နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇီဒန်းလက်ထက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ရှုံးထွက် ကနေလှည့်ပြန်ခဲ့ရတဲ့ ရီးရဲမက်ဒရစ်

မန်ချက်စတာစီးတီး ၂-၁ ရီးရဲမက်ဒရစ်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ မန်စီးတီးက အိမ်ကွင်းမှာ ရီးရဲလ်ကို ထပ်မံအနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ နောက်ခံလူ ဗာရာနီရဲ့ အမှားအယွင်းတွေကြောင့် မန်စီးတီးတို့ အခွင့်အရေးတွေရခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီးတော့ ရီးရဲမက်ဒရစ်အသင်းဟာ နည်းပြဇီဒန်းလက်အောက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်ကနေ ပထမဆုံးအကြိမ်လည်းထွက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဗာရာနီရဲ့ပေါ့ဆမှုကြောင့် သွင်းဂိုး ၂ဂိုးစလုံးခွင့်ပြုခဲ့ရတာဖြစ်လို့ ကစားသမား ကိုယ်တိုင်ကလည်း သူတစ်ဦးတည်းရဲ့ အမှားတွေသာဖြစ်ကြောင်း ပရိသတ်တွေကို တောင်းပန်ထားခဲ့ပါတယ်။

 

အထင်ကရအချက်အလက်

ဂွာဒီယိုလာရဲ့ မန်စီးတီး တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။
ရီးရဲမက်ဒရစ်ကို နှစ်ကျော့စလုံးအနိုင်ကစားပြီး ကွာတားဖိုင်နယ်တက်သွားတဲ့ မန်စီးတီး

မန်စီးတီး နည်းပြဂွာဒီယိုလာက အိမ်ကွင်းမှာ ဂိုးရဖို့ကို ဦးစားပေးခဲ့ပြီးတော့ ရီးရဲလ်ကို ဖိအားပေးကစားခဲ့ပါတယ်။ ရာမို့စ်မပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်ခံစစ်ကြောင်းက အားပျော့နေခဲ့ပြီး စတာလင်၊ ဒီဘရိုင်း၊ ဂျီးဆပ်တို့ရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရတာကြောင့် ဦးဆောင်ဂိုးလည်းပေးခဲ့ရပြီး စတာလင်က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ ချေပဂိုးရဖို့အတွက် ရီးရဲလ်တို့ ပြန်လည်အားထုတ်ခဲ့ပေမယ့်လည်း ပွဲကိုအဆုံးအဖြတ်ပေးနိုင်မယ့် ကစားသမားတွေ မရှိတာကြောင့် ဘန်ဇီမာရဲ့ သွင်းဂိုးတစ်ဂိုးတည်းသာပြန်ရခဲ့ပါတယ်။အဲ့နောက်မှာလည်း မန်စီးတီးတို့ အကောင်းဆုံးပုံစံနဲ့ ပွဲကို ထိန်းချုပ်ကစားပြီး ၆၈မိနစ်မှာ ဂျီးဆပ်စ်က အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဂျီးဆပ်စ်ရဲ့ သွင်းဂိုးကို ထပ်မံခွင့်ပြုလိုက်ရတဲ့အချိန်မှာတော့ ရီးရဲမက်ဒရစ်တို့ လုံး၀နလန်မထူတော့ပါဘူး။ဒါ့ကြောင့်ပွဲအပြီးမှာ နှစ်ကျော့ပေါင်း ၄-၂ရလဒ်နဲ့ ခက်ခဲတဲ့ပြိုင်ဘက်ကို ကျော်ဖြတ်ပြီး ဂွာဒီယိုလာရဲ့ မန်စီးတီး တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာစီးတီး အနေနဲ့ ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းနဲ့ကစားရမှာ ဖြစ်လို့ ပွဲချောင်နေခဲ့ပေမယ့် အကယ်၍ကွာတားဖိုင်နယ်အဆင့်ကို ကျော်လွန်နိုင်ခဲ့ရင် ပွဲကြပ်တွေကစားရတော့မှာဖြစ်ပါတယ်။ ၈နှစ်အတွင်းပထမဆုံးအကြိမ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရတဲ့ ရီးရဲမက်ဒရစ်ကတော့ စောစောစီးစီးအနားရသွားခဲ့ပါပြီ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်