နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပါရီမြို့က ချန်ပီယံလိဂ် ညခင်းမှာ ယူနိုက်တက်ခံစစ်ထက် ပီအက်စ်ဂျီရဲ့တိုက်စစ်ကို ယုံကြည်ထားတာ ပိုပြီးစိတ်ချရပါလိမ့်မယ်။

ပီအက်စ်ဂျီ vs မန်ချက်စတာယူနိုက်တက်

အောက်တိုဘာလ ၂၁ရက်၊ ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာတော့ ပြင်သစ်ထိပ်သီး ပဲရစ်စိန့်ဂျာမိန်းက အိမ်ကွင်း ပက်ဒက်စ် ပရင့်စ်မှာ မန်ချက်စတာယူနိုက်တက်ကို ချန်ပီယံလိဂ် အုပ်စု (ဇ) အဖွင့်ပွဲစဉ်အဖြစ် ဧည့်ခံကစားရဖို့ ရှိနေပါ တယ်။ လက်ရှိမှာ ခြေစွမ်း အတက်အကျ မြန်ဆန်နေတဲ့ မန်ချက်စတာယူနိုက်တက်တို့ ဂိုးပြတ်နိုင်ပွဲဆက်နေတဲ့ ပီအက်စ် ဂျီ ကို ဘယ်လိုပုံစံနဲ့ ရင်ဆိုင်လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။

လက်ရှိ အုပ်စု (ဇ)မှာ ရေဇန်ဘောလ်စပေါ့လိုက်ပ်ဇစ်၊ အက်စတန်ဘူလ်ဘက်ခ်ရှီးယား၊ မန်ချက်စတာယူနိုက်တက် နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ ပီအက်စ်ဂျီကတော့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေ အကောင်းဆုံးအသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘေယန်မြူးနစ်ကို အရေးနိမ့်ပြီးတဲ့နောက် လီဂူးဝမ်း ရာသီအစ ၂ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ လန်းစ်နဲ့ မာဆေးလ်ကို ၁-၀ နဲ့ရှုံးပြီး အမှတ်ပေးဇယား အောက်ဆုံးအထိရောက်ရှိခဲ့တဲ့ ပီအက်စ်ဂျီ ကို ပွဲစဉ် ၃မှာတော့ ချန်ပီယံခြေစွမ်းပြန်လည်မြင်တွေ့ခဲ့ရပြီး နေမာ၊ အန်ဘာပေးတို့မပါပေမယ့်လည်း တစ်ယောက်လျော့နဲ့ မတ်ဇ် ကို အိမ်ကွင်းမှာ အနိုင်စရခဲ့ပါတယ်။ အဲ့နောက် ဒဏ်ရာကပြန်လည်သက်သာလာတဲ့ အန်ဘာပေးခြေစွမ်းပြပြီး ပက်ထရစ် ဗီအဲရာ ကိုင်တွယ်နေတဲ့ နိုက်စ်ကို အဝေးကွင်းမှာ ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲစဉ် ၅ မှာ ရိမ်းစ်ကို ၀-၂၊ ပွဲစဉ် ၇မှာ အန်ဂါးစ်ကို ၆-၁၊ ပွဲစဉ် ၈မှာ တစ်ယောက်လျော့နဲ့ နိုင်းမ်စ်ကို ၄ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။  အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ချူပိုမော့တင်း၊ သောမက်စ် မြူနီယာတို့ကို လက်လွှတ်ထားခဲ့ရလို့ ရာသီအစမှာ ရုံးကန်ခဲ့ရပေ မယ့် ပီအက်စ်ဂျီရဲ့ လက်ရှိခြေစွမ်းကတော့ အားရစရာပါ။ လာမယ့်နှစ်ပိုင်းအတွင်းမှာ ချန်ပီယံလိဂ်ဖလား ကျိန်းသေ ပေါက် ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ သောမက်စ်တူချယ်နဲ့ ပါရီသားအုပ်စုကိုတော့ တစ်ရာသီထက်တစ်ရာသီ ပိုပြီး တောင့်တင်း ကျစ်လျစ်တဲ့ပုံစံနဲ့ မြင်တွေ့လာရပါတယ်။

 
ခြေစွမ်းပိုင်း ပျက်ယွင်းနေတာ ကြာပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ်မှာ နယူးကာဆယ်ကို ၁-၄ နဲ့ အနိုင်ရထားပါတယ်။ ပွဲချိန် ၈၅ မိနစ် အထိ တစ်ဖက်တစ်ဂိုးစီ သရေ ကျနေခဲ့ပေ မယ့် ၈၆ မိနစ်ကနေ ပွဲပြီးလို့ နာကျင်အချိန်ပို ပြီးဆုံးချိန်အထိ အံအားသင့်စရာ ခြေစွမ်းနဲ့ အနိုင်ဂိုး ၃ဂိုး ထပ် သွင်းပြီး နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့ ဖိအားတွေကို ဖြေလျှော့ပေးနိုင်ခဲ့ပါတယ်။ ရာသီအစ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်ခဲ့သလို ပွဲစဉ် ၄ မှာ တော့တင်ဟမ်ဟော့စပါးကို အိုးထရက်ဖိုဒ့်မှာပဲ ၁-၆  နဲ့ အရှက်တကွဲ ရှုံးနိမ့်ထားခဲ့ ပါတယ်။ ရာသီအစမှာ ယူနိုက်တက်တို့ ဖိအားတွေ အောက်မှာ ရုံးကန်ခဲ့ရပေမယ့် လက်တလော စိန့်ဂျိမ်းစ်ပါခ်မှာ ရခဲ့တဲ့ နိုင်ပွဲကြောင့် ပြောင်းလဲ မှုတချို့ ရှိလာနိုင်ပါတယ်။ ဆိုးလ်ရှားနဲ့ပတ်သတ်ပြီး ဘောလုံးဝေဖန်သုံးသပ်သူတွေတောင် နားမလည်နိုင်တဲ့ အချက်တစ်ချက်က ဗန်ဒါဘိခ်လို ကွင်းလယ် ကြွယ်ပွင့်ကစားသမားတစ်ဦးကို မရမကခေါ်ထားပေမယ့် ပွဲချိန်နည်းနည်းပဲ အသုံးပြုနေတဲ့ အချက်ပဲဖြစ်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင်တော့ ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ၂၀၁၉ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ တွေ့ဆုံ ထားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အတွက် ဆာအဲလ်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း အံဩမင်သက်စရာ ခြေစွမ်းကို ပထမဦးဆုံးအကြိမ် မြင်တွေ့ခဲ့ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပထမအကျော့ အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ၂ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ လူကာကူရဲ့ သွင်းဂိုး ၂ဂိုး အပါအဝင် မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ နာကျင် အချိန်ပို ပင်နယ်တီ သွင်းဂိုးနဲ့အတူ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ နည်းပြတူချယ်အနေ နဲ့ ပီအက်စ်ဂျီ ကို နေမာ၊ အန်ဘာပေး၊ မာကွင်ဟို၊ ပယ်ရီဒက်စ်၊ ဒီမာရီယာ၊ ဖလော်ရန်ဇီ၊ ဟာရဲရား တို့လို ကစားသမား တွေနဲ့ အတောင့်တင်းဆုံး တည်ဆောက်ထားနိုင်လို့ ခြေကျနေတဲ့ ယူနိုက်တက်ထက် အဘက်ဘက်မှာ သာနေရပါတယ်။ အခုလာမယ့်ပွဲမှာ ယူနိုက်တက်မှာ ပီအက်စ်ဂျီရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ ကာဗာနီ ပါဝင် လာနိုင်ဖို့ မသေချာသေးပဲ ရက်ရှ်ဖို့ဒ်၊ မာစီရယ်၊ ဘရူနို ဖာနန်ဒက်စ်၊ အဲလက်စ် တဲလက်စ်၊ ပေါ့ဘာ၊ မားတစ်၊ ဝမ်ဘစ်ဆာခါ တို့နဲ့ ပွဲထွက်လာနိုင်ပြီး နောက်ခံလူ ဟယ်ရီမက်ဂွိုင်းရား အမှားနည်းနိုင် သမျှ နည်းဖို့ပဲ လိုအပ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ပီအက်စ်ဂျီ vs မန်ချက်စတာယူနိုက်တက် 1X2 ပီအက်စ်ဂျီ @ ၁.၆၀ဆ
အောက်တိုဘာလ ၂၁ ရက်, မနက် ၁:၃၀ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၁.၆၀ ဆ၊ ဧည့်သည်ဘက်က ၅.၂၀ ဆနဲ့ သရေအတွက် ၃.၉၅၀ ဆ ကြေးဖွင့် ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ ယူနိုက်တက် ခံစစ်က တော်တော်လေး ပျက်ယွင်းနေတာရယ်၊ ပီအက်စ်ဂျီ တိုက်စစ် က နေမာ၊ အန်ဘာပေးတို့ ခြေစွမ်းပြနေလို့ အမှားများနေတဲ့ ယူနိုက်တက်ခံစစ်ကို ကောင်းကောင်း ကြီး ဒုက္ခ ပေးနိုင်ဦး မှာပါ။ ပက်ဒီပရင်စ်မှာကစားမယ့် ဒီပွဲမှာ သရဲနီတွေရဲ့ ခြေစွမ်းကို ယုံကြည်ဖို့ ခက်ခဲနေတဲ့အချိန်မို့လို့ ပါရီသား တွေဘက် မှာ ရပ်တည်တာ စိတ်အချရဆုံးပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်