နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြောင်းအရွှေ့ကာလမှာ ခြေငြိမ်နေတဲ့ လာလီဂါ

လက်ရှိကာလဟာ ဥရောပအမှတ်ပေးပြိုင်ပွဲတွေ အနားပေးထားတဲ့ ကာလဖြစ်လို့ အသင်းတော်တော်များများဟာ လာမယ့် ရာသီသစ်အတွက် ကစားသမား ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်ဖို့ စီစဥ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အခုလောလောဆယ် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ကစားနေပေမယ့် ဥရောပထိပ်သီးကလပ်တွေဟာ တစ်ဖက်မှာလည်း ရာသီသစ်အတွက် ခြေလှမ်းတွေပြင်နေခဲ့ပါပြီ။ ရာသီကြို အပြောင်းအရွှေ့ကာလဟာ အသင်းကြီးတွေ တော်တော်များများရဲ့ ငွေကြေးသုံးစွဲတဲ့ ကာလဖြစ်လို့ စိတ်၀င်စားဖို့ကောင်းတတ်ပါတယ်။ လက်တေလာ ပရီးမီယားလိဂ် နဲ့ စီးရီးအေကလပ်တွေ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်မလာသေးတဲ့ စပိန်လာလီဂါကလပ် တော်တော်များများဟာလည်း ကစားသမား‌ ခေါ်ယူမှုတွေ စတင်လာခဲ့ပါတယ်။

အဲ့ထဲမှာမှ ပီအက်စ်ဂျီနဲ့ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအန်မေရီ ကိုင်တွယ်မယ့် ဗီလာရီးရဲအသင်းကတော့ ခြေလှမ်းသွက်နေပြီး ရီးရဲမက်ဒရစ်အသင်းရဲ့ လူငယ်ကြယ်ပွင့် အာရှသားလေး ကူဘို ကို တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ဂျပန်မက်ဆီလို့ ခေါ်နေကြတဲ့ ကူဘိုအတွက် ပေါင် ၃သန်းပေးချေရမှာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ကွင်းလယ်ပိုင်းကို ဖြည့်တင်းတဲ့အနေနဲ့ အာဆင်နယ်နဲ့ ဗလင်စီယာကစားသမားဟောင်း ကိုကီလင်ကို ၄နှစ်စာချူပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ပြင်သစ်သားဟာ ဗလင်စီယာမှာ ၈၉ပွဲကစားပေးထားပြီး ဆုဖလားအောင်မြင်မှုအနေနဲ့ စပိန်ကိုပါဒယ်ရေးဖလားရရှိထားပါတယ်။

ဆက်လက်ပြီး လာလီဂါချန်ပီယံ ရီးရဲမက်ဒရစ်အသင်းနဲ့ ပတ်သတ်တဲ့ အပြောင်းအရွှေ့သတင်းတွေမှာ တော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက အသင်းပြောင်းမယ်လို့ သတင်းတွေထွက်နေတဲ့ ဂါရက်ဘေးလ်ဟာ အသင်းမှာပဲ ဆက်ရှိနေဦးမယ်လို့သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘေးလ်ဟာ နည်းပြ ဇီဒန်းနဲ့ ဆက်ဆံရေးအဆင်သိပ်မပြေဘူးလို့ သိရပေမယ့် လာမယ့်ရာသီလည်း ဘာနေဗျူးမှာပဲ ဆက်ရှိနေဖို့များနေပါတယ်။ အသင်းကနေ ခြေစွမ်းပိုင်းအားမရလို့ တစ်ရာသီအငှားနဲ့ အာဆင်နယ်အသင်းဆီ စေလွှတ်ထားတဲ့ ကွင်းလယ်ကစားသမား ဆယ်ဘာလော့စ်ကို အသင်းမပြောင်းဖို့ လာလီဂါထိပ်သီးအသင်းဘက်က ထိန်းသိမ်းချင်နေတယ်လို့သိရပါတယ်။  အသက် ၂၄ နှစ်အရွယ် စပိန်ကွင်းလယ်ဖန်တီးရှင် ကတော့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြပြီး အာဆင်နယ်အတွက် အက်ဖ်အေဖလားရယူပေးနိုင်ခဲ့လို့ လန်ဒန်ကလပ်နည်းပြ အာတေးတား ရဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုလိုနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် နည်းပြ ဇီဒန်းအနေနဲ့ အသင်းရဲ့ လက်ရှိလူစာရင်းအပေါ် အားမရဖြစ်နေပေမယ့် ကစားသမားသစ်ခေါ်ယူဖို့ထက် အငှားချထားတဲ့ လူငယ်ကြယ်ပွင့်တွေကို နေရာပေးချင်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲဆိုစီဒက်ဆီကို အငှားချထားတဲ့ အသက် ၂၀ အရွယ် အိုဒီဂတ်ကိုလည်း ပြန်လည်ခေါ်ယူထားပါတယ်။

ကတ်တာလန်ကလပ် ဘာစီလိုနာကတော့ ကစားသမားသစ် ခေါ်ယူမယ့် အခြေအနေကို မမြင်တွ့ရသေးပေမယ့် လက်ရှိကစားသမားတွေကိုတော့ လက်လွှတ်ရနိုင်ချေ ရှိနေပါတယ်။ ကွင်းလယ်ကစား ရာကီတစ်ကို ဆီဗီလာအသင်းဆီ လက်လွှတ်ရဖို့ များနေပြီး အာဆင်နယ်အသင်းကလည်း အစောပိုင်းက ခေါ်ယူဖို့ သတင်းတွေ ကြီးခဲ့ပါသေးတယ်။ ရာကီတစ်ဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာကီတစ်ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၃၃၂ ပွဲကစားပေးထားပြီး အောင်မြင်မှုတော်တော်များများရရှိထားတဲ့ ကစားသမားဖြစ်ပါတယ်။ အဲ့နောက်မှာ တိုက်စစ်က အော့စမိန်း ဒမ်ဘီလီကိုတော့ မန်ချက်စတာယူနိုက်တက်ဘက် ပစ်မှတ်ထားလာတယ်လို့သိရပါတယ်။ ယူနိုက်တက်ဟာ ဒေ့ါမန်က ဂျေဒန်ဆန်ချို ကို ခေါ်ယူဖို့အသည်းအသန်ကြိုးပမ်းနေပေမယ့် အခြေအနေမကောင်းတာကြောင့် အသက် ၂၄ နှစ်အရွယ်ပြင်သစ်သားကို ခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ ဒမ်ဘီလီကတော့ လာလီဂါမှာ ၈၃ပွဲကစားပြီး ၂၁ဂိုးသာသွင်းယူပေးထားနိုင်သလို ဒဏ်ရာပြသနာတွေနဲ့ ရုံးကန်နေရသူဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်