နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူအီးအက်ဖ်အေစူပါဖလားထပ်ရပြီး ဥရောပဘောလုံးပုလ္လင်အထက်မှာ ဆက်ပြီး မင်းမူခဲ့ပြန်တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်၂-၁ဆီဗီလာ

ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ယူအီးအက်ဖ်အေစူပါဖလားပြိုင်ပွဲမှာတော့ဘေယန်မြူးနစ်ကဆီဗီလာကိုအချိန်ပိုသွင်းဂိုးနဲ့ကပ်ပြီးအနိုင်ရသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့  ရည်ရွယ်ထားတဲ့အတိုင်းယူအီးအက်ဖ်အေစူပါဖလား အပါအဝင်တစ်ရာသီတည်းဖလား၄လုံးချန်ပီယံဆိုတဲ့မှတ်တမ်းကိုလည်းစိုက်ထူနိုင်ခဲ့ပါတယ်။
 

ပွဲမှတ်တမ်း နဲ့ အချက်အလက်များ

လက်ရှိဥရောပရဲ့အကောင်းဆုံးအသင်းအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ဘေယန်မြူးနစ်အနေနဲ့နည်းပြဟန်ဆီဖလစ်ခ်ရဲ့ဦးဆောင်မှုအောက်မှာအကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသနေဆဲဖြစ်ဆိုတာကိုမြင်တွေ့ခဲ့ရပါတယ်။ဘေယန်တို့ပြီးခဲ့တဲ့ရာသီကပွဲအများစုမှာအသုံးပြုခဲ့တဲ့လူစာရင်းကိုအပြောင်းအလဲသိပ်မလုပ်ပဲပွဲထွက်လာခဲ့ပြီးနောက်တန်းကအယ်ဖွန်ဆိုဒေးဗီးစ်နေရာမှာလူးကပ်စ်ဟာနန်ဒက်စ်နဲ့ဒီရာသီမှာအသစ်ခေါ်ယူထားတဲ့တောင်ပံမှာလီရွိုင်းဆာနေးအသုံးပြုခဲ့ပါတယ်။ဆီဗီလာမှာတော့ပြီးခဲ့တဲ့ယူရိုပါလိဂ်မှာခြေစွမ်းပြခဲ့တဲ့ရက်ဂီလွန်နဲ့ဘာနေဂါတို့နေရာမှာရာကီတစ်နဲ့အက်စ်ကူဒီရိုကိုအသုံးပြုလာခဲ့ပါတယ်။ဘေယန်မြူးနစ်အနေနဲ့ထုံးစံအတိုင်းကွင်းလယ်ပိုင်းအသာစီးရယူကစားဖို့၄-၂-၃-၁ကစားကွက်နဲ့ပွဲထွက်လာခဲ့ပါတယ်။ဆီဗီလာနည်းပြလိုပက်တက်ဂွီကတော့သူ့ရဲ့စိတ်ကြိုက်၄-၃-၃ကစားကွက်နဲ့ပွဲထွက်လာပြီးဘေယန်မြူးနစ်ကိုအပြန်အလှန်ကစားဖို့ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ပွဲစတင်ချိန်ကတည်းကတစ်ဖက်နဲ့တစ်ဖက်အပြန်လှန်ထိုးဖောက်ခဲ့ပြီးဘေယန်မြူးနစ်အသင်းကဂိုးပေါက်ခြိမ်းခြောက်မှုအကြိမ်၂၅အထိလုပ်နိုင်ခဲ့ပေမယ့်ဂိုးပေါက်တည့်မှုက၇ကြိမ်အထိပဲရှိခဲ့ပါတယ်။တိုက်စစ်ကလီဝန်ဒေါစကီးကိုယ်တိုင်ဂိုးပေါက်ပျောက်နေခဲ့ပြီးတောင်ပံနှစ်ဖက်ကဆာနေးနဲ့ဂါနာဘရီတို့ရဲ့လုပ်အားနှုန်းသိပ်မထွက်တာကြောင့်အခွင့်အရေးတွေကိုအမိအရအသုံးချနိုင်ခြင်းမရှိတာတွေ့ရပါတယ်။ပွဲကစားချိန်၁၃မိနစ်မှာဘေယန်နောက်ခံလူအလာဘာကပင်နယ်တီဧရိယာထဲမှာလုခ်ဒီယောင်ကိုတားဆီးတာကြမ်းတမ်းခဲ့လို့ဗီအေအာတောင်ပြန်မကြည့်ပဲပင်နယ်တီပေးခဲ့ပါတယ်။ပင်နယ်တီကိုတော့တောင်ပံကခြေစွမ်းတောက်လျှောက်ပြနေတဲ့လူးကပ်စ်အိုကမ်ပို့စ်ကအသာအယာသွင်းယူပြီးဆီဗီလာတို့ဦးဆောင်ဂိုးရခဲ့ပါတယ်။

 
ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက်မှာဆီဗီလာနောက်တန်းကိုတရစပ်ဖိအားပေးတိုက်စစ်ဆင်နေတဲ့ဘေယန်မြူးနစ်တို့ချေပဂိုးရသွားခဲ့ပါတယ်။ဒီဂိုးကိုတော့လီဝန်ဒေါစကီးနောက်ပြန်ချပေးတဲ့ဘောလုံးကိုကွင်းလယ်လူဂိုရက်ဇ်ကာကနှစ်ဖက်ကစားသမားတွေရှုပ်ရှက်ခက်နေတဲ့ကြားကတိုက်ရိုက်ကန်သွင်းပြီးချေပဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။အဲ့နောက်မှာတော့မာကျောလှတဲ့ဆီဗီလာခံစစ်ကိုဘေယန်မြူးနစ်တို့မကျော်ဖြတ်နိုင်ခဲ့သလိုတစ်ဖက်ကဂိုးသမားနူအာကလည်းဆီဗီလာတို့အတွက်ဂိုးရဖို့သေချာနေတဲ့အပိုင်အခွင့်အရေးတွေကိုတားဆီနိုင်ခဲ့ပါတယ်။နူအာအနေနဲ့ဆီဗီလာတိုက်စစ်ကယူဆက်ဖ်အန်နီဆီရီရဲ့အပိုင်ကန်သွင်းချက်နှစ်ကြိမ်စလုံးကိုကာကွယ်သွားနိုင်ခဲ့လို့ဂျာမန်ဘီလူးတို့ကံကောင်းသွားခဲ့တယ်လို့ပြောရမှာပါ။မိနစ်၉၀ပြည့်တဲ့အချိန်ထိဂိုးထပ်မသွင်းနိုင်ခဲ့လို့အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။အဲ့နောက်လူစားဝင်ရောက်လာခဲ့တဲ့ဂျာဗီမာတီးနက်ဇ်ကဆီဗီလာဂိုးသမားဘိုနိုပုတ်ထုတ်ကာကွယ်ခဲ့တဲ့ဘောလုံးကိုအမိအရခေါင်းတိုက်ပြီးအနိုင်ဂိုးသွင်းယူသွားခဲ့လို့ဆီဗီလာတို့အသဲကွဲခဲ့ရပါတယ်။ဂိုးသွင်းယူခဲ့တဲ့မာတီးနက်ဇ်ကတော့၂၀၁၃ခုနှစ်ယူအီးအက်ဖ်အေစူပါဖလားဗိုလ်လုပွဲမှာတုန်းကလည်းချဲလ်ဆီးဘက်ကိုအခုလိုပဲအချိန်ပိုရောက်မှအနိုင်ဂိုးသွင်းယူပြီးအသဲခွဲခဲ့သူဖြစ်ပါတယ်။ဘေယန်မြူးနစ်တို့အခုယူအီးအက်ဖ်အေစူပါဖလားထပ်ရခဲ့တာကြောင့်ဘွန်ဒက်စ်လီဂါ၊ပိုကယ်၊ချန်ပီယံလိဂ်တို့အပါအဝင်တစ်ရာသီတည်းဆုဖလား၄လုံးချန်ပီယံဖြစ်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲရဲ့အခြေအနေတွေကိုပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုရင်ဘေယန်မြူးနစ်တို့ဆက်တိုက်အနိုင်ရခဲ့တဲ့ပွဲတွေအားလုံးထဲမှာခြေစွမ်းအညံ့ဆုံးလို့တောင်ပြောလို့ရပါတယ်။ဒီပွဲမတိုင်ခင်ရှော်ကီကို၈ဂိုးပြတ်အနိုင်ယူထားလို့ဘေယန်တို့ခြေစွမ်းသိပ်ပြီးမကျသေးဘူးလို့ထင်ခဲ့မိပေမယ့်ဆီဗီလာလိုနည်းစနစ်ကောင်းတဲ့အသင်းနဲ့ရင်ဆိုင်ရတဲ့အခါမှာမနှစ်ကလိုခြေစွမ်းမျိုးမမြင်တွေ့ရတော့ပါဘူး။နည်းပြဟန်ဆီဖလစ်ခ်ကတော့အသင်းသားတွေရဲ့အနိုင်ရလိုစိတ်ကိုချီးကျူးခဲ့ပေမယ့်ဘေယန်မြူးနစ်တို့ပြည်တွင်းရောပြည်ပမှာပါအရှုံးနဲ့မကြုံတွေ့ရအောင်ထိန်းကျောင်းပေးနေတဲ့သူကအဓိကကျလွန်းနေတယ်လို့မြင်မိပါတယ်။ဖလစ်ခ်အနေနဲ့သူ့ရဲ့အကွက်ကြိုမြင်မှု၊နည်းစနစ်ပိုင်နိုင်မှု၊မှန်ကန်တိကျတဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ကစားသမားတစ်ဦးချင်းစီတိုင်းကိုနားလည်တဲ့စွမ်းရည်တွေကဘေယန်မြူးနစ်ကိုဥရောပပုလ္လင်ထက်မှာပြန်လည်မင်းမူနိုင်ဖို့လမ်းပြပေးနေခဲ့တာလည်းဖြစ်ပါတယ်။

ယူအီးအက်ဖ်အေစူပါဖလားကတော့ဆီဗီလာအတွက်ကံမပါတဲ့ဖလားလို့တောင်ပြောလို့ရပါတယ်။
စူပါဖလားကစားခဲ့တဲ့ ၆ ကြိမ်မှာ ၁ကြိမ်သာချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဆီဗီလာ

ဆီဗီလာကတော့အခုပြိုင်ပွဲကို၆ကြိမ်မြောက်ကစားခွင့်ရခဲ့တာဖြစ်ပြီး၅ကြိမ်ကဒုတိယသာကျေနပ်ခဲ့ရလို့ယူအီးအက်ဖ်အေစူပါဖလားကတော့ဆီဗီလာအတွက်ကံမပါတဲ့ဖလားလို့တောင်ပြောလို့ရပါတယ်။လိုပက်တက်ဂွီရဲ့နည်းစနစ်ပိုင်းကအမှားအယွင်းမရှိခဲ့သလိုကစားသမားတွေကိုယ်တိုင်လည်းအမှားအယွင်းနည်းနည်းနဲ့ကစားနိုင်ခဲ့ပါတယ်။ဒါပေမယ့်မထင်မှတ်တဲ့အနေအထားကနေမထင်မှတ်တဲ့ကစားသမားရဲ့အနိုင်ဂိုးကိုခွင့်ပြုခဲ့ရလို့နောက်ထပ်တစ်ကြိမ်ငွေတံဆိပ်ဆုနဲ့အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။ထူးထူးခြားခြားစပိန်စူပါဖလားမှာလည်း၅ကြိမ်အထိဗိုလ်လုပွဲကစားခဲ့ရပေမယ့်ချန်ပီယံတစ်ကြိမ်ပဲဖြစ်ခဲ့ပြီးအခုယူအီးအက်ဖ်အေစူပါဖလားမှာလည်းဒုတိယ၅ကြိမ်ရခဲ့တဲ့အထိစူပါဖလားနာမည်နဲ့ပြိုင်ပွဲတွေဆိုကံကောင်းလေ့မရှိတဲ့အသင်းတစ်သင်းဖြစ်လာပါတယ်။
 

လာမယ့်ပွဲစဉ်မျာ

အခုနှစ်ဥရောပရဲ့အဓိကဆုဖလားနှစ်လုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးလာမယ့်ဒီဇင်ဘာလမှာဖီဖာကမ္ဘာ့ကလပ်ချန်ပီယံများဖလားဟာဘေယန်မြူးနစ်တို့အတွက်အနီးဆုံးနောက်ထပ်ဆုဖလားတစ်လုံးရယူနိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်။ဒါပေမယ့်လာမယ့်ကာလအတွင်းမှာတော့ဘွန်ဒက်စ်လီဂါမှာ၉နှစ်ဆက်ချန်ပီယံဖြစ်ရေးအတွက်အာရုံစိုက်ရမယ့်ပွဲစဉ်တွေရှိနေပြီးပိုကယ်ဖလားပွဲစဉ်တချို့လည်းကစားရဖို့ရှိနေပါတယ်။ဆီဗီလာတို့အနေနဲ့လည်းလာလီဂါနဲ့ကိုပါဒယ်ရေးပွဲစဉ်တွေဆက်လက်ကစားရဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်