နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့၉၀ရာခိုင်နှုန်းသေချာသွားတဲ့ဂျာမနီ(ပွဲပြီးသုံးသပ်ချက်)

ဂျာမနီ ၂ – ၁ ရိုမေးနီးယား

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုံပွဲစဉ် ၇ အဖြစ် ရိုမေးနီးယားနဲ့ ဂျာမနီတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျာမနီတို့ နောက်ကျ သွင်းဂိုးနဲ့ အတူ အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်ဖို့ ရာနှုန်းပြည့်နီးပါး သေချာခဲ့ပြီလည်း ဖြစ်ပါတယ်။ ပွဲစဉ် ၆ အပြီး ၅ ပွဲ နိုင်၊ ၁ပွဲ သရေ ရလဒ်ရရှိထားခဲ့တဲ့ ဂျာမနီ ဟာ အခုပွဲ အနိုင်ရလဒ်ကြောင့် လက်ကျန် ပွဲစဉ် ၃ပွဲမှာ ၁ပွဲအနိုင်ရရုံနဲ့ ကာတာ နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ ရိုမေးနီးယား ကတော့ ဂျာမနီကို အရေးနိမ့်ခဲ့တဲ့အတွက် အဆင့် ၄ နေရာ အထိ ဆင်းပေးခဲ့ရခြင်းနဲ့ အတူ Play-Off တစ်နေရာ အတွက် လက်ကျန်ပွဲစဉ်တွေမှာ ပိုပြီး ရုန်းကန်ရတော့မှာလည်းဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့အတွက် မျှော်လင့်ချက် ကိုယ်စီ ရှိနေတဲ့အသင်းတွေ ဖြစ်လို့ ပွဲအစကတည်းက တိုက်စစ် ဦးစားပေး ကစားပုံနဲ့ အတူ ပရိသတ် အကြိုက် ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဂျာမနီ အနေနဲ့ တိုက်စစ်မှာ တီမိုဗာနာ တစ်ဦးတည်းကို အထောင်ထားပြီး ဂနာဘရီ၊ မာကိုရွိုက်စ်၊ ဆာနေးတို့ခြံရံကာ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲမစခင် ကတည်းက တန်ပြန် တိုက်စစ်ကို အသားပြုမယ်လို့ ဝန်ခံထားတဲ့ ရိုမေးနီးယား နည်းပြကတော့ တကယ်တမ်း ပွဲထွက်လာတဲ့အချိန် မှာလည်း ခံစစ် အသားပေး ၅-၄-၁ ကိုအသုံးပြုပြီး ခံစစ်ဇုံထဲမှာ ၈ ယောက်အထိ အသုံးပြုသွားခဲ့ပါတယ်။ ဂျာမနီ ကတော့ ထုံးစံ အတိုင်း အထနှေးခဲ့တာ တွေ့ရပြီး ဘောလုံး ပိုင်ဆိုင်မှုကိုပဲ အားစိုက် ကစားခဲ့ပေမယ့် ရိုမေးနီးယား တောင်ပံကစားသမား ဟာဂျီရဲ့ တစ်ကိုယ်တော် စွမ်းရည်ပြ သွင်းဂိုးကြောင့် အစောပိုင်း ကတည်းက ဖိအားတွေ ရင်ဆိုင်ခဲ့ရပါတယ်။ စောစောစီးစီးဂိုးပေးလိုက်ရတဲ့ အခြေအနေက ဂျာမနီနဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ် အတွက် အခက်အခဲဆုံး အခြေအနေ ဖြစ်ခဲ့ပြီး ပထမပိုင်း တစ်ပိုင်းလုံးလည်း ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်းခံစစ်ကိုပဲအားစိုက်ကစားနေတဲ့ရိုမေးနီးယားရဲ့ကစားပုံ၊ ဆာနေး၊ဂနာဘရီတို့ရဲ့အခွင့်အရေးဖြုန်းတီးမှုတွေကြောင့်ဂိုးရဖို့တော်တော်လေးခက်ခဲနေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၅၂မိနစ် အရောက်မှာတော့  ဂနာဘရီရဲ့ချေပဂိုး သွင်းယူပေးခဲ့ပြီး အိမ်ရှင်တို့ အတွက် နိုင်ပွဲ မျှော်လင့်ချက်ကို ပြန်လည် ရှင်သန်စေနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့ အတွက် ရိုမေးနီးယားတို့ ခံစစ်မှာပဲ ပိုလို့တောင် အချိန်ပေး ကစားခဲ့တဲ့အတွက် သောမတ်စ် မူလာ၊ ကိုင်ဟာဗက်ဇ် တို့ကို လူစားလဲရတဲ့ အထိ ဂျာမနီတို့ တိုက်စစ်ပိုင်း ပိုပြီး မြှင့်ခဲ့ ရပါတယ်။ ဂျာမနီ နည်းပြရဲ့ လူစားလဲမှု မှန်ကန်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာ လူစားဝင် တိုက်စစ်မှူး သောမတ် မူလာကပဲ အဖိုးတန် အနိုင်ဂိုး ရယူပေးခဲ့တဲ့အတွက် ရိုမေးနီးယားတို့ ပွဲပြီးခါနီးမှ ဆုံးရှုံးမှု ကြီးမားသွားခဲ့ရတာ ဖြစ်ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာလည်းရိုမေးနီးယားအနေနဲ့ခံစစ်ကစားပုံထက်မပိုခဲ့သလိုဂျာမနီအနေနဲ့ကလည်းဂိုးရဖို့ထက်ဂိုးမပေးရဖို့ကိုပဲဦးစားပေးကစားခဲ့တဲ့အတွက်ပွဲအပြီးမှာအိမ်ရှင်တို့၂-၁ဂိုးနဲ့ကပ်ပြီးအနိုင်ရသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဂျာမနီအတွက်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သလိုခံစစ်ပိုင်းဗျူဟာသေသပ်ကောင်းမွန်ခဲ့တဲ့ရိုမေးနီးယားရဲ့ကစားပုံကလည်းတော်တော်လေးကိုတည်ငြိမ်ခဲ့တာပါ။ အစောပိုင်းမှာ ကတည်းက ဂိုးရခဲ့တာ ကလည်း ရိုမေးနီးယား တို့ကို ပိုပြီး အားတက်သွားစေခဲ့ သလို တစ်ဖက်က ဂျာမနီ အတွက်လည်း တွန်းအားတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ကစားသမား စုဖွဲ့မှုနဲ့ နည်းဗျူဟာပိုင်းကြောင့်သာ ဂျာမနီတို့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်က ဂျာမနီအတွက် အရေးပါခဲ့ပြီး ဒုတိယ နေရာက မက်ဆီဒိုနီးယား အသင်းကို ၆မှတ် အထိ ဖြတ်ထားနိုင်ခဲ့တဲ့ အခြေအနေက လက်ကျန် ၃ ပွဲမှာ ၁ပွဲ နိုင်ရုံနဲ့ ခြေစစ်ပွဲအောင်မြင်နိုင်မယ့် အခွင့်အရေးကို ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ခြေစစ်ပွဲအောင်မြင်ဖို့အခွင့်အရေးအနည်းငယ်သာရှိတော့တဲ့ရိုမေးနီးယားကတော့လက်ကျန်ပွဲစဉ်၃ပွဲလုံးကအရေးကြီးသွားခဲ့ပါပြီ။
 

လာမယ့်ပွဲစဉ်များ

ဂျာမနီတို့ လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုံ ပွဲစဉ် ၈ အဖြစ် အမှတ်ပေးဇယား ဒုတိယနေရာက မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။ ရို‌မေးနီးယား ကတော့ အောက်တိုဘာ ၁၂ ရက်နေ့ မှာပဲ အာမေးနီးယားနဲ့အဆုံးအဖြတ် ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်