နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

Play-Off တစ်နေရာအတွက် အနိုင် ၃မှတ်အပြည့် ယူနိုင်ခဲ့တဲ့ စကော့တလန် | ကမ္ဘာ့ဖလားခြေစစ်ပွဲ(ပွဲပြီးသုံးသပ်ချက်)

မော်လ်ဒိုဗာ ဝ – ၂ စကော့တလန်

ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုပွဲစဉ် ၉ မတိုင်မီကစကော့တလန်နဲ့ အစ္စရေးလ်တို့ မျှော်လင့်ချက် ကိုယ်စီရှိနေခဲ့တာပါ။ဒါပေမဲ့ အစ္စရေးလ်ကသြစတြီးယားကိုအရေးနိမ့်ခဲ့ပြီးနောက် စကော့တလန်တို့ Play-Off တစ်နေရာသေချာသွားခဲ့ပါတယ်။ အိမ်ရှင်မော်လ်ဒိုဗာကတော့ စကော့တလန်ဆီကနေအမြင့်ဆုံးသရေတစ်မှတ်ပဲမျှော်လင့်နိုင်တဲ့အခြေအနေဖြစ်ပေမယ့် အကောင်းဆုံးရင်ဆိုင်သွားခဲ့တယ်လို့ပဲဆိုရမှာပါ။ အနိုင်ရခဲ့တဲ့ စကော့တလန်အသင်းကတော့ ၁၉၉၈ နောက်ပိုင်းကမ္ဘာ့ဖလားပြိုင်ပွဲအိပ်မက်ကိုပြန်ပြီးမက်နိုင်ခဲ့ပြီးလည်းဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ခြေစစ်ပွဲမျှော်လင့်ချက်အတွက် စကော့တလန်တို့အကောင်းဆုံးပြင်ဆင်ခဲ့သလိုမော်လ်ဒိုဗာကလည်းအိမ်ရှင်အသင်းပီပီအတည်ငြိမ်ဆုံးတုံ့ပြန်ခဲ့ပါတယ်။ အမ်စထရောင်း၊ ချီအဒမ်၊ မက်ဂျင်း၊ ရော်ဘတ်ဆင်၊ ဂီမောလ်အစရှိတဲ့ ပရီးမီးယားလိဂ်ကစားသမားအများစုကိုအသုံးပြုခဲ့တဲ့ စကော့တလန်တို့ ကစားကွက်ပိုင်းတည်ငြိမ်ခဲ့ပါတယ်။ မော်လ်ဒိုဗာကတော့ ၃-၅-၂ နဲ့ပွဲထွက်လာပေမယ့် တကယ်တမ်းမှာတော့ ခံစစ်ဇုန်ထဲမှာ ၇ယောက်လောက် အထိရှိနေခဲ့တာပါ။ ပွဲအစကတည်းကစကော့တလန်ရဲ့ တစ်ဖက်သတ်ဖိအားပေးမှုကတော်တော်လေးအလုပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရှင်အသင်းရဲ့ တန်ပြန်တိုက်စစ်ကလည်းစကော့တလန်ဂိုးသမားဂေါ်ဒွန်ကိုအခက်တွေ့စေခဲ့တဲ့အထိလုပ်ပြနိုင်ခဲ့တာပါ။ ပွဲချိန်၃၈မိနစ်မှာစကော့တလန်တို့ဦးဆောင်ဂိုးရခဲ့ပြီးပီတာဆန်ကအလှည့်အပြောင်းဖြစ်စေမယ့်ဂိုးအဖြစ်ရယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဂိုးပေးလိုက်ရပြီးတဲ့နောက် မော်လ်ဒိုဗာကိုတန်ပြန်တိုက်စစ်ထက် ခံစစ်ကိုပဲပိုပြီးအသားပြုခဲ့ပါတယ်။ ဒါ့အပြင် ကြံ့ခိုင်မှုအသားပေးကစားပုံကြောင့် ပွဲချိန် ၆၁မိနစ်အတွင်းအဝါကဒ် ၄ကဒ်အထိဖြစ်ခဲ့ပါတယ်။ ချေပဂိုးရဖို့အတွက် အိမ်ရှင်အသင်းလူစားလဲမှု ၃ကြိမ်အထိပြုလုပ်ခဲ့ပေမယ့် တကယ်တမ်းဂိုးရသွားတာကတော့ စကော့တလန်အသင်းဖြစ်နေခဲ့ပါတယ်။ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့ပီတာဆန်ရဲ့ဖန်တီးပေးမှုကနေတိုက်စစ်မှူးချီအဒမ်ကပွဲချိန်၆၅မိနစ်မှာဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာပါ။ ၂ဂိုးဆက်တိုက်ပေးလိုက်ရပြီးတဲ့နောက် ခံစစ်ပိုင်းထက် တိုက်စစ်ပိုင်းအတွက် ပြန်ပြီးဖိအားပေးလာတဲ့ အိမ်ရှင်အသင်းရဲ့ကစားပုံကစကော့တလန်နောက်တန်းကိုဖိအားများစေခဲ့ပါတယ်။ ပွဲချိန်၈၂မိနစ်မှာပင်နယ်တီရတဲ့အထိထိရောက်ခဲ့ပေမယ့်ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။နောက်ပိုင်းပွဲချိန်တွေမှာစကော့တလန်တို့ ထိန်းကစားနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ ဝ-၂ ဂိုးရလဒ်နဲ့အနိုင်ရပြီးကမ္ဘာ့ဖလားခြေစစ်ပွဲPlay-Offတစ်နေရာသေချာစေခဲ့တာလည်းဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

မော်လ်ဒိုဗာအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာသြစတြီးယားအသင်းရဲ့ အိမ်ကွင်းကိုသွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပြီးစကော့တလန် ကတော့ ဒိန်းမတ် အသင်းကိုဧည့်ခံယှဉ်ပြိုင် ကစားရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲဥရောပဇုန် အုပ်စု(F)ရဲ့ အောက်ဆုံးမှာရပ်တည်နေတဲ့ မော်လ်ဒိုဗာ

ကစားသမားစုဖွဲ့မှု၊ နည်းပြ၊ ကစားကွက်ဗျူဟာတွေအားလုံးစကော့တလန်တို့အသာရခဲ့တာပါ။ အိမ်ရှင်မော်လ်ဒိုဗာအနေနဲ့ ဂုဏ်သိက္ခာအရအိမ်ကွင်းမှာအကောင်းဆုံးတုံ့ပြန်ခဲ့ပေမယ့် လိုအပ်တဲ့ ရမှတ်ကိုတော့ အရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ အထူးသဖြင့် စကော့တလန်ရဲ့ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမားတွေရဲ့စုဖွဲ့မှုကဒီပွဲအနိုင်ရဖို့ အတွက် လုံလောက်တဲ့အနေအထားမှာရှိနေခဲ့တာပါ။ အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရလောက်တဲ့အခြေအနေဖြစ်ခဲ့ပေမယ့်စကော့တလန်ဝါရင့်ဂိုးသမားဂေါ်ဒွန်ကြောင့်ဖြစ်မလာခဲ့ပါဘူး။ဘောလုံးပိုင်ဆိုင်မှုပိုင်းသိပ်ပြီးကွာဟမှုမရှိခဲ့ပေမယ့် ဂိုးကန်သွင်းမှုပိုင်းနဲ့အခွင့်အရေးရရှိမှုအပိုင်းမှာတော့ စကော့တလန်တို့အပြတ်အသတ်အသာရခဲ့ ပါတယ်။ သေချာတာတစ်ခုကတော့ ပွဲအဖြေပြောင်းလဲနိုင်စွမ်းရှိတဲ့ကစားသမားစုဖွဲ့မှုအသာရတဲ့ စကော့တလန်တို့ပဲအနိုင်ရသွားခဲ့တာပါ။
 

လာမယ့်ပွဲစဉ်များ

မော်လ်ဒိုဗာအနေနဲ့ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာသြစတြီးယားအသင်းရဲ့အိမ်ကွင်းကိုသွားရောက်ယှဉ်ပြိုင်ရဖို့ရှိနေပြီးစကော့တလန်ကတော့ ဒိန်းမတ်အသင်းကိုဧည့်ခံယှဉ်ပြိုင်ကစားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်