နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ အက်ဖ်အေဖလား စတုတ္ထနဲ့ ပဉ္စမအဆင့်မဲခွဲပွဲ ရလဒ်များ

မန်ချက်စတာ ယူနိုက်တက် vs လီဗာပူးလ်

အက်ဖ်အေဖလား စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် ပွဲစဉ် မဲခွဲပွဲကို ပြီးခဲ့တဲ့ တနလ်ာနေ့က ကျင်းပပြီးစီးခဲ့ရာမှာ စတုတ္ထအဆင့်မှာတင် မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ပါဝင်နေပြီး ကျန် ပရီးမီးယားလိဂ် ထိပ်သီးအသင်းအများစု ကတော့ အောက်တန်းကလပ်တွေနဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်နေတယ်လို့ ဆိုရမှာပါ။

 

မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်

အဂ်လန်ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) အနေနဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် ပွဲစဉ် မဲခွဲပွဲကို တစ်ပေါင်းတည်း ကျင်းပခဲ့တာ ဖြစ်ပြီးတော့ စတုတ္ထအဆင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ ကစားရမယ့် ပွဲကလွဲလို့ တခြားပွဲစဉ်တွေဟာ သိပ်ပြီးတော့ စိတ်ဝင်စားဖို့ မကောင်းခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ဟာ ဇန်နဝါရီလ ၂၃ ရက်နေ့၊ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပြီး အဲ့ဒီမတိုင်ခင် ဇန်နဝါရီလ ၁၇ ရက်နေ့မှာလည်း ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အန်ဖီးလ်မှာ တွေ့ဆုံ ယှဉ်ပြိုင်ကစားရဦးမှာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အက်ဖ်အေဖလားမှာ ၁၂ ကြိမ်အထိ ဗိုလ်စွဲထားပြီး အာဆင်နယ်ပြီးရင် အအောင်မြင်ဆုံး အသင်း ဖြစ်ပေမယ့် လစ်ဗာပူးလ်ကတော့ ၇ ကြိမ်သာ ဗိုလ်စွဲထားခဲ့ပါတယ်။ မှတ်တမ်းတွေအရ ပြန်ကြည့်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ဟာ အက်ဖ်အေဖလား ထိပ်တိုက်တွေ့ဆုံမှု အဖြစ် ၂၀၁၂ က နောက်ဆုံး တစ်ကြိမ် တွေ့ဆုံခဲ့ပြီး လစ်ဗာပူးလ်က ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ အက်ဖ်အေဖလား နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာတော့ မန်ချက်စတာယူနိုက်တက်က ၃ ကြိမ် အနိုင်ရပြီး လစ်ဗာပူးလ်က ၂ ကြိမ် အနိုင်ရထားခဲ့တာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲတွေ့ဆုံမှုမှာတော့ လစ်ဗာပူးလ်က ၃ ပွဲအထိနိုင်ပြီး ၂ ပွဲသရေကျထားတာကြောင့် ယူနိုက်တက်တို့ လစ်ဗာပူးလ်ကို အသာမရခဲ့တာတော့ ကြာနေပြီလို့ ဆိုနိုင်ပါတယ်။

 

အခြားတွေ့ဆုံမှုများ

အက်ဖ်အေဖလား လက်ရှိ ချန်ပီယံ အာဆင်နယ် ကတော့ ရှရူးစ်ဘူရီနဲ့ ဆောက်သမ်တန်တို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
အက်ဖ်အေဖလားမှာ ၁၄ ကြိမ်အထိ ဗိုလ်စွဲထားတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲကတော့ ၁ ပွဲပဲ ရှိခဲ့ပြီး ဖူလ်ဟမ်နဲ့ ဘန်လေတို့ရဲ့ ပွဲစဉ် ဖြစ်ပါတယ်။ အက်ဖ်အေဖလား လက်ရှိ ချန်ပီယံ အာဆင်နယ် ကတော့ ရှရူးစ်ဘူရီနဲ့ ဆောက်သမ်တန်တို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ပြီးခဲ့တဲ့ တတိယအဆင့်ပွဲစဉ်မှာတော့ နယူးကာဆယ်ကို အချိန်ပိုအထိ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ကျော်ဖြတ်နိုင်ခဲ့ပေမယ့် အခုအဆင့်မှာသာ ရှရူးစ်ဘူရီနဲ့မဟုတ်ပဲ ဆောက်သမ်တန်နဲ့သာ ကစားရရင်တော့ ကျိန်းသေပေါက် ခက်ခက်ခဲခဲရဦးမှာပါ။ ချဲလ်ဆီးကတော့ ချန်ပီယံရှစ်ကလပ် လူတန်၊ မန်ချက်စတာစီးတီးက ချဲလ်တန်ဟမ်၊ အဲဗာတန်က ရှက်ဖီးလ်ဝမ်းနက်စဒေး၊ တော့တင်ဟမ်ဟော့စပါးက ဝိုင်ကမ်ဘီ၊ ဝက်စ်ဟမ်းက ဒွန်ကတ်စတာ၊ ဝုဗ်က ချော်လီ တို့နဲ့ တွေ့ဆုံနေပြီး လက်စတာစီးတီးအနေနဲ့ကလည်း ချန်ပီယံရှစ်မှာ ခြေစွာနေတဲ့ ဘရန့်ဖို့ဒ်နဲ့ တွေ့ဆုံနေခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးကတော့ ဝိုင်ကမ်ဘီ အသင်းနဲ့တွေ့ဆုံနေလို့ တော်တော်လေး ပွဲချောင်နေတယ်လို့ ဆိုရပါမယ်။

အက်ဖ်အေဖလား စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်မဲခွဲပွဲ ရလဒ်တွေကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်။

 

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်များ

ချဲလ်တန်ဟမ် – မန်စီးတီး

ဘုန်းမောက် –  ခရော်လီတောင်း

ဘန်စလေ – နော့ဝစ်ချ်

ဘရန့်ဖို့ဒ် – လက်စတာစီးတီး

ဘရိုက်တန် – ဘလက်ပူးလ်

ချဲလ်ဆီး – လူတန်တောင်း

ချော်လီ – ဝုဗ်

အဲဗာတန် – ရှက်ဖီးလ်ဝမ်းနက်စ်ဒေး

ဖူလ်ဟမ် – ဘန်လေ

မန်ချက်စတာယူနိုက်တက် – လစ်ဗာပူးလ်

မီဝေါလ် – ဘရစ်စတိုးလ်စီးတီး

ရှက်ဖီးလ်ယူနိုက်တက် – ပလိုင်းမောက်

ဆောက်သမ်တန်/ရှရူးစ်ဘူရီ – အာဆင်နယ်

ဆွမ်ဆီး – နော်တင်ဟမ်ဖောရက်စ်

ဝက်စ်ဟမ်း – ဒွန်ကတ်စတာ

ဝိုင်ကမ်ဘီ – တော့တင်ဟမ်ဟော့စပါး

 

အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်များ

ဘန်စလေ/နော့ဝစ်ချ် – ချဲလ်ဆီး/လူတန်တောင်း

ဘရန့်ဖို့ဒ်/လက်စတာစီးတီး – ဘရိုက်တန်/ဘလက်ပူးလ်

ချော်လီ/ဝုဗ် – ဆောက်သမ်တန်/ရှရူးစ်ဘူရီ/အာဆင်နယ်

အဲဗာတန်/ရှက်ဖီးလ်ဝမ်းနက်စ်ဒေး – ဝိုင်ကမ်ဘီ/တော့တင်ဟမ်ဟော့စပါး

ဖူလ်ဟမ်/ဘန်လေ – ဘုန်းမောက်/ခရော်လီတောင်း

မန်ချက်စတာယူနိုက်တက်/လစ်ဗာပူးလ် – ဝက်စ်ဟမ်း/ဒွန်ကတ်စတာ

ရှက်ဖီးလ်ယူနိုက်တက်/ပလိုင်းမောက် – မီဝေါလ်/ဘရစ်စတိုးလ်စီးတီး

ဆွမ်ဆီး/နော်တင်ဟမ်ဖောရက်စ် – ချဲလ်တန်ဟမ်/မန်ချက်စတာစီးတီး
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်