မန်ချက်စတာစီးတီး – ဆောက်သမ်တန်
အခုတစ်ပတ် ကြာဿပတေးနေ့မှာတော့ မန်ချက်စတာစီးတီးနဲ့ ဆောက်သမ်တန်တို့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ အိမ်ကွင်း ရှုံးပွဲတွေ့ပြီး စံချိန်ကောင်းတွေ ကျိုးပျက်ခဲ့ရတဲ့ မန်ချက်စတာစီးတီးတို့ အခုပွဲမှာ ဆောက်သမ်တန်ကို အနိုင်ကစားပြီး ရလဒ်ကောင်းတစ်ခု ပြန်လည် ရှာဖွေနိုင်မလားဆိုတာတော့ စိတ်ဝင်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက မန်ချက်စတာစီးတီးတို့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ် နဲ့ အရှက်တကွဲ ရှံးနိမ့့်ခဲ့လို့ အခုပွဲမှာ ကျိန်းသေပေါက် ပေါက်ကွဲပြမယ် ထင်ပါတယ်။ စီးတီးတို့ ရှုံးပွဲ တွေ့ခဲ့ရတယ်ဆိုပေမယ့် တကယ်တမ်းမှာ ခြေစွမ်းက အဲ့လောက်မညံ့ခဲ့ပဲ ယူနိုက်တက် ဒင်းန် ဟန်ဒါဆန် ရဲ့ လက်စွမ်းပြမှု အပြင် နောက်ခံလူတွေရဲ့ ကျစ်လျစ်တဲ့ ကစားပုံကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ နေသန် အေခီ တစ်ဦးတည်း ဒဏ်ရာ ရရှိနေပြီး ကျန် အဓိက ကစားသမားတွေ အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိလို့ အင်အားကတော့ အပြည့်ပါပဲ။ နောက်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာယူနိုက်တက် ထက် တစ်ပွဲပိုကစားပြီး ၁၄ မှတ် ဖြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ဘယ်လိုမှတော့ လက်လွှတ်ခံလိမ့်မယ် မထင်ပါဘူး။ အခုပွဲမှာ နည်းပြ ပပ်ဂွာဒီယိုလာ အနေနဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ တချို့ပြုလုပ်လာနိုင်ပြီး အဂွဲရိုး၊ ဘာနာဒိုဆေးလ်ဗားတို့လို ကစားသမားတွေကို အသုံးပြုလာဖို့ ရှိနေပါတယ်။ မန်ချက်စတာစီးတီး တို့ရဲ့ အခြေအနေက လက်တလောမှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိလို့ အလွယ်တကူပဲ အနိုင် ၃ မှတ် ရှာတွေ့သွားမယ် ထင်ပါတယ်။
ဆောက်သမ်တန်ကတော့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရှက်ဖီးလ်ယူနိုက်တက်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်လည်ရှာတွေ့ထားခဲ့တယ် ဆိုပေမယ့် ပုံမှန် ခြေစွမ်းတော့ ပြန်မရသေးပါဘူး။ အဆိုးဆုံးက စိန့်တို့ရဲ့ တိုက်စစ်က ဒန်နီအင့်ဂ်၊ ချေးအက်ဒမ်တို့ ဂိုးပေါက် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပြီး ဗက်စတာဂတ်၊ ဝက်ဒ်ပရောက်စ်၊ ဘာထရန်၊ ဘက်ဒ်နာရက်ခ် တို့ကလည်း အားကိုးရတဲ့ အခြေအနေမှာ ရှိမနေလို့ ဆိုးဆိုးရွားရွား နိုင်ပွဲတွေ ပျောက်ဆုံးပြီး အဆင့် ၁၃ နေရာအထိ တောင် ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဆောက်သမ်တန်တို့ရဲ့ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၆ ပွဲအထိ ရှုံးနိမ့်ထားခဲ့လို့ စိတ်ပျက်စရာပါပဲ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
မန်ချက်စတာစီးတီးနဲ့ ဆောက်သမ်တန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ ခုနှစ် နောက်ပိုင်း ၁၇ ကြိမ် အထိ တွေ့ဆုံခဲ့ပြီး မန်ချက်စတာစီးတီးက ၁၃ ကြိမ် နိုင်၊ ဆောက်သမ်တန်က ၃ ကြိမ်နိုင်ပြီး ၂ ပွဲသာ သရေကျထားတာ တွေ့ရပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှုမှာတော့ မန်ချက်စတာစီးတီးတို့ ၀-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
မန်ချက်စတာစီးတီး – ဆောက်သမ်တန် | 1X2 မန်ချက်စတာစီးတီ @ ၁.၁၈ ဆ | |
မတ်လ ၁၁ရက်, ည၁၂:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၁.၁၈ ဆနဲ့ဧည့်သည်အသင်းအတွက်၁၅.၀၀ ဆကြေးဖွင့်ပြီးသရေအတွက် ၇.၅၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။အစဉ်အလာအရရော လက်ရှိ အသင်းလိုက် ကစားပုံ အပိုင်းမှာပါ ဆောက်သမ်တန်တို့ မန်ချက်စတာစီးတီးကို ယှဉ်ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မန်ချက်စတာစီးတီးတို့ ဂိုးပြတ်မပြတ်ကိုပဲ တစ်ချက်ပြန်ကြည့်ရပါမယ်။ စီးတီး အနိုင်သေချာပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.