နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၄ ပွဲမြောက် သရေကျပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ဒုတိယ နေရာ အတွက် စိုးရိမ်စရာ ဖြစ်လာတဲ့ အာဂျင်တီးနား (ပွဲပြီးသုံးသပ်ချက်)

ပါရာဂွေး ၀ – ၀ အာဂျင်တီးနား

၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုံခြေစစ် ပွဲစဉ် အဖြစ် အာဂျင်တီးနားအသင်းနဲ့ ပါရာဂွေးတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ အဓိက ကစားသမား အစုံအလင် ပါဝင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် အာဂျင်တီးနားတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာပါ။ အိမ်ရှင် ပါရာဂွေး ကတော့ အနိုင်ရလဒ်ထက် သရေ ရလဒ်ရဖို့ အတွက်သာ အဓိက အာရုံစိုက်ခဲ့တဲ့ အတွက် ထိုက်တန်တဲ့ ရလဒ်တစ်ခု ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သရေရလဒ်ကြောင့် အာဂျင်တီးနား အတွက် လက်ကျန် ပွဲစဉ်တွေက ပိုမို ခက်ခဲလာဖို့ ရှိနေပြီး အဆင့် ၆ နေရာမှာ ရှိနေခဲ့တဲ့ ပါရာဂွေး အတွက် ကတော့ ခြေစစ်ပွဲ ရှုံးထွက် အတွက် မျှော်လင့်ချက် ခပ်ရေးရေး ရရှိခဲ့တယ်လို့ပဲ ဆိုရမှာပါ။

 

ပွဲစဉ်အကျဉ်း

ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် အမှတ်လိုအပ်နေတဲ့ ပါရာဂွေးအသင်း အနေနဲ့ အဆင့်-၂ နေရာမှာ ရှိနေခဲ့တဲ့ အာဂျင်တီးနား ဆီက အမှတ်ခွဲယူနိုင်ဖို့ အဓိက အားစိုက်လာခဲ့တယ်လို့ ဆိုရမှာပါ။ လီယွန်နယ် မက်ဆီ၊ ဒီမာရီယာ၊ ကော်ရီရာတို့ ဦးဆောင်လာတဲ့ အာဂျင်တီးနား တိုက်စစ်ကို ခုခံနိုင်ဖို့ အတွက် နောက်တန်း ကစားသမား ၅ ယောက် အထိ ထားခဲ့တဲ့ ပါရာဂွေး နည်းပြ ဘီရီဇိုရဲ့ နည်းဗျူဟာပိုင်းက တော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ကိုပါအမေရိက ဖလား လက်ရှိ ချန်ပီယံ အာဂျင်တီးနား အနေနဲ့ ခြေစစ်ပွဲ ပထမနေရာက ဘရာဇီးကို ဆက်ပြီး ဖိအားပေး နိုင်ဖို့ အတွက် တိုက်စစ် အသားပေး ၄-၂-၃-၁ ကို အသုံးပြုခဲ့ပေမယ့် တကယ်တမ်း မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ အဓိက,ကတော့ ကော်ရီယာနဲ့ ဒီမာရီယာတို့ရဲ့ အဆုံးသတ်ပိုင်းမသေချာမှုတွေက အာဂျင်တီးနားအတွက် ဂိုးရဖို့ ခက်ခဲစေခဲ့တယ်လို့ ဆိုရပါမယ်။ ပါရာဂွေး ကတော့ ကစားနေကျ ပုံစံအတိုင်း ခံစစ်ကို အထိုင်ချပြီး တန်ပြန် တိုက်စစ်နဲ့ တုံ့ပြန်ခဲ့တာတွေက တော်တော်လေးကို အလုပ်ဖြစ်ခဲ့ပါတယ်။ ပါရာဂွေး တိုက်စစ်မှူး ဆာနာဘရီယာရဲ့ အပိုင်အခွင့်အရေးတွေကို အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ် ကာကွယ်နိုင်ခဲ့တာကြောင့်လည်း အိမ်ရှင်တို့ နစ်နာခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် တစ်လျှောက် အာဂျင်တီးနား ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းမှု အသာနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပါရာဂွေး ခံစစ်က လုံးဝ အမှားမရှိဘဲ ကစားနိုင်ခဲ့တဲ့ အတွက် ပွဲအပြီး မှာ ဂိုးမရှိ သရေ ရလဒ်နဲ့ပဲ ကျေနပ်ခဲ့ကြရပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ပါရာဂွေး အတွက် မျှတတဲ့ ရလဒ် တစ်ခု ဖြစ်ပါတယ်။ တောင်အမေရိကဇုံ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၁၀ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ၂ ပွဲပဲ ရှိထားတဲ့ ပါရာဂွေးအတွက် အိမ်ကွင်းမှာ အဖိုးတန် သရေတစ်မှတ် ရယူနိုင်ခဲ့တယ် ဆိုပေမယ့် အာဂျင်တီးနား အတွက် ကတော့ ဖိအားအချို့ ရှိသွားစေခဲ့ပါတယ်။ လက်ရှိမှာ ခြေစစ်ပွဲ ရပ်တည်မှု ဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတယ် ဆိုပေမယ့် တစ်ပွဲစီ ပိုကစားထားတဲ့ အဆင့် ၃ နေရာက အီကွေဒေါ၊ ဥရုဂွေးတို့နဲ့ ၃ မှတ်ပဲ ကွာဟတော့တဲ့ အခြေအနေက အာဂျင်တီးနားကို ဖိအား ပိုသွားစေခဲ့တာပါ။ အနိုင် ၃ မှတ် ရစေမယ့် အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်မှူး ကော်ရီယာကြောင့် အိမ်ရှင် အသင်း သက်သာရာ ရခဲ့တယ်လို့လည်း ပြောလို့ ရပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားတို့ တိုက်စစ်ဆင်တိုင်း ခံစစ်ဇုံထဲမှာ ၈ ယောက်လောက် အထိ ပိတ်ဆို့ ကစားစေခဲ့တဲ့ ပါရာဂွေး နည်းပြ ဘီရီဇိုရဲ့ နည်းဗျူဟာ ကလည်း တော်တော်လေးကို အလုပ်ဖြစ်ခဲ့ပါတယ်။ ပွဲထွက်လာကတည်းက နောက်တန်း ၅ယောက်၊ ကွင်းလယ် အဖျက် ၂ ယောက်နဲ့ ပြင်ဆင် လာခဲ့တာတောင် အာဂျင်တီးနား တိုက်စစ်ကို ပါရာဂွေးတို့ ပွဲချိန်ပြည့် ခက်ခက်ခဲခဲ တောင့်ခံခဲ့ရတာပါ။ ဘောလုံး ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း အထိ သာရခဲ့တဲ့ အာဂျင်တီးနား အသင်းရဲ့ ဂိုးပေါက်တည့်မှု ၈ ကြိမ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့တဲ့ ပါရာဂွေး ဂိုးသမား အန်တိုနီဆေးဗားလ် ကတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားတစ်ဦး အဖြစ် သတ်မှတ်ရမယ့် အထိ တော်တော်လေးကို လက်စွမ်းပြနိုင်ခဲ့ပါတယ်။ သရေရလဒ်ကြောင့် တောင်အမေရိကဇုံ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် အမှတ်ပေးဇယား ထိပ်ပိုင်း အသင်းတွေနဲ့ အလယ် အလတ် အသင်းတွေအကြား ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန်လာတော့ မှာလည်း ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် မျှော်လင့်ချက် အနည်းငယ်ရှိနေတဲ့ ပါရာဂွေး အနေနဲ့ လာမယ့် အောက်တိုဘာ ၁၁ ရက်နေ့မှာ တောင်အမေရိကဇုံ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် ချီလီနဲ့ ရင်ဆိုင်ရဖို့ ရှိနေသလို အာဂျင်တီးနား အသင်း ကတော့ ဥရုဂွေးကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေခဲ့တာပါ။ လာမယ့် ပွဲစဉ်တွေ အရ အာဂျင်တီးနားအသင်း အနေနဲ့ ပွဲကြပ်ကာလ တစ်ခုကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဥရုဂွေး၊ ပီရူး၊ ဘရာဇီး၊ ချီလီ အစရှိတဲ့ အမှတ်ပေးဇယားထိပ်ပိုင်း အသင်းတွေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖြစ် ကစားရမှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်