နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်တော်မီနေးရဲ့ နောက်တစ်ဆင့်တက်ဖို့ လုံလောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် – အက်ဖ်အေဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၁ – ၀ ဝက်ဖို့ဒ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်ဖို့ဒ်တို့ရဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ မက်တော်မီနေးရဲ့ ပွဲချိန် ၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုး ၁ ဂိုးတည်းနဲ့ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့ပါတယ်။ မက်တော်မီနေး အနေနဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ပထမဆုံး အကြိမ် ဝတ်ဆင်ခွင့်ရတဲ့ အချိန်မှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး သွင်းဂိုးတစ်ဂိုးနဲ့အတူ ယူနိုက်တက်ကိုလည်း အက်ဖ်အေဖလား နောက်တစ်ဆင့် ပို့ဆောင်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ အခုပွဲမှာ အဓိက ကစားသမား အများစုကို အနားပေးခဲ့ပြီး မေဆင်ဂရင်းဝုဒ်၊ ဂျက်ဆီ လင်ဂတ်၊ ဒန်ဂျိမ်းစ်၊ မာတာ၊ ဗန်ဒီဘိခ်၊ တွမ်ဇီဘီ၊ ဘရန်ဒန်ဝီလျံတို့လို ကစားသမားတွေ ပွဲထွက် ကစားခွင့်ရခဲ့ကြပါတယ်။ ယူနိုက်တက်တို့အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅ မိနစ်မှာ အဲလက်စ် တဲလက်စ်ရဲ့ ထောင့်ကန်ဘော ပေးပို့မှုကနေ စကော့တ်မက်တော်မီနေးက ခေါင်းတိုက်သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန် တော်တော်များများမှာ ယူနိုက်တက်တို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ဧည့်သည် ဝက်ဖို့ဒ် တို့လည်း ယူနိုက်တက်ကို ပြန်လည် ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်မိနစ် အစောပိုင်းမှာ ကတည်းက သွင်းဂိုး ရရှိခဲ့လို့ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲ မျှော်လင့်ခဲ့ကြပေမယ့် ဝက်ဖို့ဒ် ဂိုးသမား ဘက်ချ်မန်းရဲ့ လက်စွမ်းပြမှုနဲ့အတူ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဝက်ဖို့ဒ်ကတော့ မန်ချက်စတာယူနိုက်တက်ကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပေမယ့် အက်ဖ်အေဖလား အိမ်မက်ကတော့ ဒီအဆင့်မှာတင် ရပ်တန့်သွားခဲ့ပါတယ်။
အခုနှစ် ချန်ပီယံရှစ်မှာ အမှတ်ပေးဇယား အဆင့် ၆ နေရာရပ်တည်နေတဲ့ ဝက်ဖို့ဒ်

တော်မီနေးရဲ့ သွင်းဂိုး တစ်ဂိုးဟာ ယူနိုက်တက်အတွက် လုံလောက်ခဲ့ပြီး အက်ဖ်အေဖလား နောက်တစ်ဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းကို မြင်ရသလောက် ပြန်လည်သုံးသပ်ရမယ်ဆိုရင် မက်တော်မီနေးထက် ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ရဲ့ အားထုတ်မှုတွေက ပိုပြီး အရေးပါခဲ့ပါတယ်။ မက်တော်မီနေး ဂိုးသွင်းနိုင်ဖို့ တိကျတဲ့ ထောင့်ကန်ဘောကို ကန်တင်ပေးပို့နိုင်ခဲ့ပြီး ဘိုင်ယီ၊ မက်ဂွိုင်းယား တို့အပါအဝင် တခြား ကစားသမားတွေ အတွက် အခွင့်အရေး ဖန်တီးမှု ၇ ကြိမ်လောက်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ တော်မီနေးကတော့ ဂိုးသွင်းနိုင်ခဲ့သလို ကွင်းလယ်ကနေ အသင်းကို အကောင်းဆုံး ထိန်းကျောင်းပေးသွားခဲ့ပါတယ်။ တောင်ပံက ဒန်ဂျိမ်းစ် အနေနဲ့ အပိုင်အခွင့်အရေး တချို့ကို အကောင်းဆုံး အဆုံးသတ်ပေးခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား ကာကွယ်သွားခဲ့လို့ သွင်းဂိုးတော့ မရခဲ့ပါဘူး။ မေဆင်ဂရင်းဝုဒ် အနေနဲ့ ရှားရှားပါးပါး ပွဲထွက်ကစားခွင့်ရတဲ့ပွဲမှာ ထူးထူးခြားခြား ဘာမှမလုပ်ပြနိုင်ခဲ့သလို ကွင်းလယ်နဲ့ ချိတ်ဆက်မှု အားနည်းခဲ့တာ တွေ့ရပါတယ်။ ဟန်ဒါဆင်ကြောင့် ဘိုင်ယီ ဒဏ်ရာရခဲ့တာ ကတော့ ယူနိုက်တက် အတွက် နစ်နာစရာ ဖြစ်ခဲ့ပေမယ့် ပွဲပြီး သတင်းတွေအရတော့ ဘိုင်ယီရဲ့ လည်ချောင်းထိခိုက်မှုဟာ ဆိုးရွားခြင်း  မရှိခဲ့ဘူးလို့ သိရပါတယ်။ ကျန်ကစားသမားတွေကတော့ ပုံမှန်ခြေစွမ်းရှိခဲ့ပြီး သူ့နေရာနဲ့သူ အမှားအနည်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ဝက်ဖို့ဒ်ကတော့ မန်ချက်စတာယူနိုက်တက်ကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပေမယ့် အက်ဖ်အေဖလား အိမ်မက်ကတော့ ဒီအဆင့်မှာတင် ရပ်တန့်သွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာ ယူနိုက်တက်တို့ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဘန်လေရဲ့ အိမ်ကွင်းကို သွားပြီး ပရီးမီးယားလိဂ်ပွဲစဉ် ကစားရဖို့ရှိသလို ဝက်ဖို့ဒ်ကတော့ ၁၆ ရက်နေ့မှာ ဟက်ဒါဖီးလ်တောင်းနဲ့ ချန်ပီယံရှစ် ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်