နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂ ပွဲဆက် အရှုံးနဲ့ အတူ ထိပ်ဆုံးက ဘေယန်နဲ့ ၄ မှတ် ကွာဟသွားပြန်တဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

လိုက်ပ်ဇစ် ၂ – ၁ ဒေါ့မွန်

ဟာလန်း ဒဏ်ရာ ရနေခြင်း နဲ့အတူ ဒေါ့မန်တို့ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ တော်တော်လေးကို ရုန်းကန်နေရတာ ဖြစ်ပါတယ်။ လိုက်ပ်ဇ် ကတော့ အိမ်ကွင်းမှာ လိုအပ်တဲ့ ရမှတ်ကို အပြည့် ရယူ နိုင်ခဲ့ပါတယ်။ ဒေါ့မန် နောက်တန်း အမှားအယွင်း များခဲ့ပြီး ရှေ့တန်းကလည်း လိုအပ်ချက် မြင့်မားမှုတွေကြောင့် နည်းပြ မာကိုရို့စ် အတွက် ဖိအား ရှိလာခဲ့ပြီလို့ ဆိုရမှာပါ။ အနိုင်ရခဲ့တဲ့ လိုက်ပ်ဇစ် ကတော့ အမှတ်ပေးဇယား ထိပ်ပိုင်း နေရာကို ပြန်လည် တက်လှမ်း နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

လိုက်ပ်ဇ် အနေနဲ့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဟော့ဖန်ဟိမ်းကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဒေါ့မန် ကတော့ အိမ်ကွင်းမှာ စတုဂတ် အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ဒေါ့မန်

ခံစစ် အမှားများခဲ့တဲ့ ဒေါ့မန်တို့ ပေးဆပ်မှု ကြီးမားခဲ့တယ်လို့ ဆိုရမှာပါ။ ဟာလန်၊ အမ်မရီကန်၊ ရှမဲလ်ဗာတို့ အပါအဝင် ဒဏ်ရာရ ကစားသမား များနေခဲ့တဲ့ ဒေါ့မန်တို့ လိုက်ပ်ဇစ်ကို အထူးသဖြင့် အန်ကွန် ကူရဲ့ ကစားအားက ပြိုင်ဘက် အသင်းတွေကို အိပ်မက်ဆိုး ဖြစ်စေခဲ့ပါတယ်။ လူငယ်  မယှဉ်နိုင်ခဲ့ပါဘူး။ အိမ်ရှင် အသင်းကလည်း နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပိုင်း တည်ငြိမ်နေသလို တိုက်စစ်ကလည်း အလုပ်ဖြစ်နေခဲ့ပါတယ်။ တိုက်စစ်မှူး မာလန်ကို အထောင်ထားပြီး မာကိုရွိုက်စ်၊ ဘရန့်ဒ်တ်၊ ဟာဇက်၊ ဝစ်ဆဲလ်၊ ဘယ်လင်ဟန်တို့ ပါဝင်လာတဲ့ ဒေါ့မန်ရဲ့ အခြေအနေက တည်ငြိမ်မှု လိုအပ်နေခဲ့ပါတယ်။ အန်ကွန်ကူ၊ ပေါ်လ်ဆန်၊ အိန်ဂျယ်လီနို၊ ဟိုင်ဒရာ တို့ကြောင့် လိုက်ပ်ဇစ် စုဖွဲ့မှုက အကျစ်လစ်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အန်ကွန်ကူရဲ့ အတိုးအလှုပ်တွေက ဟမ်းမဲလ် ဦးဆောင်တဲ့ ဒေါ့မန် နောက်တန်းကို တော်တော်လေး ဖိအားပေးနိုင်ခဲ့တာပါ။ ပွဲချိန် ၂၉ မိနစ် ကတည်းက ဒေါ့မန်တို့ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရတဲ့ အထိ လိုအပ်ချက် မြင့်မားနေခဲ့ပါတယ်။ လူကျွံ ထောင်ခြောက် အမှားကို အကောင်းဆုံး အခွင့်အရေး ယူပြီး အန်ကွန်ကူက ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့ အနေအထားကနေ ဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ နောက်ပိုင်းမှာ နှစ်သင်းလုံး ဂိုးရဖို့ထက် ဂိုးမပေးရဖို့ အားစိုက်ခဲ့သလို ဘောလုံး ပိုင်ဆိုင်မှုပိုင်းလည်း ၅၄-၄၆ ပဲ ရှိလို့  သိပ်ပြီး ကွာဟမှု မရှိခဲ့ပါဘူး။ ပွဲချိန် ၅၂ မိနစ်မှာ မာကိုရွိုက်စ်က ဒေါ့မန်အတွက် ချေပဂိုး ရယူ ပေးခဲ့ပေမယ့် ပွဲချိန် ၆၈ မိနစ်မှာ ပေါလ်ဆန်က လိုက်ပ်ဇစ် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်ပြီး ရယူ ပေးခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒေါ့မန်တို့ ချေပဂိုး ထပ်ရဖို့ ဘယ်လိုမှ မစွမ်းဆောင် နိုင်တော့ဘဲ အခွင့်အရေး အသုံးမချနိုင်မှု တွေကြောင့် ပွဲအပြီးမှာ လိုက်ပ်ဇစ်ကို အရှုံးပေးခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

 
လိုက်ပ်ဇစ်တို့ လိုအပ်တဲ့ အနိုင် ၃ မှတ် ရယူ နိုင်ခဲ့တာပါ။ ဒေါ့မန် ကတော့ ကြားရက် ချန်ပီယံလိဂ် ပွဲစဉ်တုန်းက ဖြစ်ခဲ့တဲ့ အမှားတွေကို မကုစား နိုင်ခဲ့ပါဘူးလို့ပဲ သတ်မှတ်ရဖို့ ရှိနေပါတယ်။ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်း ရှိတဲ့ ကစားသမား ကောင်းတွေ ရှိလို့ မျှော်လင့်ခဲ့တဲ့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ခဲ့ရတယ်။ ဒါပေမဲ့ အသင်းလိုက် ကစားပုံနဲ့ ပွဲထွက် ကစားသမား စာရင်းမှာတော့ လိုက်ပ်ဇစ်က ပိုကောင်းခဲ့ပါတယ်။ ဟာလန်းမပါတဲ့ ဒေါ့မန် တိုက်စစ် ထင်သလောက် အလုပ် မဖြစ်ခဲ့တာ ဒီပွဲနဲ့ဆို ၂ ပွဲ ရှိခဲ့ပါပြီ။ ဟမ်းမဲလ် ဦးဆောင်တဲ့ ခံစစ်ကလည်း နောက်ပိုင်းပွဲမှာ လိုအပ်ချက် မြင့်မား နေခဲ့တယ် လို့ပဲ သတ်မှတ်ရမှာပါ။ ဒီပွဲ အရှုံးရလဒ်ကြောင့် ဖရိုင်းဘတ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အကြား ရမှတ် ၄ မှတ် အထိ ကွာဟခဲ့ပြီ ဖြစ်လို့ လာမယ့် ပွဲစဉ်တွေမှာ ဒေါ့မန်တို့ အမှားခံလို့ မရတော့ပါဘူး။ အမှတ်ပေးဇယား ထိပ်ပိုင်း အသင်းနှစ်သင်း ဖြစ်တဲ့ ဒေါ့မန်၊ ဖရိုင်းဘတ်တို့ ရှုံးပွဲ ကိုယ်စီ ကြုံတွေ့ခဲ့တဲ့ အတွက် လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ ကတော့ ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန်လာဖို့ ရှိနေပါတယ်။
 

လာမယ့်ပွဲစဉ်များ

လိုက်ပ်ဇ် အနေနဲ့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဟော့ဖန်ဟိမ်းကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဒေါ့မန် ကတော့ အိမ်ကွင်းမှာ စတုဂတ် အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်