နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒဏ်ရာ ပြဿနာတွေကြောင့် အမှတ် ဆုံးရှုံးခဲ့ရတဲ့ ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၁ – ၁ ဘန်လေ

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူ နေရာ အတွက် ချဲလ်ဆီးတို့ ဖိအား ရှိလာခဲ့ပါပြီ။ တန်းဆင်းဇုန်ထဲမှာ ရှိနေတယ် ဆိုပေမယ့် ဘန်လေရဲ့ စုဖွဲ့မှုက တော်တော်လေးကို အားကောင်း ခဲ့တာပါ။ တိုက်စစ် ကစားသမားတွေ ဒဏ်ရာရနေတဲ့ ချဲလ်ဆီးနဲ့ ခံစစ် ကစားပုံ မာကျောတဲ့ ဘန်လေတို့ရဲ့ ဆုံတွေ့မှုက သရေ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဘန်လေ ကတော့ အဖိုးတန် ၁ မှတ် ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နောမှာ ရပ်တည်နေတဲ့ ဘန်လေ

အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ဘန်လေရဲ့ တုံ့ပြန်မှု ပုံစံကောင်းကြောင့် ချဲလ်ဆီးတို့ ရုန်းကန်ခဲ့ရပါတယ်။ လူကာကူ၊ ကိုဗာဆစ်၊ တီမိုဗာနာတို့ မပါဝင်နိုင်တဲ့ အသင်းတိုက်စစ်က ခံစစ်ကောင်းတဲ့ အသင်းနဲ့ အတွေ့မှာ အခက်အခဲတွေ ရှိလာခဲ့ပါတယ်။ နိုင်ပွဲ ၁ ပွဲ တည်းသာ ရရှိထားတဲ့ ဘန်လေ အသင်းကလည်း အဝေးကွင်း ပွဲစဉ် ဖြစ်ပေမယ့် ထိရောက်တဲ့ တန်ပြန်တိုက်စစ် ကစားပုံမျိုးကို ပိုပြီး လုပ်ပြနိုင်ခဲ့ပါတယ်။ ကိုင်ဟားဗက်စ်၊ အော့ဒွိုင်းစ်၊ ဘာကလေ၊ ဂျော်ဂျင်ဟို၊ ကန်တီတို့ နဲ့အတူ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ၄-၄-၂ အခြေခံပေမယ့် တကယ်တမ်း ကစားတဲ့အခါ ခံစစ်ဇုန်အတွင်း ၈ ယောက် အထိ ရှိခဲ့တဲ့ ဘန်လေရဲ့ ဗျူဟာပိုင်းက သေသပ်လွန်းပါတယ်။ မက်နေးလ်၊ ဘရောင်းဟေးလ်၊ ဝက်စ်ဝုဒ်၊ ဂတ်ဒ်မာဆန်တို့ ပါဝင်ခဲ့တဲ့ ဘန်လေ ကွင်းလယ်က ချဲလ်ဆီးထက် ပိုကောင်းနေခဲ့တာပါ။ ပွဲအစကတည်းက တောင်ပံ တိုက်စစ်တွေ၊ နောက်တန်းအစွန်လူတွေရဲ့ ဖြတ်တင်ဘောတွေ နဲ့အတူ ချဲလ်ဆီးတို့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အော့ဒွိုင်းစ်ရဲ့ အတိုးအလှုပ်၊ ဘန်ချီးဝဲလ်၊ ရီဆီဂျိမ်းစ် တို့ရဲ့ တိကျတဲ့ ဖြတ်တင်ဘောတွေက တကယ်ကို ကောင်းမွန်ခဲ့တာပါ။ ဘန်လေကတော့ ခံစစ်ပိုင်းမှာပဲ အလုပ်ရှုပ်နေခြင်း နဲ့အတူ ဂိုးမပေးရဖို့က အဓိက ပစ်မှတ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၃၃ မိနစ်မှာ ရီဆီဂျိမ်းစ်ရဲ့ အတိကျဆုံး ဖြတ်တင်ပေးမှုကို ကိုင်ဟာဗက်ဇ်က အမှားအယွင်းမရှိ ခေါင်းတိုက်ပြီး ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ရယူ ပေးနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် ဘန်လေရဲ့ ကစားပုံက တိုက်စစ်ဘက်ကို ထင်သလောက် ပါမလာသေးပါဘူး။ ဂျေးလ်ရိုဒရီဂွက်ဇ်၊ ဗာဒရာတို့ ဝင်လာပြီးမှာသာ ဘန်လေတို့ ဂိုးရလုနီးပါး အခြေအနေကို ရခဲ့တာပါ။ နည်းပြ ဒိုက်ချီရဲ့ နည်းဗျူဟာပိုင်း မှန်ကန်ခဲ့ပြီး လူစားလဲခဲ့တဲ့ ၂ ယောက် ကနေ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ ဗာဒရာရဲ့ ချေပဂိုးကြောင့် ချဲလ်ဆီးတို့ လက်ကျန်မိနစ်တွေ  တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ပူလီဆစ်၊ မေဆန်မောင့် တို့ကို ထည့်သွင်းပြီး အနိုင်ဂိုးရဖို့ ထပ်ပြီး အားစိုက်ခဲ့ပေမယ့် ဘန်လေ နောက်တန်း အမှားမရှိခဲ့ပါဘူး။ အခွင့်အရေး ကိုယ်စီ ထပ်ရခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့လို့ ပွဲအပြီးမှာ ၁-၁ သရေ ရလဒ်နဲ့သာ နှစ်သင်းလုံး ‌ကျေနပ်ခဲ့ရပါတယ်။ အခုပွဲ အပြီးမှာတော့ ချဲလ်ဆီးတို့ အနိုင် ၃ မှတ် ဆုံးရှုံးခဲ့ရပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဒုတိယ နေရာက လစ်ဗာပူးလ်ကို ရမှတ်ဖြတ် ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဘန်လေ ကတော့ အဖိုးတန် ၁ မှတ် ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

 
ချဲလ်ဆီး အတွက် နစ်နာခဲ့တဲ့ ပွဲစဉ်ပါ။ ဘန်လေ ကတော့ နဂိုကတည်းက ခံစစ် ကစားပုံ ကောင်းတဲ့အသင်း ဖြစ်လို့ ချဲ လ်ဆီး တိုက်စစ် လိုအပ်ချက် မြင့်မားခဲ့တယ်လို့ပဲ ဆိုနိုင်ပါတယ်။ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဘန်လေ အတွက်ကတော့ အဝေးကွင်းမှာ အဖိုးတန် သရေတစ်မှတ် ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ လူကာကူ၊ တီမိုဗာနာ မပါဝင်နိုင်တဲ့ တိုက်စစ်ရဲ့ သွင်းဂိုး အနည်းဆုံးပွဲ ဖြစ်ခဲ့သလို ချဲလ်ဆီး နည်းပြ တူချယ်လ် အတွက်လည်း အဆင့် ၁ နေရာ ဦးဆောင်မှုအတွက် ဖိအားအချို့ စပြီး ရှိလာပါတယ်။ ပြိုင်ဘက် အသင်းတွေ ပွဲကြပ်နေမှုကို အခွင့်ကောင်းယူဖို့ လိုအပ်ခဲ့တဲ့ ချဲလ်ဆီးအတွက် သရေရလဒ်က ပေးဆပ်မှု ကြီးမား လွန်းခဲ့တာပါ။ ဒီနေ့ပွဲရဲ့ အဓိက အလှည့်အပြောင်းက ဘန်လေနည်းပြ ဒိုက်ချီပါပဲ။ လိုအပ်နေတဲ့ ချေပဂိုး အတွက် မှန်ကန်တဲ့ လူစားလဲမှုတွေ လုပ်နိုင်ခဲ့ခြင်းက အဖိုးတန် သရေရလဒ် ရယူနိုင်ခဲ့တာလို့ ဆိုရမှာပါ။ နှစ်ဖက် သွင်းဂိုး နည်းခဲ့တယ် ဆိုပေမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို နည်းပြ နှစ်ဦး အကြား ဗျူဟာပိုင်း အားပြိုင်ခဲ့တဲ့ ပွဲကောင်းလို့လည်း သတ်မှတ်ရမှာပါ။ သေချာတာ တစ်ခုကတော့ အဆင့် ၁ နေရာအတွက် ချဲလ်ဆီးတို့ ဖိအားရှိလာခဲ့ပြီး တန်းဆင်းဇုန်ထဲက ဘန်လေ အတွက်ကတော့ အဖိုးတန် ရမှတ်တစ်မှတ် ဖြစ်သွားခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီး အနေနဲ့ လာမယ့် ပရီးမီးယား လိဂ်ပွဲစဉ်မှာ လက်စတာအသင်းကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဘန်လေကတော့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်