နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် တကျော့ပြန်ခရီးအတွက် အရေးပါလာဦးမယ့် အ‌ဖြူရောင်တပ်သား ၅ဦး

လိဒ်စ်ယူနိုက်တက်အသင်းကတော့ ဘောလုံးသမိုင်းမှာ အထင်ကရရှိခဲ့သလို မြန်မာဘောလုံးပရိသတ်တွေ နဲ့လည်းမစိမ်းတဲ့ ပရီးမီးယားလိဂ်ကလပ် ဖြစ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က ဘဏ္ဍာရေးပြဿနာကြောင့် တန်းဆင်းသွားခဲ့ရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ၁၆နှစ်အကြာ အဝေးကိုထွက်သွားခဲ့ရပြီး အခုလာမယ့်ရာသီမှာတော့ ပရီးမီးယားလိဂ် ဆီ တကျောပြန်ခြေချလာခဲ့ပါတယ်။ ချန်ပီယံရှစ်အပါအ၀င်  အင်္ဂလန်အောက်တန်းလိဂ် တွေမှာ လုံးပါးပါးခဲ့ရတဲ့ လိဒ်စ်တို့  ၂၀၁၇မှာ စပိန် မီလျံနာ ရာဒီရာဇ်ဇဂါနီ ရဲ့ ၀ယ်ယူမှုအပြီး ဘောလုံးလောလမှာ ပြန်လည် ဦးမော့လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ‌ပြီးခဲ့တဲ့ ရာသီချန်ပီယံရှစ်မှာ ရမှတ် ၉၃မှတ်နဲ့ ချန်ပီယံရှစ်ဆုဖလားရရှိပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့ပါတယ်။

တစ်ချိန်က နာမည်ကျော်ကစားသမားတွေ ဖြစ်တဲ့ ရီယိုဖာဒီနန်၊ ကီးဝဲလ်၊ ဗီဒူကာ၊ ဂယ်ရီစပိဒ်၊ ဝုဒ်ဂိတ်၊ လီဘောင်ယာ၊ အလန်စမစ်တို့လို ကစားသမားပေါင်းများစွာနဲ့ ဘောလုံးပရိသတ်ရင်ကို လှုပ်ခတ်စေခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ဟာ လက်ရှိမှာလည်း ဝါရင့်  နည်း‌ပြကြီး ဘိုလ်ဆာရဲ့ ဦးဆောင်မှုနဲ့ ကစား‌သမားကောင်းတချို့ပိုင်ဆိုင်ထားပြန်ပါတယ်။ SBOTOP ပရိသတ်တွေထဲမှာ လိဒ်စ်ယူနိုက်တက်ကို တစ်ချိန်က အသဲစွဲချစ်ခဲ့သူတွေ ပါမယ်လို့ ထင်တာကြောင့် လက်ရှိပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ အတွက် အရေးပါခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ အမာခံ ဒေါင်းဖြူတပ်သား‌ ၅ဦး အကြောင်းကို ပြောပြပေးမယ်။

 

၁။ လုခ်အိုင်းလင်း (ခံစစ်)

အသက် ၂၈ နှစ် အရွယ် အင်္ဂလန်သား လုခ် အိုင်းလင်းကတော့  ၂၀၁၆ခုနှစ်က ဘရစ်စတိုးလ် စီးတီးကနေ ပြောင်းလာခဲ့သူဖြစ်ပါတယ်။ ပေါင် ၄.၅သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အိုင်းလင်းဟာ ဗဟိုခံစစ်နေရာနဲ့ ညာနောက်ခံ‌ နေရာတို့ မှာ အကောင်းဆုံးကစားပြနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ နည်းပြ ဘိုလ်ဆာ မကိုင်တွယ်ခင်က လိဒ်စ်ပရိသတ် နှစ်ဖက်ကွဲသွားလောက်အောင် လုပ်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ်ပိုပြီး ရင့်ကျက်လာတဲ့ အိုင်းလင်းဟာ လိဒ်စ် ရဲ့အဓိကကစားသမားဖြစ်လို့နေပါပြီ။ လိဒ်စ်အတွက် ၁၅၆ပွဲကစားပေးထားပြီး ၄ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၈ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့ နောက်ခံလူတစ်ဦးဖြစ်ပါတယ်။

 

၂။ ကယ်လ်ဗင်ဖီးလစ် (ကွင်းလယ်)

အသက် ၂၄ နှစ်သာရှိသေးတဲ့ အင်္ဂလန်သား ကယ်လ်ဗင် ဖီးလစ်ကတော့ နည်းပြဘိုင်လ်ဆာ ရဲ့ စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ အကောင်းဆုံး လူငယ်ကစားသမားလေး တစ်ဦး ဖြစ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကွင်းလယ်ဖန်တီးရှင် တစ်ဦး ဖြစ်လာတဲ့ ဖီးလစ် ကွင်းလယ် ခံစစ်နေရမှာလည်းအကောင်းဆုံးကစားနိုင်ပါတယ်။ ကြားဖြတ်ရယူမှုတွေ၊ ဖျက်ထုတ်မှုတွေနဲ့ တိကျတဲ့ပေးပို့မှုတွေက နည်းပြ ဘိုလ်ဆာလက်အောက်မှာ နှစ်ပိုင်းအတွင်း သိသိသာသာတိုးတက်လာခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကြီးကလည်း စောင့်ကြည့်နေခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက် ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းနိုင်ဖို့ စွမ်းဆောင်ပေးခဲ့တဲ့ အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အင်္ဂလန်ရဲ့ နံပါတ် (၁)လိဂ်မှာရော ခြေစွမ်းပြနိုင်ဦးမှာလားဆိုတာ စောင့်ကြည့်ရဖို့ရှိနေပါတယ်။

 

၃။ ပါဘလိုဟာနန်ဒက်စ် (ကွင်းလယ်)

အသက် ၃၅ နှစ်အရွယ် စပိန်ကစားသမားကြီး ပါဘလိုဟာနန်ဒက်စ်ကတော့ လိဒ်စ်ယူနိုက်တက်ကို ၂၀၁၆ခုနှစ် တည်းကရောက်ရှိလာခဲ့ပြီး အရေးအပါဆုံး ကစားသမားလို့ပြောရမှာပါ။ လိဒ်စ်အတွက် အရေးပါဆုံး သွင်းဂိုးတွေရဲ့ ဖန်တီးရှင် ဖြစ်ပြီး ပရီးမီးယားလိဂ်ကို တကျော့ပြန်တက်ရောက်လာနိုင်ဖို့ အရေးပါဆုံး သွင်းဂိုးကိုသွင်ပေးခဲ့သူပါ။ ပါဘလိုဟာနန်ဒက်စ်ဟာ လိဒ်စ်အတွက် ၁၄၁ပွဲကစားပြီး ၃၃ဂိုးသွင်း ပေးထားပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံရှစ်မှာ လိဒ်စ်တို့ တစ်ပွဲပျမ်းမျှ ၂.၁၈မှတ်လောက် ရရှိအောင် စီနီယာကစားသမားဖြစ်တဲ့ ကွင်းလယ်ဗိုလ်ချုပ် ဟာနန်ဒက်စ် က စွမ်းဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

၄။ မားတီးယဇ် ကလစ်ခ်ျ (ခံစစ်)

အသက် ၃၀အရွယ်ပိုလန်သား မားတီးယဇ် ကလစ်ခ်ျ ဟာ အငှားကနေ လိဒ်စ်ယူနိုက်တက်ကို ပြန်ရောက်ချိန် နှစ်ရာသီလုံး ပွဲတိုင်းမှာ ပါ၀င်ကစားထား ခဲ့တဲ့သူဖြစ်ပါတယ်။ ၉၇ပွဲကစားပြီး ၁၇ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကလစ်ခ်ျဟာ ၁၄ကြိမ်အထိ ဂိုးဖန်တီးပေးထားပါတယ်။ ကွင်းလယ်တိုက်စစ်နေရာနဲ့ ကွင်းလယ်ခံစစ်နေရာတို့ အတွက် လိဒ်စ်တို့ရဲ့ အမာခံကစားသမား ကလစ်ခ်ျဟာလည်း လာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် စောင့်ကြည့်ရမယ့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

 

၅။ လီယမ်ကူပါး

လိဒ်စ်ယူနိုက်တက်ခံစစ်အတွက် မရှိမဖြစ်တဲ့ ခံစစ်မှူးတစ်ဦးဖြစ်ပါတယ်။ လိဒ်စ်အတွက် ၆နှစ်တာကာလအတွင်း ၁၉၉ပွဲကစားပြီး ၈ဂိုးသွင်းယူထားတဲ့ ကစားသမားကြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန်ကနေ အငှားနဲ့ လာရောက်ကစားတဲ့ ဘန်ဝှိုက်ဟာ လိဒ်စ်ခံစစ်ကြောင်း အတွက် ခြေစွမ်းပြခဲ့တယ်ဆိုပေမယ့် လီယန်ကူပါးရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့ပါတယ်။ တိုက်စစ်က ၇၇ဂိုးသွင်းယူ နိုင်ခဲ့ပြီး ခံစစ်က ၃၅ဂိုးပဲ ပြန်ပေးခဲ့ရတာကြောင့်  ချန်ပီယံရှစ် ချန်ပီယံ လိဒ်စ်ယူနိုက်တက်ရဲ့ ခံစစ်မှုးတွေ ဘယ်လောက်ထိ အရေးပါခဲ့သလဲဆိုတာရဲ့ သက်သေတစ်ခု လည်းဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်