နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေဩဂုတ်လ၁၄ရက်နေ့ပွဲပြီးသုံးသပ်ချက်

အန်ဘီအေရဲ့ ပုံမှန်ရာသီဆီဒင်သတ်မှတ်ချက်ပွဲစဉ်တွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဩဂုတ်လ ၁၄ရက်နေ့ပွဲစဉ်တွေထဲကမှမှာတော့ဖီးနစ်ဆန်း၊မန်းဖစ်ဂရစ်ဇ်လီ၊ဆန်အန်တိုနီယိုစပါးစ်နဲ့ပို့တ်လန်းထရေးလ်ဘလေဇာတို့ကစားတဲ့ပွဲစဉ်တွေကိုပရိသတ်တော်တော်များများစောင့်ကြည့်ခဲ့ကြပါတယ်။မြောက်ပိုင်းကွန်းဖရင့်ကနေရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ရေးတစ်နေရာအတွက်အ‌ဆုံးအဖြတ်ပေးခဲ့တဲ့ပွဲတွေဖြစ်တာကြောင့်လည်းကြည့်ကောင်းခဲ့ပါတယ်။
 
ဆန်အန်တိုနီယိုစပါးစ် vs အူတာဂျက်ဇ်

ဆန်အန်တိုနီယိုစပါးစ်တို့၂၃နှစ်အတွင်းပထမအဆုံးအကြိမ်အဖြစ်အန်ဘီအေရှုံးထွက်အဆင့်နဲ့လွဲချော်သွားခဲ့ပါတယ်။နောက်ဆုံးပွဲစဉ်မှာအနိုင်ရရင်တောင်မှတစ်ဖက်ကမန်းဖစ်ဂရစ်ဇ်လီနဲ့ဖီးနစ်ဆန်းတို့ရဲ့ရလဒ်ပေါ်မူတည်နေလို့စပါးစ်တို့ရဲ့မျှော်လင့်ချက်အနည်းငယ်ပဲရှိခဲ့ပါတယ်။စပါးစ်တို့ကံဆိုးစွာနဲ့ပဲရှုံးထွက်အဆင့်အတွက်အဓိကပြိုင်ဘက်နှစ်သင်းဖြစ်တဲ့မန်းဖစ်ဂရစ်ဇ်လီရောဖီးနစ်ဆန်းရောအနိုင်ရသွားခဲ့တဲ့အပြင်အသင်းကလည်းအူတာဂျက်ဇ်ကို၁၁၈-၁၁၂နဲ့ရှုံးနိမ့်သွားပါတယ်။ပထမပိုင်းမှာစပါးစ်တို့အူတာဂျက်ဇ်ကို၂၄-၄၁နဲ့အပြတ်အသတ်အရေးနိမ့်ခဲ့ပါတယ်။ဒုတိယပိုင်း၊တတိယပိုင်းနဲ့စတုတ္ထပိုင်းတို့မှာစပါးစ်တို့ပြန်ပြီးအနိုင်ရခဲ့ပေမယ့်အမှတ်လိုက်မမှီခဲ့လို့ပွဲအပြီးမှာ၆မှတ်အကွာနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။အန်ဘီအေချန်ပီယံရှစ်ကို၂၂နှစ်ဆက်တိုက်တက်ရောက်နိုင်ခဲ့‌ပြီးချန်ပီယံရှစ်၅ကြိမ်ရရှိထားတဲ့စပါးစ်အတွက်အဆိုးရွားဆုံးရာသီတစ်ခုဖြစ်ခဲ့ပါတယ်။အနိုင်ရရှိခဲ့တဲ့အူတာဂျက်ဇ်ကတော့အဆင့်၆နေရာကနေရှုံးထွက်အဆင့်တက်ရောက်ထားခဲ့ပြီးတော့အဆင့်၃နေရာကဒန်ဗားနူးဂတ်စ်နဲ့လာမယ့်ဩဂုတ်လ၁၇ရက်နေ့မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
 
ဒဲလက်စ်မက်ဗရစ်ခ် vs ဖီးနစ်ဆန်း

အန်ဘီအေပြန်လည်စတင်ချိန်ကတည်းကဖီးနစ်ဆန်းတို့နိုင်ပွဲဆက်ခဲ့ပြီးတော့အန်ဘီအေသမိုင်းမှာပထမဆုံးအကြိမ်၈ပွဲနဲ့အထက်အနိုင်ရရှိတဲ့အသင်းဖြစ်လာပါတယ်။ဒါ‌‌ပေမယ့်လည်းဖီးနစ်ဆန်းတို့ကံတရားဖေးမမှုမရခဲ့လို့ရှုံးထွက်အဆင့်ကိုတက်ရောက်ရေးကပ်ပြီးလွဲချော်ခဲ့ရတာကြောင့်အသင်းပရိသတ်တွေကတော့အသဲကွဲခဲ့ရပါတယ်။ပွဲတိုင်းနီးပါးရမှတ်၁၁၀ထက်မနည်းပဲအနိုင်ရရှိခဲ့တဲ့ဖီးနစ်ဆန်းရဲ့အားထုတ်မှုနဲ့စွမ်းဆောင်ရည်ကိုတော့ချီးကျူးရမှာဖြစ်ပြီးပွဲတိုင်းနီးပါးလက်စွမ်းပြခဲ့တဲ့ဒီဗင်ဘွတ်ကာကိုလည်းအသိအမှတ်ပြုရမှာဖြစ်ပါတယ်။အခုပွဲမှာလည်းရှုံးထွက်အဆင့်ကိုတက်ရောက်ထားတဲ့ဒဲလက်စ်မက်ဗရစ်ခ်ကို၁၀၂-၁၂၈နဲ့အနိုင်ရပြီးနောက်တစ်ဆင့်တက်ရောက်‌ဖို့ဖီးနစ်ဆန်းတို့မျှော်လင့်ခဲ့ကြပေမယ့်ပို့တ်လန်းထရေးဘလေဇာနဲ့မန်းဖစ်ဂရစ်ဇ်လီတို့နိုင်ပွဲရခဲ့တာကြောင့်အန်ဘီအေရှုံးထွက်အဆင့်ကိုလက်ပြခဲ့ရပါတယ်။

အန်ဘီအေပြန်လည်စတင်ချိန်ကတည်းကဖီးနစ်ဆန်းတို့နိုင်ပွဲဆက်ခဲ့ပြီး
ရှုံးထွက်အဆင့်နဲ့ကပ်ပြီးလွဲချော်ခဲ့ရတဲ့ဖီးနစ်ဆန်း

မီဝေါ်ကီဘက်စ် vs မန်းဖစ်ဂရစ်ဇ်လီ

အန်ဘီအေ ပြန်စချိန်ကတည်းကဂရစ်ဇ်လီတို့ရှုံးပွဲတွေနဲ့လုံးပန်းခဲ့ရပြီးတော့အခုပွဲအပါအ၀င်၂ပွဲပဲနိုင်ခဲ့ပါတယ်။နောက်ဆုံး၃ပွဲမှာတိုရွန်တိုရက်ပ်တာ့စ်၊ဘော်စတွန်ဆဲလ်တစ်၊မီဝေါ်ကီဘက်စ်တို့နဲ့ကစားခဲ့ရတဲ့ဂရစ်ဇ်လီတို့နောက်တစ်ဆင့်အတွက်အရေးပါတဲ့ပွဲမှာအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တယ်လို့ပြောရမှာပါ။မီဝေါ်ကီဘက်စ်ကတော့အရှေ့ကွန်းဖရင့်ချန်ပီယံဖြစ်ထားပြီးရှုံးထွက်အဆင့်ကိုတက်ရောက်ပြီးသားဖြစ်လို့အဓိကကစားသမားအန်တက်တိုကွန်ပိုကိုအနားပေးထားခဲ့ပါတယ်။ရှုံးပွဲများနေလို့ရှုံးထွက်အဆင့်နဲ့လွဲချော်ရမယ့်အခြေအနေဖြစ်နေတဲ့ဂရစ်ဇ်လီတို့ဒီပွဲမှာတော့တော်တော်လေးအားစိုက်ကစားသွားခဲ့ပါတယ်။ဒုတိယပိုင်းနဲ့တတိယပိုင်းမှာရမှတ်တော်တော်များများရှာဖွေနိုင်ခဲ့လို့၁၁၉-၁၀၆နဲ့အနိုင်ရခဲ့ပြီးရှုံးထွက်အဆင့်တက်ရောက်ရေးအတွက်ပို့တ်လန်းထရေးလ်ဘလေဇာနဲ့အဆုံးအဖြတ်ကစားရတော့မှာဖြစ်ပါတယ်။
 
ပို့တ်လန်းထရေးလ်ဘလေဇာနဲ့ဘရွတ်ကလင်းနတ်စ်

ဘလေဇာကတော့အန်ဘီအေရှုံးထွက်တက်ရေးမျှော်လင့်နေတဲ့ဖီးနစ်ဆန်းကိုအသဲခွဲခဲ့တဲ့အသင်းဖြစ်ပါတယ်။ဘရွတ်ကလင်းနတ်စ်ကိုအသည်းအသန်ကစားခဲ့ရတဲ့ဘလေဇာတို့တတိယပိုင်းအပြီးမှာရမှတ်တော်တော်များများရှုံးနေခဲ့ပါတယ်။ဘလေဇာအတွက်ကယ်တင်ရှင်ကတော့အဓိကကစားသမားဒါမီယန်လစ်လဒ်ဖြစ်ပြီးတစ်ပွဲလုံးအတွက်စံချိန်တင်၄၂မှတ်ထိရှာဖွေပေးသွားခဲ့ပါတယ်။ပွဲအပြီးမှာ၁၃၄-၁၃၃နဲ့ကပ်ပြီးအနိုင်ရခဲ့တဲ့ပို့တ်လန်းထရေးလ်ဘလေဇာတို့ရှုံးထွက်အဆင့်တက်ရောက်ရေးအခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။ဘရွတ်ကလင်းနတ်စ်ကတော့လာမယ့်ဩဂုတ်လ၁၈ရက်နေ့မှာတိုရွန်တိုရက်ပ်တာ့စ်နဲ့ရှုံးထွက်ပွဲစဉ်ကစားရမှာဖြစ်ပါတယ်။ဘလေဇာကတော့မန်းဖစ်ဂရစ်ဇ်လီနဲ့အဆုံးအဖြတ်ကစားရမှာဖြစ်ပြီးအနိုင်ရခဲ့ရင်နောက်တစ်ဆင့်တက်မှာဖြစ်ပြီးရှုံးနိမ့်ခဲ့ရင်တော့နောက်ထပ်တစ်ပွဲကစားရမှာဖြစ်ပါတယ်။မန်းဖစ်ဂရစ်ဇ်လီအတွက်အခွင့်အရေးတစ်ကြိမ်သာရှိပေမယ့်ပို့တ်လန်းထရေးလ်ဘလေဇာအတွက်ကတော့အခွင့်အရေးနှစ်ကြိမ်ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်