နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်မှာ ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေလဲ…???

၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြန်လည်စတင်ဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့ အချိန်မှာ ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်နိုင်မလဲ။ ဘယ်အသင်းတွေက ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိမလဲ။ စသဖြင့် ကြိုတင် ခန့်မှန်းချက်တွေ ထွက်ပေါ်နေခဲ့ပြီး ဖြစ်ပါတယ်။ နာမည်ကြီး ဘွတ်ကီ တွေရဲ့ အလေးပေးမှု အရ ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး အသင်းပဲ ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေခဲ့ပြီး ကလော့ပ်ရဲ့ လစ်ဗာပူးလ်၊ တူဟယ်ရဲ့ ချဲလ်ဆီးနဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက် တို့ကတော့ ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းတွေ အဖြစ် သတ်မှတ်ခံ ထားရပါတယ်။
 

မန်ချက်စတာစီးတီး တို့ ဘာကြောင့် ချန်ပီယံ ဖြစ်နိုင်သလဲ။

ပြီးခဲ့တဲ့ ရာသီက အဓိက ကစားသမားတွေ ဒဏ်ရာ ရရှိမှုကြောင့် ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့တဲ့ လစ်ဗာပူးလ် တို့ ဒီရာသီမှာတော့ အဓိက နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဂျ် လည်း ပြန်ကစားနိုင်ပြီ ဖြစ်တာကြောင့် မန်စီးတီး လက်က ပရီးမီးယားလိဂ် သရဖူကို ပြန်လုဖို့ အဖြစ်နိုင်ဆုံး အသင်းလို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ လစ်ဗာပူးလ်

အဖြေ ကတော့ ရှင်းပါတယ်။ လက်ရှိ ချန်ပီယံ ဖြစ်သလို အဂွဲရိုး ထွက်ခွာသွားလို့ တိုက်စစ်ပိုင်းက အနည်းငယ် အားနည်းသွားနိုင်တာ ကလွဲရင် လက်တလော ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားဆဲ မို့လို့ပါပဲ။ ဒါ့အပြင် ဆုဖလား အောင်မြင်မှုတွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ ကမ္ဘာ့အကောင်းဆုံး နည်းပြ ပပ်ဂွာဒီယိုလာ ကိုင်တွယ်နေတာ ဖြစ်လို့ အသင်း သမိုင်းတစ်လျှောက် ၈ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုကို ကိုင်မြှောက်နိုင်ဖို့ ရေပန်း အစားဆုံး ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီအစက မန်ချက်စတာစီးတီးတို့ တော်တော်လေး ရုန်းကန်ခဲ့ရပေမယ့် ရာသီသိမ်းချိန် မှာတော့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ၁၂ မှတ်အထိ ဖြတ်ပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးတို့ တစ်ရာသီတည်း ဆုဖလား ၄ လုံး ကိုင်မြှောက်ဖို့ အထိ မျှော်လင့်ခဲ့ကြပေမယ့် မထင်မှတ်ပဲ အက်ဖ်အေဖလားမှာ လက်စတာစီးတီးကို ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်အဆင့် ကနေပဲ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ် မှာလည်း ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပြီးမှ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး အသင်း ပိုင်ရှင်တွေရဲ့ အဓိက ရည်မှန်းချက်ဟာ ချန်ပီယံလိဂ် အောင်မြင်မှု ဖြစ်ပြီး အရင်နှစ်တွေ ကလိုပဲ ဆုဖလားတိုင်းကို အရယူဖို့ ကျိန်းသေပေါက် ပစ်မှတ်ထားလာဦးမှာ သေချာပါတယ်။

 

လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလား။

ပြီးခဲ့တဲ့ ရာသီက အဓိက ကစားသမားတွေ ဒဏ်ရာ ရရှိမှုကြောင့် ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့တဲ့ လစ်ဗာပူးလ် တို့ ဒီရာသီမှာတော့ အဓိက နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဂျ် လည်း ပြန်ကစားနိုင်ပြီ ဖြစ်တာကြောင့် မန်စီးတီး လက်က ပရီးမီးယားလိဂ် သရဖူကို ပြန်လုဖို့ အဖြစ်နိုင်ဆုံး အသင်းလို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ အဘက်ဘက်က အားနည်းခဲ့ပေမယ့် ရာသီအကုန်မှာ တတိယနေရာကို အရယူနိုင်ခဲ့တဲ့ လစ်ဗာပူးလ်ရဲ့ စွမ်းဆောင်ရည်ကို လုံးဝ လျှော့တွက်လို့တော့ မရပါဘူး။ ကစားသမား အင်အားဖြည့်တင်းမှု အပေါ် မူတည်ပြီး ယာဂင် ကလော့ပ်ရဲ့ အသင်းက အမြင့်ဆုံး အောင်မြင်မှုတွေ အထိ မျှော်မှန်းနိုင်စွမ်း ရှိနေလို့ မန်ချက်စတာစီးတီး ပြီးရင် အမှတ်ပေး ချန်ပီယံဆု ရရှိဖို့ ရေပန်းစားဆုံး အသင်း ဖြစ်နေခဲ့တာပါ။
 

 
ရာသီဝက်မှ အသင်းကို ရောက်ရှိလာခဲ့ပေမယ့် အလျင်အမြန် အသားကျခဲ့တဲ့ အပြင် ချန်ပီယံလိဂ် ဆုဖလားကို အပိုင် သိမ်းပြသွားတဲ့ တူဟယ် အနေနဲ့ ဒီရာသီမှာလည်း ချဲလ်ဆီးကို အောင်မြင်မှုတွေဆီ အကောင်းဆုံး လမ်းပြပေးနိုင်ဦးမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တူဟယ် အနေနဲ့ ကမ္ဘာ့အဆင့်ရှိ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေခဲ့ပေမယ့် လက်ရှိ လူစာရင်းနဲ့ ဆိုရင်လည်း ချဲလ်ဆီး အနေနဲ့ အဓိက ပြိုင်ဘက်တွေကို အကောင်းဆုံး ရင်ဆိုင်နိုင်စွမ်း ရှိနေပါတယ်။

ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားခဲ့တဲ့ နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အလှမ်းဝေးနေခဲ့တဲ့ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ရာသီ မှာတော့ အဆင့် ၂ နေရာ ကနေ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲ အထိ ရောက်ရှိခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ အသင်းက ချန်ပီယံဖြစ်နိုင်လောက်တဲ့ အရည်အချင်းမျိုးတော့ ရှိမနေခဲ့လို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီရာသီမှာ ဂျေဒန် ဆန်ချို၊ ဗာရန်းတို့လို ကစားသမားတွေ အရ ခေါ်ယူထားနိုင်ခဲ့တဲ့ အပြင် အသင်း မှာလည်း ကစားသမားကောင်းတွေ အများကြီး ရှိနေသေးလို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေတဲ့ အသင်းတွေထဲမှာ ထည့်သွင်း သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

အဲ့နောက်မှာတော့ တော့တင်ဟမ်ဟော့စပါး၊ လက်စတာစီးတီးနဲ့ အာဆင်နယ် တို့ကတော့ ဗိုလ်စွဲဖို့ ရေပန်းစားမှု အနည်းဆုံး အသင်းတွေ ဖြစ်ပါတယ်။ နည်းပြသစ် နူနို အက်စ်ပီရီတို ဆန်တို ဟာ ဝုဗ်ကို အဆင့် တစ်ခုအထိ ပို့ဆောင် ပေးနိုင်ခဲ့ပေမယ့် အသင်းကြီး တစ်သင်းကို အခုမှ စတင် ကိုင်တွယ်ရမှာ ဖြစ်လို့ သူ့အနေနဲ့ စပါးကို ဘယ်လောက်အထိ စွမ်းဆောင် ပေးနိုင်မလဲ ဆိုတာ စောင်ကြည့်ရဖို့ ရှိနေပါတယ်။ စပါးရဲ့ နောက်မှာတော့ မနှစ်က အက်ဖ်အေဖလား ရရှိခဲ့တဲ့ လက်စတာစီးတီးနဲ့ ၂၅ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ဥရောပ ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ထားတဲ့ အာဆင်နယ် တို့ အလေးပေးမှု ဆတူ ရရှိထားတာ တွေ့ရပါတယ်။ အာတေးတား ကတော့ ဒီရာသီ သူတို့ အသင်းရဲ့ အဓိက ပစ်မှတ်ဟာ ထိပ်ဆုံး ၄ သင်း အတွင်း ဝင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။ ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်နိုင်ပါ့မလား ဆိုတဲ့ သံသယ ရှိပေမယ့် အာတေးတားရဲ့ အသင်းက ပရီးမီးယားလိဂ် အပါအဝင် ပြည်တွင်း ပြိုင်ပွဲ တွေပဲ အာရုံစိုက်ရမှာ ဖြစ်လို့ ဖြစ်နိုင်ချေတော့ ရှိတယ်လို့ပဲ ဆိုရမှာပါ။ 

၂၀၂၁-၂၀၂၂ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အလေးပေးမှု

  • မန်ချက်စတာ စီးတီး ၄/၆ (၁.၆၆)
  • ချယ်လ်ဆီးက ၅/၁ (၆.၀၀)
  • လီဗာပူးလ် ၅/၁ (၆.၀၀)
  • မန်ချက်စတာယူနိုက်တက် ၈/၁ (၉.၀)
  • တော့တင်ဟမ်ဟော့စပါး ၄၀/၁ (၄၁.၀)
  • လက်စတာစီးတီး ၅၀/၁ (၅၁.၀)
  • အာဆင်နယ် ၅၀/၁ (၅၁.၀)

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်