နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေ တစ်မှတ်စီ ခွဲယူခဲ့ကြတဲ့ မီလန်ဒါဘီ (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

အေစီမီလန် ၁ – ၁ အင်တာမီလန်

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ မီလန်ဒါဘီ ကတော့ အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုတွေနဲ့အတူ ပရိသတ် အကြိုက် ဖြစ်ခဲ့ပါတယ်။ နှစ်ဖက် တိုက်စစ် ကစားသမားတွေ ဂိုးမသွင်းနိုင်ဘူး ဆိုပေမယ့် အကောင်းဆုံး ပုံစံတွေ မြင်တွေ့ ခဲ့ရတာကတော့ ကျေနပ်စရာလို့ ပြောရမှာပါ။ နှစ်ဖက် ကွင်းလယ် ကစားသမားတွေ အစွမ်းပြခဲ့တဲ့ စီးရီးအေ ပွဲစဉ် တစ်ပွဲလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

 
၄-၂-၃-၁ နဲ့ ပွဲထွက်လာတဲ့ အေစီမီလန်ရဲ့ အစုအဖွဲ့မှာ အေဘရာဟီမိုဗစ်ချ်က ဦးဆောင်ခဲ့ပြီး ကရူနစ်၊ ဒီရက်ဇ်၊ တိုနယ်လီတို့နဲ့ လူစုံခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ အင်တာမီလန် ကတော့ ဒီဇီကို၊ မာတီနက်ဇ်၊ ပါရီဆစ်၊ ဘရိုဇိုဗစ်၊ ကယ်ဟာနိုဂလူတို့ကို ပွဲထွက် အဖြစ် အသုံးပြုလာခဲ့တာပါ။ ပွဲအစကတည်းက ဂိုးရဖို့ အားစိုက်ခဲ့ကြလို့ အပြန်အလှန် တိုက်စစ်ဆင်မှုတွေ နဲ့အတူ ပရိသတ်အကြိုက် ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၁၁ မိနစ် မှာတော့ အေစီမီလန်တို့ အဖျက်ကြမ်းခဲ့လို့ ရရှိခဲ့တဲ့ ပင်နယ်တီကို ကယ်ဟာနိုဂလူက အမှားအယွင်းမရှိ အဆုံးသတ်ပြီး ဂိုးအဖြစ် ရယူ နိုင်ခဲ့ပါတယ်။ အသင်းဟောင်း ဘက်ကို ဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ကယ်ဟာနိုဂလူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို မြင်ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမဲ့ ၆ မိနစ် အကြာ ပွဲချိန် ၁၇ မိနစ်မှာ အင်တာမီလန် နောက်ခံလူ ဒီဗာ့ဂျ်ရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့ခြင်းက အေစီမီလန် အတွက် ချေပဂိုး ဖြစ်လာခဲ့ပါတယ်။ အစောပိုင်း ပွဲချိန်မှာ ကတည်းက ဂိုးတွေ ရရှိခဲ့လို့ တိုက်စစ်ပိုင်းကို ပိုပြီး အားပြု ကစားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ အင်တာမီလန်တို့က အခွင့်အရေး ပိုရခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ အင်တာမီလန်တို့ ဒုတိယမြောက် ပင်နယ်တီ ရရှိခဲ့ပေမယ့် တိုက်စစ်မှူး မာတီနက်ဇ် လွဲချော်ခဲ့ပါတယ်။ ပင်နယ်တီ လွဲချော်မှုက အေစီမီလန် အတွက် အခွင့်အရေး ဖြစ်ခဲ့သလို နောက်ပိုင်းမှာ တိုက်စစ်ကို ပိုပြီး ပီပီပြင်ပြင် ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းမှာ အေစီမီလန်တို့ အခွင့်အရေး ပိုပြီး ရရှိခဲ့သလို ဘောလုံး ပိုင်ဆိုင်မှုပိုင်းလည်း ပိုသာခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းမှု ၁၆ ကြိမ် အထိ ပြုလုပ် နိုင်ခဲ့ပေမယ့် အင်တာမီလန် ခံစစ်နဲ့ ဂိုးသမားတို့ ကာကွယ် နိုင်ခဲ့တဲ့ အတွက် ဂိုးတော့ထပ်မရခဲ့ပါဘူး။ လက်ကျန် ပွဲချိန်တွေမှာတော့ ဂိုးရလုနီးပါး အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ကြရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အေစီမီလန် အနေနဲ့ လာမယ့် အီတလီ စီးရီးအေ ပွဲစဉ်မှာ ဖီအိုရင်တီးနားရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး အင်တာမီလန် ကတော့ အဆင့် ၁ နေရာက နာပိုလီကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အေစီမီလန်

အစဉ်အလာတွေ အတိုင်း ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်အဖြစ် မြင်တွေ့ခဲ့ရပါတယ်။ အဆင့် ၂ နေရာက အေစီမီ လန်နဲ့ လက်ရှိ ချန်ပီယံ အင်တာမီလန်တို့ရဲ့ ပြိုင်ဆိုင်မှုက ဟိုအရင် မီလန် ဒါဘီတွေထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်ဖက် တိုက်စစ် ကစားသမားတွေဆီက ဂိုးတွေ မမြင်ရခဲ့ပေမယ့် ကွင်းလယ် ကစားသမားတွေရဲ့ ပုံစံကောင်းကို မြင်တွေ့ခွင့် ရခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒီဇီကို၊ မာတီနက်ဇ်တို့ရဲ့ ကစားအားနဲ့ အင်တာမီလန်တို့ ဖိကစားခဲ့တယ် ဆိုပေမယ့် အေစီမီလန်ရဲ့ ခံစစ်မှာ တိုမိုရီ အကောင်းဆုံး ပုံစံ ရှိနေခဲ့လို့ ဂိုးရဖို့ ရုန်းကန် ခဲ့ရပါတယ်။ ပင်နယ်တီ ၂ ကြိမ် ရရှိခဲ့တဲ့ အထိ ကြံ့ခိုင်မှု အသားပေး ကစားခဲ့ခြင်း နဲ့အတူ ကြမ်းကြမ်းတမ်းတမ်းကို ကစား ခဲ့ကြတာလည်း ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ နှစ်ဖက် နည်းပြနှစ်ဦးရဲ့ ဗျူဟာပိုင်းက ထပ်တူညီ ကျနေလို့ သရေ ရလဒ်ကပဲ အထိုက်တန်ဆုံး အဖြေတစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။
 

လာမယ့်ပွဲစဉ်များ

အေစီမီလန် အနေနဲ့ လာမယ့် အီတလီ စီးရီးအေ ပွဲစဉ်မှာ ဖီအိုရင်တီးနားရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး အင်တာမီလန် ကတော့ အဆင့် ၁ နေရာက နာပိုလီကို အိမ်ကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်