နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျူဗင်တပ်စ် တို့ အိမ်ကွင်း နိုင်ပွဲဆက်ပါလိမ့်မယ် – ကိုပါအီတလီယာ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် vs ဂျီနိုအာ

စီးရီးအေ ထိပ်သီးအသင်းတွေ စတင်ပါဝင်လာခဲ့တဲ့ ကိုပါအီတလီယာ ပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေ အခုတစ်ပတ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပွဲစဉ် ၈ ပွဲအနက် ၆ ပွဲ ကြားရက်မှာ ကစားသွားမှာ ဖြစ်ပြီး ဂျူဗင်တပ်စ်တို့ ခြေပျက်နေတဲ့ ဂျီနိုအာကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာဖြစ်လို့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းနေခဲ့ ပါတယ်။

၂၀၁၄ ကနေ ၂၀၁၈ အထိ ၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်ထားတဲ့ ဂျူဗီတို့ သမိုင်းတစ်လျှောက် ကိုပါအီတလီယာ ဖလား ချန်ပီယံ ၁၃ ကြိမ်အထိ ဖြစ်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ နာပိုလီကို ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ အရေးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ထားခဲ့ပါတယ်။ ဂျူဗင်တပ်စ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၁ ပွဲပဲ ရှုံးထားပြီး ၄ ပွဲနိုင်ထားပါတယ်။ ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ ပွဲချိန်တော်တော်များများ တစ်ယောက်လျော့နဲ့ ကစားခဲ့ရလို့ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ကျန်ပွဲစဉ်တွေမှာတော့ ပါးမားကို ၄-၀၊ အူးဒီးနီးစ်ကို ၄-၁၊ အေစီမီလန်ကို ၁-၃၊ ဆာဆူအိုလိုကို ၃-၁ တို့နဲ့ အနိုင်ရထားခဲ့ပြီး ဒီရလဒ်တွေကို ကြည့်ခြင်းအားဖြင့် ဂျူဗင်တပ်စ်တို့ ဘယ်လောက်အထိ တိုက်စစ် ထက်မြတ်နေသလဲဆိုတာ တွေးကြည့်ဖို့တောင် မလိုပါဘူး။ နည်းပြ အပြောင်းအလဲနဲ့ အတူ ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းကစားတဲ့ ပွဲစဉ်တွေမှာတော့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနဲ့ အတူ အသင်းကြီးတစ်သင်းရဲ့ ပုံရိပ်ကို ပြန်ရလာပြီး ဖလား ၄ လုံး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါပြီ။ နောက်ဆုံး သတင်းတွေအရ ဂျူဗင်တပ်စ်တို့ အခုပွဲမှာ လူစုံ ပါဝင်လာနိုင်မှာ မဟုတ်ပဲ ချီယေဆာ၊ ကွာဒွာဒို၊ အဲလက်စ်ဆန်ဒရို၊ ဒီလစ်ဂျ်၊ ဒီဘားလား၊ မက်ကင်နီ တို့ လွဲချော်ဖွယ်ရှိနေပါတယ်။

ဂျီနိုအာ ကတော့ လက်ရှိ စီးရီးအေ တန်းဆင်းဇုန်နားမှာ တဝဲလည်လည် ဖြစ်နေပြီး ရှုံးပွဲတွေ များနေတဲ့ အသင်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘိုလော့ဂ်နာနဲ့ ပွဲမှာတော့ ၂ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ ဂျီနိုအာတို့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။ ဒီရလဒ်တွေကို ကြည့်မယ်ဆိုရင် ဂျီနိုအာတို့ ခြေစွမ်း အဆိုးကြီး မဟုတ်ပေမယ့် လက်ရှိမှာတော့ ဂျူဗင်တပ်စ်ရဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ ဂျီနိုအာတို့ ကိုပါအီတလီယာ ပြိုင်ပွဲ အခုအဆင့်ကို ရောက်ရှိဖို့ အောက်တန်းကလပ် ကတ်တန်ဇာရို ကို ၂-၁၊ ဆမ်ဒိုးရီးယားကို ၁-၃ တို့နဲ့ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဇာပါတာ၊ ကတ်ဆတ်တာ၊ ပန်ဒက်ဗ်၊ ပယ်လီဂရီနီတို့လို ကစားသမားတွေ ဒဏ်ရာရနေလို့ အခုပွဲစဉ်မှာလည်း ရုန်းကန်ရဦးမှာပါ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဂျူဗင်တပ်စ်နဲ့ ဂျီနိုအာတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၉ ကြိမ်မှာ ဂျူဗင်တပ်စ်က အကြိမ် ၂၀ အနိုင်ရပြီး ၄ကြိမ်ပဲ ရှုံးနိမ့်ထားပါတယ်။ သရေပွဲကတော့ ၅ ပွဲပဲ ရှိခဲ့ပြီးတော့ နောက်ဆုံး ၃ကြိမ်မှာတော့ ဂျူဗင်တပ်စ်က ၃ ပွဲစလုံး အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂျူဗင်တပ်စ် vs ဂျီနိုအာ 1X2 ဂျူဗင်တပ်စ် @ 1.35
ဇန်နဝါရီလ ၁၄ ရက်, ည ၂:၁၅နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၂၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁၀.၀၀ ကြေးဖွင့် ပြီး သရေအတွက် ၆.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဂျူဗင်တပ်စ်တို့ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲ ဆက် အနိုင်ရထားခဲ့ပြီး တစ်သင်းလုံး စွမ်းဆောင်ရည်ကောင်းတွေနဲ့ ရှေ့ဆက်နေပါတယ်။ ဒါ့ကြောင့် ဂျီနိုအာ တို့ ဂျူဗင်တပ်စ်ကို တားဆီးဖို့ တော်တော်လေး ခက်ခဲပါလိမ့်မယ်။ ဂျူဗင်တပ်စ် အနိုင်သေချာပါတယ်။ ခန့်မှန်းရလဒ်ကတော့ ၂-၀ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်