နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးခါနီး သွင်းဂိုး ၂ ဂိုးနဲ့ အဲဗာတန်ကို ကျော်ဖြတ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် – လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

အဲဗာတန် ၀ – ၂ မန်ချက်စတာယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် တို့ အဲဗာတန် အိမ်ကွင်း ဂူဒီဆင်ပါ့ခ်မှာ သွားရောက်ကစားပြီး ကာဗာနီ၊ မာစီရယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်အနိုင်ရခဲ့လို့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဗာတန်အတွက်ကတော့ မိနစ် ၈၀ ကျော်အထိ တောင့်ခံလာပြီးမှ ပွဲပြီးခါနီး ၂ ဂိုးဆက်ပေးလိုက်ရလို့ စိတ်ပျက်စရာ ရလဒ် နဲ့ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက်သွားရပါတယ်။
 
"ယူနိုက်တက်

ဒီပွဲမှာတော့ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အဲဗာတန် ဘက်မှာ ဒေါမနစ်ကလဲဗက်လီဝင်း၊ ရစ်ချာလီဆင်၊ ဆီဂတ်ဆန်၊ ကိန်း၊ မီနာ တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့သလို မန်ချက်စတာယူနိုက်တက် ဘက်မှာတော့ ကာဗာနီ၊ ဗန်ဒီဘိခ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ပေါ့ဘာ၊ မားတစ်၊ မက်ဂွိုင်းယား၊ ဘိုင်အီ၊ အဲလက်စ်တဲ့လက်စ် အပြင် တွမ်ဇီဘီ၊ ဒင်းန်ဟန်ဒါဆင် တို့ကိုလည်း အသုံးပြုခဲ့ပါတယ်။ အိမ်ရှင် အဲဗာတန်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၁-၃ နဲ့ ရှုံးပွဲကို ပြန်လည်း ချေပဖို့အတွက် တိုက်စစ်အသားပေးပုံစံနဲ့ ကစားခဲ့ပေမယ့် ယူနိုက်တက် ခံစစ်ရဲ့ ကျစ်လျစ်တဲ့ ကစားပုံကြောင့် အရာမရောက်ပဲ ဖြစ်ခဲ့ရပါတယ်။ ပွဲပြီး အချက်အလက်တွေကို ကြည့်မယ်ဆိုရင် အဲဗာတန်တို့ မန်ချက်စတာယူနိုက်တက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု ၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှုကတော့ ၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကတော့ ဒုတိယပိုင်း မာစီရယ်၊ ရက်ရှ်ဖို့ဒ်၊ လုခ်ရှောတို့ ဝင်ရောက်လာချိန်မှာ တိုက်စစ်ပိုမို ထက်မြတ်ခဲ့ပြီး အဲဗာတန်ဂိုးပေါက်ကို ခြိမ်းခြောက်မှု စုစုပေါင်း ၁၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို ၈ ကြိမ်အထိ ဂိုးပေါက် တည့်ခဲ့ပါတယ်။ ပွဲချိန် ၈၈ မိနစ်အရောက်မှာတော့ ယူနိုက်တက် အဖွင့်ဂိုး စတင် ရရှိခဲ့ပြီး မာစီရယ် ထိုးပေးတဲ့ ဘောလုံးကို အက်ဒီဆင် ကာဗာနီက ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ရက်ရှ်ဖို့ဒ် ထိုးပေးတဲ့ ဘောလုံးကို မာစီရယ်က ပြိုင်ဘက်ဂိုးသမား အိုလ်ဆင်နဲ့ တစ်ဦးချင်းအတွေ့ အမှားအယွင်းမရှိ ကန်သွင်းပြီး ဒုတိယဂိုး ထပ်မံသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်တို့ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက် တို့ နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပြီး လိဂ်ဖလား ဆီမီးဖိုင်နယ် အဆင့်မှာတော့ မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံနေလို့ ဒါဘီပွဲစဉ် အဖြစ် ကစားရဦးမှာ ဖြစ်ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

ယူနိုက်တက်တို့ လိဂ်ဖလား ပွဲစဉ်တောက်လျောက် အရန်ကစားသမား အများစုကို အသုံးပြုခဲ့ပြီး အခုပွဲမှာလည်း ဒုတိယ ဦးစားပေး ကစားသမား ဖြစ်တဲ့ အက်ဒီဆင် ကာဗာနီ၊ မားတစ်၊ ဗန်ဒီဘိခ်၊ တွမ်ဇီဘီတို့လို ကစားသမားတွေကို အသုံးပြုခဲ့ပေမယ့် ကစားပုံ မဆိုးခဲ့ဘူးလို့ ပြောရမှာပါ။ အန်ဆယ်လော့တီရဲ့ အဲဗာတန်ကတော့ အသင်းကြီးတွေနဲ့ တောက်လျောက် နိုင်ပွဲဆက်ခဲ့လို့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံချိန်မှာလည်း အိမ်ကွင်းအားသာချက်နဲ့ အသာရဖို့ ကြိုးပမ်းလာခဲ့ပေ မယ့် ယူနိုက်တက်နည်းပြ အိုလီဂန်နား ဆိုးလ်ရှားရဲ့ လူစားလဲမှု  ဒီတစ်ကြိမ်မှာ အချိန်ကိုက် မှန်ကန် ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မာစီရယ်၊ ရက်ရှ်ဖို့ဒ်၊ လုခ်ရှောတို့ ဝင်လာချိန်မှာ ယူနိုက်တက် တိုက်စစ်က ပိုအသက်ဝင်သွားခဲ့ပြီး အဲဗာတန်ဘက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ အကြိမ်ကြိမ် လုပ်နိုင်ခဲ့တာပါ။ အားလုံး ပြောနေကြသလိုပဲ ယူနိုက်တက် တကယ်ပဲ ပြန်လာခဲ့ပြီလို့ ထင်ပါတယ်။ ကစားပုံနဲ့ စွမ်းဆောင်ရည်က အားရစရာ အကောင်းဆုံးပုံစံမှာ ရှိမနေသေးပေမယ့် လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ အနိုင်ရလဒ်ကို ဘယ်လိုရှာဖွေရမယ်ဆိုတာ ဆိုးလ်ရှား ပါးနပ်လာခဲ့ပါပြီ။ အန်ဆယ်လော့တီ အသင်းကတော့ ဒီနေ့ပွဲမှာ ခြေစွမ်းမဆိုးလှဘူးဆိုပေမယ့် အငိုက်တစ်ချက် မိသွားတဲ့ ပွဲပြီးခါနီးမှာ ကာဗာနီရဲ့ ဂိုးကအဆုံးအဖြတ်လို ဖြစ်ခဲ့လို့ ဒီအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ ခရစ္စမတ်ကာလ နားရက် ပြီးပြီးချင်းမှာပဲ လက်စတာစီးတီး အိမ်ကွင်း ကင်းပါဝါမှာ သွားပြီး ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိသလို အဲဗာတန်ဟာလည်း ရှက်ဖီးလ် ယူနိုက်တက်နဲ့ ကစားဖို့ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်