နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တစ်နေရာ အတွက် အကြိတ်အနယ် နွှဲကြမယ့် အာမေးနီးယားနဲ့ မြောက်မက်ဆီဒိုးနီးယား (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

အာမေးနီးယား – မြောက်မက်ဆီဒိုးနီးယား

ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play off တစ်နေရာစာ အတွက် မျှော်လင့်ချက် ရှိနေသေးတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။ လက်ရှိ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု (J)မှာ ရမှတ်တူ အဆင့် ၃နဲ့ ၄ နေရာမှာ ရပ်တည်နေပြီး အုပ်စု ဒုတိယနေရာကို အခိုင်အမာ ရရှိရေး နှစ်သင်းလုံး အမှားခံလို့ မရတဲ့ ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။

အာမေးနီးယားဟာ ဥရောပဇုန် အုပ်စု အဖွင့် ပွဲစဉ် ၃ ပွဲဆက် အနိုင်ရရှိမှုနဲ့ အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ တာထွက်ကောင်းခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ လက်ရှိ မှာတော့ ခြေစစ်ပွဲ အောင်မြင်ဖို့တောင် တော်တော်လေး ရုန်းကန်နေရပြီး လက်ကျန်ပွဲစဉ်တွေက တဖြည်းဖြည်းနဲ့ အဆုံးအဖြတ် ဖြစ်လာခဲ့ပြီလို့ ဆိုရပါမယ်။ အဲ့ဒီ ၇ ပွဲမှာ သရေ ၄ ပွဲနဲ့ ရှုံးပွဲ ၃ ပွဲ အထိ ရှိခဲ့တဲ့ အာမေးနီယားတို့ရဲ့ ခြေစွမ်းက လုံးဝ အကျဘက်ကို ရောက်နေတာ တွေ့ရပါတယ်။ Play off တစ်နေရာ အတွက် အရေးပါတဲ့ ရိုမေးနီးယားနဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တဲ့ အာမေးနီးယားတို့ မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာ အနိုင်ရမှသာ မျှော်လင့်ချက် ရှိတော့မှာ ဖြစ်လို့ ကျိန်းသေပေါက် အားစိုက် ကစားလာနိုင်ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ကတ်ပါရိုရဲ့ အဓိက ကစားသမား ၄ ဦး ဖြစ်တဲ့ ဆာဂျစ် အက်ဒမ်ရန်၊ အက်ဒဝက် စပါစ်ရန်၊ တာရွန် ဗော့စ်ကန်ရန်၊ ဗာရက်ဇတ် ဟာရိုရန် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၆ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ဂျာမနီနဲ့ အတွေ့မှာ ၄ ဂိုးပြတ် ရှုံးနိမ့်ထားခဲ့ပြီး ပုံစံကောင်းတစ်ခု ရပ်တန့်သွားခဲ့ပါတယ်။ ယူရို ၂၀၂၀ အပြီး နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ လက်ချင်စတိန်း တစ်သင်း တည်းကို ၀-၄ ရလဒ်နဲ့ အနိုင်ရထားခဲ့ပြီး ကျန် ၄ ပွဲမှာ မြောက်မက်ဆီဒိုးနီးယား၊ အိုက်စလန်၊ ရိုမေးနီးယားတို့ကို သရေ ကစားထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ဂျာမနီကို ဂိုးပြတ် အရေးနိမ့်ထားခဲ့တယ် ဆိုပေမယ့် ဘလာဂိုဂျာ မီလက်ဗ်စကီးရဲ့ အသင်း ခြေစွမ်းက လျော့တွက်လို့တော့ မရပါဘူး။ အက်ဇ်ဂျန် အဲလီယော့စကီး၊ အဲလ်မက်စ်၊ အဒီမီ၊ ရစ်စတော့ဗ်စကီး၊ ဒါကို ချာလီနော့ဗ် တို့လို ဥရောပ အတွေ့အကြုံ ရှိတဲ့ ကစားသမား အများစု ပါဝင်နေတဲ့ မြောက်မက်ဆီဒိုးနီးယား အနေနဲ့ ဂျာမနီလို အသင်းကြီး တစ်သင်းကို ယှဉ်မကစားနိုင်ရင်တောင် ခြေရည်တူ အသင်းတွေ ထက်တော့ ခေါင်းတစ်လုံး အမြဲသာနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

??
အာမေးနီးယား – မြောက်မက်ဆီဒိုးနီးယား အချိန်ပြည့် ဂိုးအောက် ၂.၅၀ @ ၁.၇၂ ဆ
နိုဝင်ဘာလ ၁၁ ရက် , ည ၁၁:၃၀ နာရီ (GMT + ၆:၃၀)

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ် မှာတော့ အပြန်အလှန် ရှိခဲ့တာ တွေ့ရပြီး အာမေနီးယားတို့ ၃ ကြိမ်နိုင်၊ မြောက်မက်ဆိဒိုးနီးယားက ၂ ကြိမ်နိုင်၊ ၂ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ပထမအကျော့ မှာတော့ မြောက်မက်ဆီဒိုးနီယား ကွင်းမှာ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။

1×2 ရဲ့ ပေါက်ကြေးအရ အင်္ဂလန် အတွက် ၂.၇၀ ဆနဲ့ ဟန်ဂေရီ အတွက် ၂.၃၇ ဆ ကြေးဖွင့်ထားပြီး သရေ အတွက် ၃.၂၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နှစ်သင်းလုံး Play-Off တစ်နေရာ အတွက် အားစိုက် ကစားလာမှာ မှန်ပေမယ့် သရေ ရလဒ် ကသာ အမျှတဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ မြောက်မက်ဆီဒိုးနီးယား ဘက်မှာ ကစားသမား ကောင်းတွေ ပိုများပေမယ့် အာမေးနီးယားရဲ့ ခံစစ် စွမ်းဆောင်ရည် ကလည်း မဆိုးတာကြောင့် နှစ်သင်းပေါင်း ဂိုးပေါင်း အောက်နဲ့ သရေ ရလဒ်ကိုပဲ မျှော်လင့်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်