နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဆုံးသတ် လိုအပ်ချက်တွေကြောင့် သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ အဲဗာတန်နဲ့ စပါး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အဲဗာတန် ဝ – ၀ တော့တင်ဟမ်ဟော့စပါး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ ဂိုးမရှိ သရေ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ စပါးတို့ နည်းပြသစ် လက်အောက်မှာ ပုံစံကောင်းတစ်ခု ပြန်မြင်နေရပြီလို့ပဲ ဆိုရပါမယ်။ အဲဗာတန် ကတော့ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် အနိုင်ရလဒ် မယူနိုင်ခဲ့တာ ကတော့ နစ်နာခဲ့တယ်လို့ပဲ ဆိုရပါလိမ့်မယ်။ တိုက်စစ် ကစားသမားကောင်းတွေ ကိုယ်စီ ပိုင်ဆိုင်ထားပေမယ့် ဂိုးတစ်ဂိုးမှ မရခဲ့တာ ကတော့ နှစ်ဖက် ခံစစ် ကစားသမားတွေ ခြေစွမ်းကောင်း ပြသနိုင်ခဲ့တာကြောင့် လို့တောင် ပြောလို့ ရပါတယ်။
 

ပွဲစဉ်အကျဉ်း

အခုပွဲ အပြီး မှာတော့ အဲဗာတန်တို့ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

အမှတ်ပေးဇယား အလယ်အလတ် အသင်းတွေ ဖြစ်လို့ နိုင်ပွဲအတွက် အာရုံအပြည့်စိုက်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အထူးသဖြင့် နည်းပြ ကွန်တီကြောင့် စပါးတို့ နိုင်ပွဲ ပိုပြီး ဆာလောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဗာတန်ရဲ့ ကစားပုံကောင်းကြောင့် အဝေးကွင်းမှာ ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့သလို တကယ်တမ်းမှာလည်း ဂိုးရလုနီးပါး အခွင့်အရေးတွေ ရခဲ့ပေမယ့် လက်တွေ့ မမြင်ခဲ့ရဘူး လို့ပဲဆိုရမှာပါ။ ရီချာလီဆန် တစ်ဦးတည်းကို တိုက်စစ် အထောင်ထားပြီး တောင်းဆန့်၊ ဂါရေးလ်၊ အလန်၊ ကိုးလ်မန်း တို့နဲ့ အဲဗာတန်တို့ လူစုံခဲ့ပါတယ်။ ၃-၄-၁-၂ အခြေပြုခဲ့တဲ့ စပါးအသင်း ကတော့ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ လူးကပ်စ်မိုရာ၊ အီမာဆန်၊ ဒီယာတို့ကို ပွဲထွက် အဖြစ် အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့် နှစ်ဖက်အသင်း တိုက်စစ်တွေ လိုအပ်ချက် မြင့်မားခဲ့သလို အခွင့်အရေး အသုံးမချ နိုင်ခဲ့မှုတွေက သွင်းဂိုးတွေ ရဖို့ ရုန်းကန်စေရတဲ့ အထိ ဖြစ်ခဲ့တာပါ။ အဲဗာတန်ဘက်က နောက်ခံလူတွေဖြစ်တဲ့ ဂေါ့ဖရေးလ်၊ ကိန်း၊ ဒစ်ဂျ်နီ၊ ကိုးလ်မန်းတို့ စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ စပါးဘက်ကလည်း ဗဟိုနောက်ခံလူတွေ ဖြစ်တဲ့ ဒါးဗီးစ်၊ ဒီယာ၊ ရိုမာရိုတို့ တည်ငြိမ်ခဲ့သလို ဂိုးသမား လိုရစ်ရဲ့ ကာကွယ်နိုင်မှု တွေကလည်း အက္ခရာဖြစ်ခဲ့ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု ၄၅-၅၅ ရာခိုင်နှုန်း ရှိခဲ့လို့ ခြေစွမ်းပိုင်းလည်း ကွာဟမှု သိပ်မရှိခဲ့ပါဘူး။ ပွဲပြီးဆုံးချိန် အထိ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့လို့ သရေ ရလဒ် နဲ့သာ ပွဲပြီးဆုံး ခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

 
နည်းပြ နှစ်ဦးရဲ့ နည်းဗျုဟာမြောက် အားပြိုင်မှုလို့ ဆိုရမှာပါ။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ အောင်မြင်မှု ဆုဖလားတွေ ရယူ ပေးနိုင်ခဲ့သူတွေ ဖြစ်လို့ အမှား မရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။ နှစ်ဖက် တိုက်စစ် ကစားသမား တွေရဲ့ အမှားများစွာကို မြင်တွေ့ခဲ့ရသလို နောက်တန်း ကစားသမား တွေကလည်း အမှားကင်းခဲ့ကြပါတယ်။ စိုးရိမ်စရာ တစ်ခုက စပါးအသင်း တိုက်စစ်ပါ။ ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့လို ကစားသမားမျိုးတွေ ပိုင်ဆိုင် ထားပေမယ့် ဂိုး ပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာ မဖြစ်သင့်ပါဘူး။ အဲဗာတန်ဘက်က ရီချာလီဆန် လိုအပ်ချက် များခဲ့တယ် ဆိုပေမယ့် တောင်းဆန့်၊ အလန်၊ ဂါရေးလ်တို့က ပြိုင်ဘက်ကို အကောင်းဆုံး ဖိအားပေး နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဖက် နောက်တန်းရဲ့ အမှားကင်းမှုက သရေရလဒ် ထွက်ပေါ်လာဖို့ကို ဦးတည် သွားစေတယ်လို့ ဆိုရမှာပါ။ နိုင်ပွဲ အတွက် ပြင်ဆင်ခဲ့ကြတယ် ဆိုပေမယ့် သရေ ရလဒ်က နှစ်သင်းလုံး အတွက် အမျှတဆုံး အဖြေ ရလဒ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အခုပွဲ အပြီး မှာတော့ အဲဗာတန်တို့ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အဲဗာတန် အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာစီးတီးရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး တော့တင်ဟမ်ဟော့စပါး ကတော့ အိမ်ကွင်းမှာ လိဒ်စ်ယူနိုက်တက်ကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်