နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၉ ပွဲဆက် အနိုင်နဲ့ အတူ ဗိုလ်ဝင်ခံခဲ့တဲ့ ဂျာမနီ | ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပွဲပြီးသုံးသပ်ချက်)

အာမေးနီးယား ၁ – ၄ ဂျာမနီ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်ပေမယ့် ဂျာမနီ ကတော့ အဝေးကွင်း နိုင်ပွဲရအောင် စွမ်းဆောင် ပြသွားနိုင်ခဲ့ပါတယ်။ အိမ်ရှင် အာမေးနီးယား ကတော့ ခြေစစ်ပွဲရဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်ပိုင်း ယိမ်းယိုင်ခဲ့တဲ့ အကျိုးဆက်ကို ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ခဲ့ရသလို ကြံ့ခိုင်မှု အသားပေး ကစားခဲ့ကြလို့ ပင်နယ်တီ သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပါသေးတယ်။
 

ပွဲစဉ်အကျဉ်း

ကိုင်ဟားဗက်ဇ်ကို အထောင်ထားပြီး မူလာ၊ ဆာနေး၊ ဟော့ဖ်မန်း၊ ဂန်ဒိုဂန်တို့ ပါဝင်လာတဲ့ ဂျာမနီ လူစာရင်းက အတောင့်တင်းဆုံး ပုံစံမှာ ရှိနေခဲ့ပါတယ်။ အမ်ခီတာရန် ဦးဆောင်ပြီး ၄-၄-၁-၁ နဲ့ ပွဲထွက်လာတဲ့ အာမေးနီးယားရဲ့ အိမ်ကွင်း ပွဲထွက်ကလည်း အတည်ငြိမ်ဆုံး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမား အင်အားပိုင်း ကွာဟချက်ကြောင့် ဂျာမနီကပဲ ပွဲကို ဦးဆောင်ခဲ့တာပါ။ ပွဲအစ ကတည်းက ခံစစ်နဲ့ တန်ပြန် တိုက်စစ်ကိုပဲ အားစိုက်နေရတဲ့ အာမေးနီးယားတို့ အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲအစ ၁၅ မိနစ်မှာတင် ကိုင်ဟားဗက်စ်က ဂိုးရယူ ပေးနိုင်ခဲ့လို့ ဂျာမနီတို့ စောစောစီးစီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဂိုးပေးလိုက်ရပေမယ့် အာမေးနီးယားရဲ့ ကစားပုံက ထင်သလောက် အကောင်းဘက်ကို ဦးတည်လာခြင်း မရှိပါဘူး။ ပွဲချိန် ၄၅ မိနစ်မှာ ဂန်ဒိုဂန်က ပင်နယ်တီ ကနေတဆင့် ဒုတိယမြောက် ဦးဆောင်ဂိုးကို ဂျာမနီအတွက် ထပ်ပြီး ရယူပေးခဲ့ ပြန်ပါတယ်။ ဒုတိယပိုင်းမှာလည်း ဂျာမနီရဲ့ ဦးဆောင်ခြင်း နဲ့အတူ အိမ်ရှင်တို့ ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ပါတယ်။ ပွဲပြန်စပြီး ၅ မိနစ် အကြာမှာတင် ဂန်ဒိုဂန်က တတိယမြောက် ဦးဆောင်ဂိုး ရယူပေးခဲ့ပြီးနောက် ဂျာမနီတို့ အနိုင်ပြတ်သားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၅၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အမ်ခီတာရန်က အမှားအယွင်း မရှိခဲ့လို့ အိမ်ရှင်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာတော့ နှစ်သင်းလုံး အမှားထိန်း ကစားခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဂျာမနီ အတွက် အနိုင်သေချာမယ့် ဂိုးကိုတော့ ပွဲချိန် ၆၄ မိနစ်မှာ ဟော့ဖ်မန်းက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ သွင်းဂိုး ထပ်ရနိုင်တဲ့ အခွင့်အရေး ကိုယ်စီ ရှိခဲ့ပေမယ့် တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ ဂျာမနီတို့ အုပ်စုတွင်း ၉ ပွဲမြောက် နိုင်ပွဲအဖြစ် အာမေးနီးယား အသင်းကို အနိုင်ရရှိခြင်း နဲ့အတူ ခြေစစ်ပွဲစဉ် တွေကို အဆုံးသတ်ခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အာမေးနီးယား အသင်း ကတော့ အစောပိုင်း အုပ်စု ပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ အမှားများခဲ့လို့ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါပြီ။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု(J) ရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ခဲ့တဲ့ အာမေးနီးယား

နှစ်သင်းလုံး အတွက် အမှတ်မလိုတော့တဲ့ ပွဲစဉ် ဖြစ်ပေမယ့် ဂျာမနီတို့ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ကိုင်ဟားဗက်စ်ကို အထောင်ထားပြီး False 9 ပုံစံ ကစားခဲ့တာက အလုပ်ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အာမေးနီးယား အသင်းကတော့ အိမ်ကွင်းမှာ ထိုက်တန်သလောက် လုပ်ပြနိုင်ခဲ့ပေမယ့် အနိုင် ၃ မှတ်တော့ မယူနိုင်ခဲ့ပါဘူး။ ဥရောပဇုန် အသင်းတွေထဲမှာ အစောဆုံး ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ဂျာမနီ အသင်းကတော့ အဝေးကွင်း ဖြစ်ပေမယ့် ရသင့်ရထိုက်တဲ့ ဂိုးတွေကို အရယူနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ နှစ်သင်းလုံး အတွက် အမျှတဆုံး ပွဲအဖြေ ရလဒ်တစ်ခု ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာမေးနီးယား အသင်း ကတော့ အစောပိုင်း အုပ်စု ပွဲစဉ်တွေမှာ ရလဒ်ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ အမှားများခဲ့လို့ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါပြီ။ ဂျာမနီ ကတော့ ဥရောပဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်တဲ့ အသင်းတွေ ထဲမှာ အစောဆုံး ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းပီပီ တိုက်စစ် အကောင်းဆုံး အသင်း အဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်