ရဲ့ ၉ နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတော်တော်များများရှိခဲ့ပေမယ့် ရာသီအကုန်မှာတော့ အိုးလ်လေဒီတို့ပဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ကိုဗစ် ၁၉ ‌ရောဂါမဖြစ်ပွားမီက လာဇီယိုအသင်းဟာ ဂျူဗင်တပ်စ်ကို ကျော်ဖြတ်ပြီးအောင်မြင်မှုရနိုင်မယ်လို့ထင်ခဲ့ပေမယ့် ရာသီအကုန်မှာတော့ အဆင့် ၄ နေရာနဲ့ပဲကျေနပ်ခဲ့ရပါတယ်။ နောက်ထပ်အသင်းတွေဖြစ်တဲ့ အင်တာမီလန် နဲ့ အတ္တလန္တာတို့ဟာလည်း ချန်ပီယံဆုကိုအရယူဖို့ ကြိုးစားပေမယ့် အဆင့် ၂နဲ့ ၃နေရာတို့ကနေပဲ ပန်း၀င်ခဲ့ပါတယ်။ရိုးမာနဲ့ နာပိုလီဂာလည်း ချန်ပီယံလမ်းကြောင်းပေါ်ကနေ စောစောစီးစီးထွက်ခွါသွားတဲ့အသင်းတွေဖြစ်ပြီးအဆင့် ၇‌နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ နာပိုလီဟာဆိုရင် လာမယ့်နှစ် ဥရောပပြိုင်ပွဲတွေနဲ့လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ SBOTOP ရဲ့ စီးရီးအေ ဘောလုံးပရိသတ်တွေအတွက်တစ်ရာသီလုံး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သူတွေကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။

 

အတ္တလန္တာ (စီးရီးအေတစ်နှစ်တာအကောင်းဆုံးအသင်း)

အခုနှစ်စီးရီးအေပြိုင်ပွဲမှာ ဂျူဗင်တပ်စ်တို့ ချန်ပီယံဆုဖလားရရှိခဲ့တယ်ဆိုပေမယ့် တစ်နှစ်တာလုံးအတွက်အကောင်းဆုံးအသင်းဆိုရင် အတ္တလန္တာ အသင်းကိုကျိန်းသေပေါက်ရွေးချယ်ရမှာဖြစ်ပါတယ်။ နည်းပြဖြစ်သူ ဂတ်စပီရီနီရဲ့ စွမ်းဆောင်ရည်ကို အဓိကထားချီးကျူးသွားရမှာ ဖြစ်ပြီးတော့ အတ္တလန္တာအသင်းရဲ့လူငယ်အကယ်ဒမီထွက် ကစားသမားတွေ ဒီနှစ်ထဲမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရမှတ် ၆၉ မှတ်နဲ့ ရာသီကုန်မှာ အဆင့် ၃ နေရာရပ်တည်နိုင်ခဲ့တဲ့ အတ္တလန္တာအသင်းအနေနနဲ့ ဒီရာသီမှာ ရမှတ် ၇၈မှတ်နဲ့ အဆင့် ၃ နေရာမှာ ထပ်ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။ လာမယ့်နှစ်မှာလည်း စီးရီးအေ ချန်ပီယံဆုအတွက် ဂျူဗင်တပ်စ်ကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းအဖြစ် အတ္တလန္တာတို့ ဆက်လက်ရပ်တည်နေဦးမှာပါ။

 

မာရီဇီယို ဆာရီ(စီးရီးအေ တစ်နှစ်တာအကောင်းဆုံးနည်းပြ)

ဂျူဗင်တပ်စ်အတွက် ၉နှစ်ဆက် စီးရီးအေ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အသက် ၆၁နှစ်အရွယ် နည်းပြကြီးဆာရီက အဓိကဦးဆောင် ပေးခဲ့တာဖြစ်ပါတယ်။ဂျူဗင်တပ်စ်ကို စတင်ကိုင်တွယ်တဲ့ ပထမရာသီမှာပဲ စကူဒက်တို ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စကူဒက်တိုဖလားဟာ ဆာရီအတွက် မိခင်နိုင်ငံကလပ်အသင်းနဲ့ ပထမဆုံးအကြိမ်ရရှိတဲ့ ဆုဖလားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆာရီအနေနနဲ့ ချဲလ်ဆီးအတွက် ယူရိုပါလိဂ်ချန်ပီယံဆု ရယူပေးခဲ့ပြီး နည်းပြကြီးအနေနဲ့ နှစ်နှစ်ဆက် ဆုဖလားရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ခုနှစ်ကတည်းက နည်းပြအဖြစ်လုပ်ကိုင်ခဲ့တဲ့ ဆာရီဟာ ၂၀၁၅ ခုနှစ် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ သူများနဲ့မတူတဲ့ နည်းစနစ်တွေ ကြောင့် ပရိသတ်တွေရဲ ၀ေဖန်မှုကို ခံနေရပါတယ်။လက်ရှိမှာ ဆာရီကတော့ စီးရီးအေချန်ပီယံဆု ရရှိတဲ့ အသက်အကြီးဆုံး နည်းပြအဖြစ် မှတ်တမ်း၀င်သွားပါတယ်။

 

ခရစ်စတီယာနို ရော်နယ်ဒို (စီးရီးအေ တစ်နှစ်တာအကောင်းဆုံးကစားသမား)

ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေ လိဂ် ၃ခုမှာ အမြန်ဆုံးသွင်းဂိုး ၅၀ ပြည့်တဲ့ကစားသမား
ထိပ်သီးလိဂ် ၃ခုမှာ သွင်းဂိုး ၅၀ အမြန်ဆုံးပြည့်ခဲ့တဲ့ ရော်နယ်ဒို

စီးရီးအေ ရွှေဖိနပ်ဆုအတွက် လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီရဲ့သွင်းတွေကို လိုက်မမှီခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်း ၉နှစ်ဆက် ချန်ပီယံဆုရဖို့အတွက် အရေးပါတဲ့သွင်းဂိုးတွေ ရယူပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် စီးရီးအေ အကောင်းဆုံးကစားသမားပါ။ အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးကြီးအနေနဲ့ ဒီရာသီမှာ သွင်းဂိုး ၃၁ဂိုးရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ရာသီကထက် ဂိုးတွေပိုသွင်းနိုင်ခဲ့တာကိုလည်း ချီးကျူးရမှာပါ။နောက်ပြီး စီးရီးအေမှာ သွင်းဂိုး ၅၀ အမြန်ဆုံးရတဲ့ ကစားသမားဖြစ်လာခဲ့သလို ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေ လိဂ် ၃ခုမှာ သွင်းဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့ကစားသမား ဆိုတဲ့ စံချိန်သစ် တွေလည်း ထပ်တင်နိုင်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်