နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ ထိပ်သီးတို့ရဲ့ ဘာ‌ဗေးရီးယန်းမြေက စီးချင်းထိုးပွဲ သို့မဟုတ် ဂျာမန်စူပါဖလားဗိုလ်လုပွဲ

ဘေယန်မြူးနစ် Vs ဒေါ့မန်

လာမယ့် အောက်တိုဘာလ ၁ရက်နေ့ မနက်အစောပိုင်းမှာတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီးတွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ ဒေါ့မန်တို့ရဲ့ ဂျာမနီစူပါဖလား ဗိုလ်လုပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဂျာမန်စူပါဖလားလို့ အများစုခေါ်တဲ့ အခုပြိုင်ပွဲကိုတော့ ၁၉၈၇ ခုနှစ်က စတင် ကျင်းပခဲ့ပြီး အဲ့ဒီအချိန် ဒီအက်ဖ်ဘီ စူပါဖလားနာမည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာတော့ ဒီအက်ဖ်လ်စူပါဖလားဆိုပြီး ပြောင်းလဲကျင်းပခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ နှစ်စဉ် ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလား ချန်ပီယံနဲ့ ဂျာမန်ပိုကယ်ဖလားချန်ပီယံတို့ တစ်ပွဲတည်းကစားပြီး ဗိုလ်လုရတဲ့ဖလားလည်း ဖြစ်ပါတယ်။ နှစ်ခုစလုံးမှာ တစ်သင်းတည်းက ချန်ပီယံဖြစ်နေခဲ့ရင်တော့ အမှတ်ပေးပြိုင်ပွဲမှာ ဒုတိယရရှိတဲ့ အသင်းက ကစားရမှာ ဖြစ်ပါတယ်။

 
ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်း ကတော့ ထုံးစံအတိုင်း ဘေယန်မြူးနစ်ဖြစ်ပြီး ဒုတိယအအောင်မြင်ဆုံး အသင်းက ဒေါ့မန်ဖြစ်ပါတယ်။ ဘေယန်မြူးနစ်တို့ ဂျာမန်စူပါဖလား သမိုင်းတစ်လျှောက် ၇ ကြိမ်ချန်ပီယံ ဖြစ်ထားပြီး ဒေါ့မန်ကတော့ ၆ ကြိမ်အထိ ချန်ပီယံ ဖြစ်ထားပါတယ်။ ဘွန်ဒက်စ်လီဂါ ရဲ့ ၈ နှစ်ဆက်ချန်ပီယံ၊ တစ်ရာသီတည်း ဖလား ၄လုံးချန်ပီယံ နည်းပြဟန်ဆီဖလစ်ခ်ရဲ့ ဘေယန်မြူးနစ်တို့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကောင်းတွေကို ဒီရာသီအထိ သယ်ဆောင်လာ နိုင်ပါ့မလား ဆိုတာ ပြီးခဲ့တဲ့ ဟော့ဖန်ဟိန်းနဲ့ ပွဲမှာ ၄-၁နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့လို့ မေးခွန်းထုတ်စရာတော့ ရှိပါတယ်။ အဲ့ဒီပွဲမှာတော့ တိုက်စစ်က လီဝန်ဒေါစကီးကို နှစ်နှစ်အတွင်း ပထမဦးဆုံး အကြိမ်အဖြစ် ပွဲထွက်လူစာရင်းမှာ မတွေ့ခဲ့ရပဲ ဘေယန်မြူးနစ် တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည် တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ဘေယန်မြူးနစ်တို့ရဲ့ ၃၂ပွဲ ဆက်တိုက် ဘွန်ဒက်စ်လီဂါ ရှုံးပွဲမရှိ စံချိန် ပျက်သွားခဲ့ပါတယ်။ ရှုံးပွဲမရှိစံချိန် ပျက်သွားလို့ ဘေယန်မြူးနစ်ရဲ့ အနာဂတ်က မှေးမှိန်သွားဖို့တော့ မရှိနိုင်ပါဘူး။ အသင်းရဲ့ လူစာရင်းကနေ သီယာဂိုအယ်ကန်တာရာ တစ်ဦးပဲ ထွက်ခွာသွားခဲ့တယ် ဆိုပေမယ့် လီရွိုင်ဆာနေးကို ပြန်ရထားပါတယ်။ ဒါပေမယ့် နောက်ဆုံးသတင်းတွေအရ ဆာနေးဟာ ဒူးဒဏ်ရာကြောင့် လာမယ့် အောက်တိုဘာလအကုန်လောက်မှာ ဘေယန်လူစာရင်းမှာ ပြန်မြင်ရဖွယ် ရှိနေပါတယ်။ ဘေယန်မြူးနစ်တို့ ထူးချွန်တဲ့ နည်းပြ ဟန်ဆီဖလစ်ခ် အောက်မှာ ရှံးပွဲလုံးဝမရှိပဲ ဆုဖလားလေးလုံး ဆွတ်ခူးခဲ့တာကြောင့် ဒီပွဲမှာလည်း ဒေါ့မန်ကို အနိုင်ယူပြီး သူတို့အတွက် စံချိန်တင် တစ်နှစ်အတွင်း ဆုဖလား ၅လုံး ဆက်တိုက်ရယူနိုင်ဖို့ ပစ်မှတ်ထား နေဦးမှာပါ။ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး ဟာလည်း ဘွန်ဒက်စ်လီဂါ မှာ တင်မကပဲ ဒီပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး တိုက်စစ်မှူးဖြစ်လို့ သူ့အနေနဲ့ ကျိန်းသေပေါက် စံချိန်ထပ်တင်ဖို့ ကြိုးစားလာဦးမှာပါ။

ဒေါ့မန် ကလည်း ဘေယန်မြူးနစ်လိုပဲ ပွဲဦးထွက်မှာ မိုချင်ဂလတ်ဘတ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့တယ် ဆိုပေမယ့် ဒုတိယပွဲစဉ် မှာတော့ အော့စ်ဘာဂ်ကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံ ဘေယန်မြူးနစ်ရဲ့ အနောက် ၁၃ မှတ်အကွာနဲ့ ရာသီသိမ်းထားခဲ့တဲ့ ဒေါ့မန်တို့ရဲ့ လက်ရှိ လူအင်အားစုဖွဲ့မှုအရ ကြည့်မယ်ဆိုရင် ဥရောပမှာ ဘယ်အသင်းကို မဆို အကောင်းဆုံး ရင်ဆိုင်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အာလင်းဟာလန်း နဲ့ ဂျေဒန်ဆန်ချိုတို့ တိုက်စစ်အတွဲ အပြင် ကွင်းလယ်က ဂွာရဲရိုး၊ ဝစ်တ်ဆဲလ်၊ သောမက်စ်မြူနီယာ၊ သော်ဂန်ဟာဇက်၊ မာကိုရိုက်စ် ၊ကစားသမားအသစ် ရိန်နီယာ၊ ဂျီယိုဗင်နီရေနာနဲ့ ဂျု့ဒ် ဘယ်လင်ဂမ်တို့ဟာ တကယ့်ကို အရည်အသွေးရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ ပြိုင်ပွဲသမိုင်းမှာ ဘေယန်မြူးနစ် ပြီးရင် ချန်ပီယံ အများဆုံး ဖြစ်ထားတဲ့ ဒေါ့မန်တို့ စူပါဖလားဗိုလ်လုပွဲကို ၁၁ ကြိမ်မြောက် ကစားခွင့် ရခဲ့တာ ဖြစ်ပြီး ချန်ပီယံ ၆ ကြိမ်နဲ့ ဒုတိယ၄ကြိမ် ရထားပါတယ်။ ဂျာမန်စူပါဖလားရဲ့ လက်ရှိချန်ပီယံဟာ ဒေါ့မန်ဖြစ်ပြီး မနှစ်က ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ ၂ဂိုးပြတ်နဲ့ အနိုင်ယူ ထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဂျာမန်စူပါဖလားရဲ့ လက်ရှိချန်ပီယံဟာ ဒေါ့မန်ဖြစ်ပြီး မနှစ်က ဘေယန်မြူးနစ်ကို အိမ်ကွင်းမှာ ၂ဂိုးပြတ်နဲ့ အနိုင်ယူထားပါတယ်။
ဂျာမန်စူပါဖလားရဲ့ဒုတိယအအောင်မြင်ဆုံးအသင်း ‌ဒေါ့မန်

ဒေါ့မန်တို့ ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ စူပါဖလားဗိုလ်လုပွဲ ၇ကြိမ်မှာ ၄ ကြိမ်အထိ အနိုင်ရရှိခဲ့ပြီး ဘေယန်မြူးနစ်ကတော့ ၃ ကြိမ် အနိုင်ရထားပါတယ်။ ဘေယန်မြူးနစ်နဲ့ ဒေါ့မန်တို့ဟာ ဂျာမန်ပြည်တွင်းမှာ အအောင်မြင်ဆုံးအသင်းတွေ ဖြစ်သလို တစ်သင်းနဲ့ တစ်သင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်တို့ရဲ့ စံချိန်တွေကို ဒေါ့မန်တို့ လိုက်မှီဖို့မဖြစ်နိုင်ဘူးဆိုပေမယ့် ဂျာမနီမှာ ဘေယန်ကိုခံကစာနိုင်တဲ့ အသင်းဟာ နောက်ပိုင်းနှစ်တွေ မှာဆိုရင် ဒေါ့မန်တစ်သင်းပဲ ရှိပါတယ်။ ၂၀၁၀ နောက်ပိုင်း ပြိုင်ပွဲ အရပ်ရပ် ထိပ်တိုက် တွေ့ဆုံမှု ၃၄ကြိမ်မှာ ဘေယန်မြူးနစ်က ၁၆ကြိမ်အနိုင်ရထားပြီး ဒေါ့မန်က ၁၂ကြိမ် အနိုင်ရထား ပါတယ်။ သရေပွဲ ၆ပွဲပဲ ရှိထားပြီး တွေ့ဆုံချိန်တိုင်း အကြိတ်အနယ် ရှိခဲ့သလို နှစ်သင်းပေါင်း သွင်းဂိုး များလေ့ ရှိပါတယ်။ နှစ်သင်းစလုံး ပြီးခဲ့တဲ့ ရက်က ဘွန်ဒက်စ်လီဂါ ရှုံးပွဲကိုယ်စီ တွေ့ထားလို့ အခုပွဲကတော့ ဘာဗေးရီးယန်းတွေနဲ့ အဝါရောင်တပ်သားတွေ ပေါက်ကွဲပြမယ့် ပွဲစဉ် ဖြစ်လာမှာပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
‌ဘေယန်မြူးနစ် Vs ဒေါ့မန် အချိန်ပြည့် 1×2 ဧည့်သည် @ ၁.၅၁ ဆ
အောက်တိုဘာလ ၁ ရက်, မနက် ၁:၀၀ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရဆိုရင်တော့ အိမ်ရှင်ဘေယန်မြူးနစ်ဘက် ၁.၅၁ ဆကြေးပေါက်ပြီး ဧည့်သည်ဒေါ့မန်အသင်းဘက်ကတော့ ၅ဆပေါက်နေသလို မိနစ်၉၀ သရေရလဒ်အတွက် ၄.၆၀ ဆအထိကြေးဖွင့်ထားတာလည်း တွေ့ရပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ နှစ်သင်းစလုံး ဘွန်ဒက်စ်လီဂါမှာ ဂိုးပြတ်ကိုယ်စီ ရှုံးနိမ့်ထားခဲ့တယ် ဆိုပေမယ့် ကစားသမျှပွဲတိုင်းမှာ ဖလားယူထားနိုင်တဲ့ ဘေယန်မြူးနစ်ကို ဒေါ့မန်တို့ ယှဉ်နိုင်ဖို့ အင်အားမျှပါဘူး။ ဒေါ့မန်တို့ လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်ဖို့ ခြေကုန်ထုတ်ကစားလာခဲ့ရင်တောင် နည်းပြဟန်ဆီဖလစ်ခ်နဲ့ ဘာဗေးရီးယန်းသားတွေရဲ့ ဆုဖလားဆာလောင်စိတ်ကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ အိမ်ကွင်း အလိုင်းယန့်ဇ် အရီးနား မှာ ဘေယန်ပဲ အောင်ပွဲခံသွားမှာပါ။ အခန့်မသင့်ရင် ဂိုးတောင်ပြတ်သွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်