နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၁၉-၂၀၂၀ ‌လာလီဂါရဲ့ အမှတ်တရ ဖြစ်ရပ် ၅ ခု

လာမယ့် စက်တာဘာလမှာ ကျင်းပမယ့် ဥရောပ အမှတ်ပေးဘောလုံးပြိုင်ပွဲတွေ ပြန်မစခင် SBOTOPရဲ့ ဘောလုံးပရိသတ်တွေကို  ပြီးခဲ့တဲ့ ရာသီ ‌စပိန်လာလီဂါရဲ့အမှတ်တရ အဖြစ်အပျက် ၅ခုကို ပြန်လည်ဝေမျှပေးချင်ပါတယ်။ ပြိုင်ပွဲတွေနဲ့ အဆက်ပြတ်နေတဲ့ ဘောလုံးပရိသတ်တွေအတွက် ပြန်နွှေးပေးတဲ့ သဘောလည်းဖြစ်အောင်  ပြန်လည်ဝေမျှပေးနေတာဖြစ်ပါတယ်။
 

၁။ အခြေခံကာကွယ်မှုလို့ပြောပေမယ့် လက်ဖျားခါရလောက်‌အောင် ကောင်းတဲ့ အိုဘလက်ခ်ရဲ့ စွမ်းဆောင်မှု

ဂျန်အိုဘလက်ခ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းမှာ သီဘောက် ကော့တွိုက်စ်အလွန် လက်စွမ်းတောက်လျောက်ပြနေတဲ့ ဂိုးသမားလို့ပြောရမှာ ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ကနေစလို့ လက်ရှိအချိန်ထိ ၂၇၂ပွဲ ကစားပြီး ဂိုးမပေးရတဲ့ ပွဲကတော့ ၁၀၇ပွဲထိရှိခဲ့လို့ ထိပ်တန်းဂိုးသမားတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီ စက်တင်ဘာလမှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၇ ဟာ မက်ဒရစ်ဒါဘီဖြစ်ခဲ့ပြီး အဲ့ဒီပွဲမှာ ဆလိုဗေးနီးယားဂိုးသမားရဲ့ လက်စွမ်း‌ကို သိသိသာသာမြင်တွေ့ခဲကြရပါတယ်။ တစ်ပွဲလုံး ပြိုင်ဘက်အသင်း ရီးရဲမက်ဒရစ်ရဲ့ အပိုင်ကန်သွင်းမှု ၆ကြိမ် စလုံးကို ကာကွယ်သွားခဲ့ပြီး ပွဲအပြီးမှာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ပွဲချိန် ၇၅မိနစ်မှာ ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာရဲ့ ခေါင်းတိုက်ချက်ကို အလှမ်းဝေးနေတဲ့ကြားက ဒိုင်ပင်ပစ်ပြီး အမိအရတားဆီးသွားတဲ့ အိုဘလက်ခ်ရဲ့ ကာကွယ်မှုကတော့ အမှတ်တရတွေထဲက တစ်ခုပဲဖြစ်ပါတယ်။
 

၂။ အမှတ်ပေးဇယား အဆင့် ၃နေရာကို ပထမဦးဆုံးအကြိမ် တက်ရောက်နိုင်ခဲ့တဲ့ ဂီတာဖေး

ဂီတာဖေးနဲ့ ဗလင်စီယာတို့ဟာ အခုနောက်ပိုင်းအချိန်တွေမှာ လာလီဂါမှာ ခြေစွမ်းပြန်လည်ကောင်းမွန်လာတဲ့ အသင်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက တွေ့ဆုံမှုမှာတော့ ဂီတာဖေးက အိမ်ကွင်း အဲလ်ဖွန်ဆို ပီးရက်ဇ်ကွင်းကြီးမှာ ၃ဂိုးပြတ်နဲ့ ဗလင်စီယာအသင်းကို အနိုင်ရခဲ့ပါတယ်။ အဲ့ဒီနိုင်ပွဲကြောင့်ပဲ ဂီတာဖေးတို့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လာလီဂါအဆင့် ၃နေရာထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဂီတာဖေးရဲ့ကလပ်သမိုင်းမှာ ပထမဦးဆုံးအကြိမ် အမြင့်ဆုံးအဆင့်မှာ ရပ်တည်ခဲ့တာဖြစ်ပေမယ့် နောက်ပွဲစဉ်မှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့လို့ ဂီတာဖေးတို့ရဲ့ ပျော်ရွှင်ချိန်တွေ တိုတောင်းခဲ့ပါတယ်။
 

၃။ ၄ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာကို တစ်ပွဲတည်း ၄ဂိုးသွင်းပြီး  ပေါက်ကွဲပြခဲ့တဲ့ မက်ဆီ

၂၀၀၄ခုနှစ်မှာ လာလီဂါထိပ်သီး ဘာစီလိုနာနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀စခဲ့တဲ့ မက်ဆီ
ဘာစီလိုနာအတွက် ၇၄၂ပွဲကစားပြီး ၆၄၂ဂိုးသွင်းယူပေးထားတဲ့ မက်ဆီ

ပြီးခဲ့တဲ့ဘောလုံးရာသီ ဖေဖော်ဝါရီလအစောပိုင်းပွဲစဉ်တွေမှာ ၄ပွဲဆက် ဂိုးပေါက်ပျောက်‌ နေခဲ့တဲ့ မက်ဆီ တစ်ယောက် အီဘာနဲ့ ကစားတဲ့ ပွဲမှာတော့ တစ်ဦးတည်း ၄ဂိုးသွင်းပြီး ပွဲအပြီး ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲဟာ လာလီဂါပွဲစဉ် ၂၅ အဖြစ်ကစားခဲ့တာဖြစ်ပြီး အဲ့အချိန်မှာ မက်ဆီရဲ့ သွင်းဂိုးဟာ ၁၉ဂိုးထိရှိ‌နေခဲ့ပါတယ်။ မက်ဆီဟာ ရာသီအကုန်မှာတော့ သွင်းဂိုး ၂၅ဂိုးနဲ့ ၂၀၁၉-၂၀၂၀ လာလီဂါရဲ့ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့ပါတယ်။
 

၄။ ဘာစီလိုနာရဲ့ လာလီဂါပလ္လင်ကို ကိုင်လှုပ်ခဲ့တဲ့ ဗင်နီဆီးယပ်စ်ရဲ့ သွင်းဂိုး

ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ ပြီးခဲ့တဲ့ရာသီက ၅ကြိမ်ထိတွေ့ဆုံခဲ့တာမှာ ဘာစီလိုနာက ၂ကြိမ်အနိုင်ရပြီး၊ ရီးရဲမက်ဒရစ်ကတစ်ကြိမ်အနိုင်ရခဲ့ပါတယ်။ ကျန်နှစ်ပွဲကတော့ သရေကျခဲ့ပါတယ်။ ဘာစီလိုနာအသင်း အနိုင်ရခဲ့တဲ့ အချိန်တွေဟာ လာလီဂါချန်ပီယံဆုအတွက် သိပ်ပြီးအ‌ရေးကြီးတဲ့ အချိန်မှာ မဟုတ်သေးပေမယ့်လည်း ရီးရဲမက်ဒရစ်တို့ရဲ့ နိုင်ပွဲကတော့ တော်တော်လေးအရေးပါခဲ့ပါတယ်။ လာလီဂါပွဲစဉ် ၂၆ကို ရောက်ရှိလာချိန်မှာ ဘာစီလိုနာတို့ ၂မှတ်အသာနဲ့ အမှတ်ပေးဇယားကို ‌ဦးဆောင်ထားခဲ့ပေမယ့် ပွဲအပြီးမှာ အဆင့် ၁နေရာကို ရီးရဲမက်ဒရစ်ဆီ လွှဲပြောင်းပေးလိုက်ရပါတယ်။ အဲ့ဒီပွဲစဉ်မှာ ဂိုးတစ်ဂိုးသွင်းပေးခဲ့တဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့်‌‌လေး ‌ဗင်နီဆီးယပ်စ်ဂျူနီယာရဲ့ သွင်းဂိုးဟာ တော်တော်လေးကို ပါးနပ်ပြီး ပညာသားပါခဲ့တယ်ပြောရမှာ ဖြစ်တာကြောင့် တစ်နှစ်တာရဲ့ အမှတ်တရအခိုက်အတန့် တစ်ခုအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။

 

၅။ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရတဲ့ မက်ဆီ နဲ့ ဘာစီလိုနာ

မက်ဆီကတော့ ဘာစီလိုနာမှာ ၇၄၂ပွဲကစားပြီး ၆၄၂ဂိုးသွင်းယူထားတာကြောင့် ဘာစီလိုနာရဲ့ ထာ၀ရစံချိန်ရှင်ဖြစ်သလို နောက်ထပ် ပေါ်ထွက်လာဖို့ မလွယ်ကူတော့တဲ့ အသင်းရဲ့  ဂန္နဝင်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၀၄ခုနှစ်မှာ လာလီဂါထိပ်သီး ဘာစီလိုနာနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀စခဲ့တဲ့ မက်ဆီကို   အနားယူမယ့်အချိန်ကိုလည်း ကတ်တာလန်မြေမှာပဲ ဖြစ်စေချင်တဲ့သူတွေ များပါတယ်။ အသင်းတစ်သင်းထဲမှာ ကိုယ့်ရဲ့ကစားသမားသက်တမ်းတစ်ခုလုံး‌ ပေးဆပ်ပြီးကစားနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်သလို ကစားနိုင်ခဲ့တဲ့သူတွေဟာလည်း လက်ချိုးရေတွက်လို့ရပါတယ်။ ဘာစီလိုနာနဲ့ မက်ဆီကို တွဲလျက်မြင်တတ်ကြတဲ့ ပရိသတ်တွေကတော့ အခုလက်ရှိထွက်‌ပေါ်နေတဲ့ သတင်းတွေကြောင့် စိတ်‌မကောင်းဖြစ်နေကြပါတယ်။ မက်ဆီအနေနဲ့ ၁၆နှစ်ကြာကစားလာခဲ့တဲ့ ကတ်တာလန်ကလပ်ကို စွန့်ခွာတော့မယ်လို့ တရား၀င်ပြောကြားထားသလို အပြောင်းအရွှေ့နဲ့ပတ်သတ်လို့သတင်းတွေ တိတိကျကျရရှိထားတာကြောင့် မက်ဆီအသင်းပြောင်းဖို့ ဖြစ်လာပါပြီ။ ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ မက်ဆီနဲ့ ဘာစီလိုနာအတွက် ခက်ခဲကြမ်းတမ်းခဲ့ပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အခြေအနေထိရောက်ခဲ့တယ်လို့ပြောရမှာပါ။ ပါ၀င်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတွေ အားလုံးမှာ ဆုဖလားရနိုင်ချေရှိခဲ့‌ပေမယ့် ရာသီအကုန်မှာ ဖလားလက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ရာသီအစလောက်မှာ နည်းပြဗယ်ဗာဒီကို အသင်းရဲ့ အနာဂတ်နဲ့ မကိုက်ညီလို့ဆိုပြီး ထုတ်ပယ်ခဲ့တာကနေ စလို့ မက်ဆီနဲ့ ဘာစီလိုနာကြားမှာ အဖုအထစ်တွေရှိခဲ့ပါတယ်။ ထုတ်ပယ်ခံရတဲ့ နည်းပြ ဗယ်ဗာဒီရဲ့နေရာမှာတော့  ဝါရင့်နည်းပြကွိုက်ကီ ဆက်တီယန်နဲ့ အစားထိုးခဲ့ပြီး အသင်းကိုပုံမှန် အခြေအနေ ပြန်ရအောင်စီစဉ်ခဲ့ပေမယ့် မက်ဆီအပါအ၀င် ကစားသမားတော်တော်များများရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ နိုင်ပွဲဆာလောင်စိတ် ပျောက်ဆုံးနေခဲ့ပါတယ်။ အဲ့နောက် လာလီဂါချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်တွေမှာ ရမှတ်ဆုံးရှုံးခဲ့သလို ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပိုင်းအရ ဘာစီလိုနာဆိုတဲ့ အသင်းတစ်သင်းနဲ့ လုံး၀မတူအောင်ကွာခြားပြီး အားရစရာမရှိတာကြောင့် ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရပါတော့တယ်။ ဒါ့အပြင် မက်ဆီကိုပါ လက်လွှတ်ဆုံးရှုံးရဖို့ ရှိလာလို့ နည်းပြသစ်ရော်နယ်ကိုးမန်းနဲ့ ဘာစီလိုနာရဲ့ အနာဂတ်ကတော့ ရဲရဲရေးရင်တောင် ရေးရေးသာထင်ဦးမယ့် အခြေအနေ ဖြစ်နေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်