နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုင်ယာလန် ဂိုးသမားရဲ့ လက်စွမ်းပြမှုကြောင့် အုပ်စု နောက်ဆုံးပွဲအထိ အားစိုက်ရတော့မယ့် ပေါ်တူဂီ | ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပွဲပြီးသုံးသပ်ချက်)

အိုင်ယာလန် ဝ-၀ ပေါ်တူဂီ

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (A)ရဲ့ ပွဲစဉ် ၉ မှာတော့ အိုင်ယာလန်နဲ့ ပေါ်တူဂီတို့ ဂိုးမရှိ သရေကျခဲ့ပြီး ၁ မှတ်စီ ခွဲယူခဲ့ကြပါတယ်။ ပေါ်တူဂီ အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ခြေစစ်ပွဲ မျှော်လင့်ချက် လုံးဝ မရှိတော့ပေမယ့် ဂုဏ်သိက္ခာအရ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ အိုင်ယာလန်တို့ အကောင်းဆုံး ပုံစံမှာ ရှိနေခဲ့ပါတယ်။ အခွင့်အရေး ဆတူ ရရှိခဲ့တဲ့ အပြင် အသင်းလိုက် ကစားပုံ ကောင်းခဲ့လို့ ပေါ်တူဂီတို့ ဘယ်လိုမှ မတတ်နိုင်ဘဲ သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

၃-၄-၃ နဲ့ ပွဲထွက်လာတဲ့ အိုင်ယာလန်ရဲ့ အခင်းအကျင်းမှာ ရော်ဘင်ဆင်၊ အိုဂျ်ဘီနီ၊ မက်ဂရက်တ်တို့ ဦးဆောင် လာခဲ့ပြီး ဒိုဟာတီ၊ ဘာဇူနူတို့နဲ့ လူစုံခဲ့ပါတယ်။ အနိုင်ရဖို့ လိုအပ်ခဲ့တဲ့ ပေါ်တူဂီ ကတော့ အန်ဒရီဆေးဗားလ်၊ စီရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ ဆီမီဒို၊ ပီပီတို့ကို ပွဲထုတ်လာခဲ့ပါတယ်။ ပွဲစစချင်းမှာ အထနှေးနေတဲ့ ပေါ်တူဂီရဲ့ အခြေအနေကို အိမ်ရှင်တို့ အကောင်းဆုံး အခွင့်အရေး ယူနိုင်ခဲ့ပါတယ်။ အားသန်တဲ့ တောင်ပံ တိုက်စစ်ကနေ တရစပ် တိုက်စစ် ဆင်မှုတွေက ပေါ်တူဂီ နောက်တန်းကို အလုပ်ရှုပ်စေခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲချိန် ၁၀ မိနစ် နောက်ပိုင်းမှ ပေါ်တူဂီတို့ ကစားကွက် တည်ငြိမ်လာပြီး အခွင့်အရေးတွေ ရရှိလာခဲ့ပါတယ်။ အန်ဒရီဆေးဗားလ်ရဲ့ ကန်ချက် တိကျခဲ့ပေမယ့် အိုင်ယာလန် ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ဂိုးမရခဲ့တာပါ။ နောက်ပိုင်း ပွဲချိန်တွေမှာ နှစ်သင်းလုံးရဲ့ တိုက်စစ် ကစားသမားပုံတွေ ထက်မြတ်ခဲ့ခြင်း နဲ့အတူ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ကွင်းလယ်မှာသာ ဘောလုံး အပျက်များနေခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု  ၄၉- ၅၁ ရာခိုင်နှုန်း ဖြစ်ခဲ့လို့ ပြိုင် ဆိုင်မှု ပြင်းထန်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။ ဒုတိယပိုင်းမှာ ရီနာတိုဆန်းချက်ဇ်၊ ဂျာအိုဖီးလစ်တို့ ထည့်သွင်းပြီး ပေါ်တူဂီတို့ တိုက်စစ် မြှင့်ခဲ့ပေမယ့် အိမ်ရှင် အသင်းရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။ ပွဲပြီးခါနီးလေ ကြံ့ခိုင်မှု အသားပေး ကစားလေ ဖြစ်လာတဲ့ အတွက်  ပေါ်တူဂီ ဝါရင့် နောက်ခံလူပီပီ ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရလို့ အိုင်ယာလန်တို့ အခွင့်အရေး ဖြစ်လာခဲ့ပါ သေးတယ်။ ဒါပေမဲ့ ပွဲချိန် ပြီးဆုံးတဲ့ အထိ ဂိုးထပ်မရခဲ့လို့ ဂိုးမရှိ သရေ ရလဒ်နဲ့သာ နှစ်သင်းလုံး ကျေနပ်ခဲ့ရပါတယ်။ ဒီရလဒ်ကြောင့်ပဲ ပေါ်တူဂီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ နောက်ဆုံးပွဲမှာ ဆာဘီးယားကို အနည်းဆုံး သရေ ကစားဖို့ လိုအပ်သွားခဲ့ပါတယ်။ အိုင်ယာလန် ကတော့ အစောပိုင်းမှာ ပြောခဲ့သလိုပဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် မရှိတော့တဲ့ အသင်းဖြစ်လို့ သရေ ၁ မှတ်က ဂုဏ်သိက္ခာ အတွက်ပဲ ဖြစ်ခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဂုဏ်သိက္ခာ အရ အိုင်ယာလန်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာပါ။ အမှတ်မလိုတော့တဲ့ အခြေအနေမှာ အိုင်ယာလန် အတွက် ဖိအားနည်းတဲ့ ပွဲလည်းဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအတွက် ကတော့ အမှတ်ပေးဇယားကို ဦးဆောင်နေဆဲ ဆိုပေမယ့် ဒီပွဲ သရေ ရလဒ်ကြောင့် အုပ်စုနောက်ဆုံး ပွဲစဉ်အထိ ရုန်းကန်ရတော့မှာပါ။ အဓိက ကစားသမား အစုံအလင် ပါဝင်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့တဲ့ ပေါ်တူဂီ တိုက်စစ် အတွက်ကတော့ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ ကစားပုံကောင်းကို မြင်တွေ့ခဲ့ရသလို အိုင်ယာလန် ဂိုးသမား ဘာဇူနူရဲ့ စွမ်းဆောင်နိုင်မှု တွေကတော့ ထိပ်တန်း အဆင့်တစ်ခု အဖြစ် သတ်မှတ်ရမယ့် အထိ ကောင်းမွန်ခဲ့တာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အိုင်ယာလန် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ လူဇင်ဘတ်ရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ပေါ်တူဂီ အသင်း ကတော့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အရေးပါဆုံး ပြိုင်ဘက် ဖြစ်လာမယ့် ဆားဘီးယား အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ရင်ဆိုင်ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်