နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဘီအေသမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းများ

၁၉၄၆ခုနှစ်မှာအမေရိကန်နိုင်ငံနယူးယောက်မြို့ကစတင်ခဲ့တဲ့အန်ဘီအေဘတ်စကတ်ဘောပြိုင်ပွဲဟာအခုတစ်ကြိမ်ကျင်းပတာနဲ့ဆိုရင်၇၄နှစ်ပြည့်ခဲ့ပါပြီ။ကမ္ဘာပေါ်ကလူကြိုက်အများဆုံးအားကစားနည်းတွေထဲမှာတစ်ခု အပါအဝင်ဖြစ်တဲ့ဘတ်စကတ်ဘောအားကစားနည်းရဲ့အန်ဘီအေပြိုင်ပွဲကတော့ပရိသတ်ကြည့်ရှုမှုအများဆုံးလို့ပြောရမှာပါ။အန်ဘီအေပြိုင်ပွဲတွေဟာအင်အားသုံးပြီးကစားရတာဖြစ်လို့ပွဲတိုင်းလိုလိုဟာပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။ကစားသမားတွေကိုလည်းမက်လောက်စရာလုပ်ခလစာတွေ‌ပေးထားတာကြောင့်အန်ဘီအေကလပ်တွေဟာကမ္ဘာပေါ်ကအချမ်းသာဆုံးအားကစားကလပ်တွေလို့ပြောနိုင်ပါတယ်။ဒီလိုအန်ဘီအေအသင်းပေါင်း၃၀ထဲမှာမှဘယ်အသင်းတွေကအမြင့်ဆုံးအောင်မြင်မှုတွေရထားကြလဲဆိုတာနဲ့ပတ်သတ်လို့ SBOTOP ‌ဘတ်စ‌ကတ်ဘောပရိသတ်တွေအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
 
၁။အဲလ်အေလိတ်ကာစ် (အန်ဘီအေ‌ချန်ပီယံ၁၆ကြိမ်)

အန်ဘီအေဗိုလ်လုပွဲကို၃၁ကြိမ်ထိတက်ရောက်ပြီး၁၆ကြိမ်ချန်ပီယံဖြစ်ထားတဲ့အဲလ်အေလိတ်ကာစ်အသင်းကတော့သမိုင်းတစ်လျှောက်အအောင်မြင်ဆုံးအသင်းလို့ပြောလို့ရပါတယ်။၁၉၄၇ခုနှစ်ကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျလိစ်မြို့မှာစတင်တည်ထောင်တဲ့လိတ်ကာစ်တို့ဟာမြောက်ပိုင်းအစည်းအရုံးရဲ့ပစိဖိတ်ဒေသခွဲကနေ၀င်ရောက်ယှဉ်ပြိုင်ရပြီးဒေသခွဲချန်ပီယံ၂၃ကြိမ်နဲ့အစည်းအရုံးချန်ပီယံ၃၁ကြိမ်ဖြစ်ထားပါတယ်။၁၉၇၁-၇၂ခုနှစ်က၃၃ပွဲဆက် အနိုင်ရပြီး အန်ဘီအေသမိုင်းမှာပွဲဆက်အများဆုံးနိုင်ပွဲရခဲ့တဲ့မှတ်တမ်းဆိုက်ထူနိုင်ခဲ့ပါတယ်။မှတ်တမ်းတင်ဂုဏ်ပြုခံရတဲ့ကစားသမား၂၆ဦးထိရှိခဲ့ပြီးအဲ့ထဲကမှလီဘရွန်ဂျိမ်းစ်၊ကိုဘီဘရိုင်ယန့်၊၀စ်လ်ချိန်ဘာလိန်၊ရှက်ကီလီအိုနီးလ်၊မက်ဂျစ်ဂျွန်ဆင်တို့ကတော့လူသိများကျော်ကြားခဲ့သူတွေဖြစ်ပါတယ်။လိတ်ကာစ်တို့ဟာအန်ဘီအေချန်ပီယံရှစ်ကို၁၉၄၉ခုနှစ်ကနေစလို့၁၉၅၀၊၁၉၅၂၊၁၉၅၃၊၁၉၅၄ခုနှစ်တွေမှာမင်နာပိုးလစ်လိတ်ကာစ်အမည်နဲ့ချန်ပီယံ၅ကြိမ်၊၁၉၇၂ကနေ၁၉၈၈အထိ၆ကြိမ်၊၂၀၀၀ခုနှစ်ကနေ၂၀၁၀ခုနှစ်အထိ၅ကြိမ်အဲလ်အေလိတ်ကာစ်အမည်နဲ့ချန်ပီယံဆုတွေရရှိထားခဲ့ပါတယ်။

အန်ဘီအေချန်ပီယံရှစ်ဆုဖလားအများဆုံးရတဲ့အသင်းကတော့ဘော်စတွန်ဆဲလ်တစ်ဖြစ်ပါတယ်။
၈နှစ်ဆက်တိုက်အန်‌ဘီအေချန်ပီယံဖြစ်ခဲ့တဲ့ဘော်စတွန်ဆဲလ်တစ်

၂။ဘော်စတွန်ဆဲလ်တစ် (အန်ဘီအေချန်ပီယံ၁၇ကြိမ်)

အန်ဘီအေသမိုင်းမှာအအောင်မြင်ဆုံးအသင်းကိုအဲလ်အေလိတ်ကာစ်လို့သတ်မှတ်ကြပေမယ့်အန်ဘီအေချန်ပီယံရှစ်ဆုဖလားအများဆုံးရတဲ့အသင်းကတော့ဘော်စတွန်ဆဲလ်တစ်ဖြစ်ပါတယ်။၁၉၄၆ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ဆဲလ်တစ်တို့ဟာမက်ဆာချူးဆက်ပြည်နယ်ဘော်စတွန်မြို့မှာအခြေစိုက်ပါတယ်။အရှေ့ပိုင်းအစည်းအရုံးအတ္တလန်တစ်ဒေသခွဲကနေ၀င်ရောက်ယှဉ်ပြိုင်တဲ့ဆဲလ်တစ်တို့ဟာအစည်းအရုံးချန်ပီယံ၂၁ကြိမ်၊ဒေသခွဲချန်ပီယံ၂၂ကြိမ်ဖြစ်ထားပါတယ်။အန်ဘီအေဗိုလ်လုပွဲမှာအဲလ်အေလိတ်ကာစ်နဲ့၁၂ကြိမ်အထိတွေ့ဆုံဖူးပြီးအစဉ်အလာပြိုင်ဘက်‌တွေလို့ပြောနိုင်ပါတယ်။၁၉၅၇ခုနှစ်မှာပထမဦးဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့ဆဲလ်တစ်တို့ရဲ့ရွှေရောင်ကာလကတော့၁၉၅၉ကနေ၁၉၆၆ခုနှစ်အထိဖြစ်ပြီး၈နှစ်ဆက်တိုက်အန်ဘီအေချန်ပီယံဆုရရှိခဲ့ပါတယ်။အဲ့ဒီနောက်၁၉၆၈နဲ့၁၉၆၉၊၁၉၇၄နဲ့၁၉၇၆၊၁၉၈၁၊၁၉၈၄၊၁၉၈၆တို့မှာချန်ပီယံဖြစ်ခဲ့ပြီးနောက်ဆုံးတစ်ကြိမ်ချန်ပီယံဖြစ်ခဲ့တာကတော့၂၀၀၈ခုနှစ်မှာဖြစ်ပါတယ်။
 
၃။ဂိုးလ်ဒင်းစတိတ်ဝါရီယားစ် (အန်ဘီအေချန်ပီယံ၆ကြိမ်)

ကယ်လီဖိုးနီးယားပြည်နယ်၊ဆန်ဖရန်ဆစ်စကိုမြို့မှာအခြေစိုက်တဲ့ဝါရီယားစ်‌တွေကတော့နာမည်၃ကြိမ်ထိပြောင်းလဲပြီးအန်ဘီအေမှာ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ပထမဦးဆုံး၁၉၄၆ကနေ၁၉၆၂ခုနှစ်အထိဖီလာဒယ်ဖီးယားဝါရီယားစ်အမည်နဲ့၀င်ရောက်ယှဉ်ပြိုင်ပြီး၁၉၄၇နဲ့၁၉၅၆ခုနှစ်တို့မှာချန်ပီယံ၂ကြိမ်ရရှိခဲ့ပါတယ်။ဆန်ဖရန်ဆစ်စကိုဝါရီယားစ်နာမည်နဲ့ကစားခဲ့တဲ့၁၉၅၆ကနေ၁၉၇၁ခုနှစ်အတွင်းမှာတော့အောင်မြင်မှုမရခဲ့ပါဘူး။၁၉၇၁ခုနှစ်မှာဂိုးလ်ဒင်းစတိတ်ဝါရီယားစ်နာမည်ကိုပြောင်းလဲလိုက်ပြီး၁၉၇၅ခုနှစ်မှာတော့ချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ပါတယ်။အဲ့နောက်ပိုင်းကစလို့ဝါရီယားစ်တို့အောင်မြင်မှုနဲ့နှစ်ပေါင်းများစွာဝေးကွာပြီး၂၀၁၅ခုနှစ်အရောက်မှာမှအန်ဘီအေချန်ပီယံဆုကိုတကျော့ပြန်ရရှိခဲ့ပါတယ်။၂၀၁၇နဲ့၂၀၁၈တို့မှာနှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်ထားခဲ့ပေမယ့်ဒီနှစ်မှာတော့ရှုံးထွက်အဆင့်ကိုတောင်မျှော်မှန်းနိုင်ခြင်းမရှိပါဘူး။ဝါရီယားစ်တို့ဟာမြောက်ပိုင်းအစည်းအရုံးချန်ပီယံ၁၁ကြိမ်၊ပစိဖိတ်ဒေသခွဲချန်ပီယံ၇ကြိမ်ဖြစ်ထားပါတယ်။
 
၄။ချီကာဂိုဘူးလ်စ် (အန်ဘီအေချန်ပီယံ ၆ကြိမ်)

မိုက်ကယ်ဂျော်ဒန်ကြောင့်ချီကာဂိုဘူးလ်စ်တို့အောင်မြင်ခဲ့တယ်ဆိုရင်မမှားပါဘူး။အရှေ့ပိုင်းအစည်းအရုံးရဲ့ဗဟိုဒေသခွဲကနေ၀င်ရောက်ယှဉ်ပြိုင်တဲ့ဘူးလ်စ်တို့ကို၁၉၆၆ခုနှစ်ရောက်မှချီကာဂိုပြည်နယ်အီလီနွိုက်စ်မြို့မှာစတင်တည်ထောင်ခဲ့တာပါ။ဘူးလ်စ်တို့အောင်မြင်မှုရဲ့အဓိကသော့ချက်ကတော့မိုက်ကယ်ဂျော်ဒန်ကြောင့်ပါ။သူပါ၀င်ကစားခဲ့တဲ့၁၉၉၁၊၁၉၉၂၊၁၉၉၃၊၁၉၉၆၊၁၉၉၇၊၁၉၉၈ခုနှစ်တွေမှာချန်ပီယံဆုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ထူးခြားချက်ကတော့ဗိုလ်လုပွဲတက်ခဲ့တဲ့၆ကြိမ်မှာ၆ကြိမ်စလုံးအနိုင်ရခဲ့ပြီးချန်ပီယံဆုရရှိခဲ့တာဖြစ်ပါတယ်။ဘူးလ်စ်တို့ဟာလည်းအ‌ရှေ့ပိုင်းအစည်းအရုံးချန်ပီယံ၁၆ကြိမ်ဗဟိုဒေသခွဲချန်ပီယံ၉ကြိမ်ဖြစ်ထားပေမယ့်အခုနှစ်မှာလည်းရှုံးထွက်အဆင့်ကိုမတက်ရောက်ထားခဲ့ပါဘူး။
 
၅။ဆန်အန်တိုနီယိုစပါးစ် (အန်ဘီအေချန်ပီယံ၅ကြိမ်)

စပါးစ်တို့ဟာတက်စ်ဆက်ပြည်နယ်ဆန်အန်တိုနီယိုမှာအခြေစိုက်ပြီး၁၉၆၇ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။မြောက်ပိုင်းအစည်းအရုံး၊အနောက်တောင်ဒေသခွဲကနေဝင်ရောက်ယှဉ်ပြိုင်တဲ့စပါးစ်တို့ဟာထူးထူးခြားခြားပဲဒေသခွဲချန်ပီယံဆုကို၂၂ကြိမ်ထိရယူထားနိုင်ပြီးအစည်းအရုံးချန်ပီယံဆုကိုတော့၆ကြိမ်ပဲရရှိထားပါတယ်။စပါးစ်တို့ကတော့အန်ဘီအေချန်ပီယံရှစ်ဆုကို၁၉၉၃၊၂၀၀၃၊၂၀၀၅၊၂၀၀၇၊၂၀၁၄ခုနှစ်တို့မှာရရှိခဲ့တာပါ။

ဒါကတော့အန်ဘီအေရဲ့အအောင်မြင်ဆုံးထိပ်ဆုံး၅သင်းဖြစ်ပြီးတခြားအသင်းတွေရဲ့အောင်မြင်မှုတွေကိုလည်းဆက်လက်ဖော်ပြပေးလိုက်ရပါတယ်။
 
၆။ဖီလာဒယ်ဖီးယား 76ers၊ဒက်ထရိုက်ပစ်စတန်စ်၊မီယာမီဟိထ်(အန်ဘီအေချန်ပီယံ၃ကြိမ်)

၇။နယူးယောက်နစ်ခ်၊ဟောက်စတန်ရော့တ်ကတ်၊အက်တလန်တာဟော့ခ်၊ဝါရှင်တန်၀စ်ဇတ်၊အိုကလာဟားမားစီးတီးသန်ဒါစ်၊ကလိဗ်လန်းကာဗယ်လီယာစ်၊ပိုထ့်လန်းထရေးလ်ဘလေဇာ၊မီဝေါကီဘက်စ်၊ဒဲလ်လက်စ်မက်ဗရစ်ခ်၊ဆီကရမ်မန်တိုကင်းန်စ်၊တိုရွန်တိုရက်ပ်တာ့စ်(အန်ဘီအေချန်ပီယံ၁ကြိမ်)
 
အန်ဘီအေချန်ပီယံဆုတစ်ကြိမ်မှမရဖူးတဲ့အသင်းများ

ဘရွန်ကလင်းနတ်စ်၊ချားလော့တ်ဟောနတ်စ်၊ဒန်ဗားနူးဂတ်စ်၊အဲလ်အေကလစ်ပါးစ်၊မန်းဖစ်ဂရစ်ဇ်လီ၊မင်နီဆိုးတာတင်းဘားဝုဗ်စ်၊နူယးအော်လင်းပယ်လီကန့်စ်၊ဖီးနစ်ဆန်းစ်၊အူတာဂျက်ဇ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘတ်စကတ်ဘော STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်

Leave a Comment

လိုက်ဖ်ချက်