နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ဖို့ အတွက် အမှားမခံတမ်း ကစားမယ့် စပိန် အနိုင် သေချာတယ် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

ဂရိ – စပိန်

ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေ ပြီးဆုံးဖို့ ၂ ပွဲသာ လိုအပ်တော့တဲ့ အချိန် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်လာဖို့ ရှိနေပါတယ်။ ဆွီဒင် အသင်းရဲ့ ဦးဆောင်မှုကြောင့် ဒီပွဲမှာ အနိုင်ရမယ့် အသင်းက ခြေစစ်ပွဲ အောင်မြင်နိုင်မယ့် မျှော်လင့်ချက် ရှိလာမှာပါ။ ပထမ အကျော့တုန်းက သရေကျထားခဲ့တဲ့ အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့လို့ ဒုတိယ အကျော့ ပွဲစဉ်မှာ ဘယ်အသင်းက အသာရပြီး နောက်တစ်ဆင့် တက်ရောက်ခွင့်ကို ပိုင်ဆိုင်နိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

 
ဂရိရဲ့အခြေအနေက ဘာမဆို ဖြစ်လာနိုင်တဲ့အခြေအနေပါ။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဆွီဒင်ကို အရေးနိမ့်ခဲ့လို့  ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် ပိုပြီး အားစိုက်ရဖို့ ဖြစ်လာတာလည်း ဖြစ်ပါတယ်။ ဂရိရဲ့ အားနည်းချက်က ခံစစ် တိုက်စစ် မမျှတာပါပဲ။ ခံစစ် ကစားပုံကို ဦးစားပေးတယ် ဆိုပေမယ့် တကယ်တမ်းမှာတော့ ဂရိတို့ ရုန်းကန်နေရဆဲ ပါပဲ။ အုပ်စုပွဲစဉ် ၆ ပွဲ ကစားပြီးချိန်မှာ ၆ ဂိုး ပေးထားရတဲ့ အခြေအနေက ပျှမ်းမျှ တစ်ပွဲ ၁ ဂိုးနှုန်း ဖြစ်နေတာပါ။ အုပ်စုတွင်း အသင်းတွေထဲမှာ ဆွီဒင်၊ စပိန်တို့နဲ့ တွေ့ဆုံမှု ရလဒ်တွေက အဆုံးအဖြတ် ပေးမယ့် ပွဲစဉ်တွေ ဖြစ်လို့ ဒီပွဲကိုတော့ အိမ်ရှင် အသင်းပီပီ အမှားမခံပါဘူး။ ပထမ အကျော့တုန်းက အဝေးကွင်း ကစားခဲ့ရပေမယ့် သရေ ရလဒ် ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့တဲ့ အခြေအနေလိုမျိုး ပြင်ဆင်လာဖို့ ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲရှုံး၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် နဲ့အတူ တိုက်စစ်က ၆ ဂိုးသွင်း ၆ ဂိုး ပြန်ပေး ထားရတာ ကိုတော့ သတိပြုရမှာပါ။ အဆုံးအဖြတ် ပွဲစဉ်ဖြစ်လို့  နှစ်သင်းလုံး တိုက်စစ် အသားပေး ကစားကွက်ကို ပိုပြီး အသုံးပြုလာဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဆွီဒင်ကို အရေးနိမ့်ခဲ့လို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အတွက် ပိုပြီး အားစိုက်ရဖို့ ဖြစ်လာတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (B)ရဲ့ တတိယနေရာမှာ ရပ်တည်နေတဲ့ ဂရိ

စပိန် အသင်း ကတော့ ဒီနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အထိုက်အလျောက် ရုန်းကန် နေရတယ်လို့ ဆိုရမှာပါ။ ၆ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၁ပွဲ သရေ၊ ၁ ပွဲရှုံး ဆိုတဲ့ ရလဒ်က အုပ်စု ပထမ နေရာ ရယူဖို့ မလုံလောက်ခဲ့ပါဘူး။ အထူးသဖြင့် အဓိက ပြိုင်ဘက် ဆွီဒင်ကို အရေးနိမ့်ခဲ့တာက လက်ကျန် ပွဲစဉ်တွေမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်လာခဲ့ပါတယ်။ နေရှင်းလိဂ်နဲ့ ယူရိုဖလား ပြိုင်ပွဲမှာ အထိုက်အလျောက် လုပ်ပြ နိုင်ခဲ့တယ် ဆိုပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာတော့ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဂရိနဲ့ ပွဲမှာသာ အနိုင်မရခဲ့ဘူး ဆိုရင် စပိန်အတွက် ကတော့ မျှော်လင့်ချက် ဝေးဖို့ ရှိနေပါတယ်။ အဲ့ဒီအတွက် လုံးဝ အမှားမခံနိုင်တဲ့ အခြေအနေ အတွက် စပိန် နည်းပြ အန်းနရစ် တစ်ယောက်လုံး အမှားမခံပါဘူး။ အထူးသဖြင့် အုပ်စု နောက်ဆုံး ပွဲစဉ်က ဆွီဒင်နဲ့ ကစားရမှာ ဖြစ်လို့ ဒီပွဲကို စပိန်တို့ လုံးဝ ရှုံးလို့ မဖြစ်တော့တဲ့ အခြေအနေ ဖြစ်နေခဲ့တာပါ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခွင့် မျှော်လင့်ချက် အတွက် စပိန်ရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ ရလိမ့်မယ် လို့ပဲ မျှော်လင့်ရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၁၁ ကြိမ်မှာ ဂရိက ၁ ကြိမ်သာ နိုင်ထားပြီး စပိန်က ၇ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျ ထားခဲ့ပါတယ်။ အစဉ်အလာ အရ စပိန်တို့ အပြတ်အသတ် အသာရထားပေမယ့် ပထမ အကျော့ ထိပ်တိုက် တွေ့ဆုံမှု မှာတော့ ၁-၁ သရေရလဒ် ထွက်ပေါ်ထားခဲ့တာပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဂရိ – စပိန် အချိန်ပြည့် 1X2 ဧည့်သည် @ ၁.၄၆ ဆ
နိုဝင်ဘာလ ၁၂ ရက်၊ မနက် ၂:၁၅ နာရီ ( GMT+ ၆:၃၀)

1×2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင်အသင်း အတွက် ၆.၀၀ ဆ၊  သရေ အတွက် ၄.၂၀ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၄၄ဆ ကြေးဖွင့်ထားပါတယ်။ ဂရိရဲ့ အခြေအနေက စပိန် အသင်းဆီက အမှတ်ခွဲယူနိုင်ဖို့ လုံလောက်တဲ့ အခြေအနေမှာ ရှိနေတယ် ဆိုပေမယ့် ဒီပွဲမှာတော့ ထင်သလောက် မလွယ်ပါဘူး။ စပိန်အသင်း ကလည်း နောက်ဆုံး မျှော်လင့်ချက် အတွက် မဖြစ်မနေ အနိုင်ရဖို့ ပြင်ဆင်လာမှာပါ။ ဂရိ အနေနဲ့ ခံစစ်ကိုပဲ အသားပြုလာမှာ ဆိုပေမယ့် အမှား များနေဆဲ အခြေအနေ ဖြစ်လို့ စပိန်တို့ အခွင့်အရေး ယူနိုင်ဖို့တော့ လိုအပ်ပါတယ်။ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေ တဲ့ အသင်းတွေ ဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ချင်ပါတယ်။ အခွင့်အရေး နည်းတယ် ဆိုပေမယ့် ဂိုးအများဘက်ကို ပိုပြီး ဦးတည်နိုင်တယ်လို့ သုံးသပ် ချင်ပါတယ်။ ရွေးချယ်မှု တစ်ခု အနေနဲ့ ကတော့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား ပိုပြီး ရှိနေတဲ့ စပိန်ကိုပဲ အားပေးရမှာပါ။ စပိန်အနိုင်သေချာပါတယ်။

ခန့်မှန်းရလဒ် (၁-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်