နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက် ပေးဂိုး မရှိ အနိုင်ရခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၃ – ၀ ဆောက်သမ်တန်

စနေနေ့ညရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ အာဆင်နယ်တို့ ဆောက်သမ်တန်ကို အိမ်ကွင်း အန်းမရိတ်စ်မှာ လာကာဇက်၊ အိုဒီဂတ်၊ ဂါဘရီရယ် တို့ရဲ့ သွင်းဂိုးတွေနဲ့ သက်တောင့် သက်သာ အနိုင်ရသွားခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ ပြီးခဲ့တဲ့ ၂ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့သလို ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၆ ပွဲ အထိ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မာတင် အိုဒီဂတ် အနေနဲ့ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အိုဒီဂတ်ရဲ့ သွင်းဂိုး ၂ ဂိုး ကိုတော့ တီယာနေးက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အာဆင်နယ်တို့ အဲဗာတန်နဲ့ ပွဲက လူစာရင်း အတိုင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပြီး အသင်းခေါင်းဆောင် အော်ဘာမီယန်း ကတော့ စည်းကမ်း ဖောက်ဖျက်မှုကြောင့် အယောက် ၂၀ လူစာရင်း ကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။ ဆောက်သမ်တန် ဘက်မှာတော့ ဆယ်လီဆူ၊ ရိုမီယူ၊ မက်ကာသီ၊ အမ်းစထရောင်း တို့ လွဲချော်ခဲ့ပြီး ဘရိုဂျာ၊ ဝက်ပရောက်စ်၊ ရက်ဒ်မွန်၊ ဘက်ဒ်နာရက်ခ်၊ လစ်ဗရာမန်တို့ ပါဝင်လာလို့ တောင့်တင်းတဲ့ စုဖွဲ့နဲ့ အန်းမရိတ်စ်မှာ လာရောက် ရင်ဆိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း စိန့်တို့ အိမ်ကွင်း ပွဲစဉ် တွေမှာ သိသိသာသာ ခြေစွမ်းပြတတ်တဲ့ အာဆင်နယ်ကို ယှဉ်ကစားဖို့ လုံလောက်တဲ့ အခြေအနေမှာ ရှိမနေခဲ့လို့ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်း ပွဲကစားချိန် မိနစ် ၂၀ မှာ လာကာဇက်၊ ၂၆ မိနစ်မှာ မာတင် အိုဒီဂတ်နဲ့ ဒုတိယပိုင်း ၆၁ မိနစ်မှာ ဂါဘရီရယ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးတိုင် ထိထွက်ခဲ့တာတွေသာ မရှိခဲ့ရင် အာဆင်နယ်တို့ ၃ ဂိုးထက် ပိုတဲ့ ရလဒ်နဲ့ အနိုင်ရမှာ ဖြစ်ပြီး အဓိက တိုက်စစ်မှူး အော်ဘာမီယန်း မပါချိန်မှာ ဂိုးပြတ် အနိုင်ရခဲ့တာ ကလည်း မီခယ် အာတေးတား အတွက် ကျေနပ်စရာ အခြေအနေလည်း ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့်ပဲ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄နဲ့ ၅ နေရာက ဝက်စ်ဟမ်းနဲ့ မန်ယူနိုက်တက်ကို ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအား ပေးထားနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန် ကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး အဆင့် ၁၆ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


ပွဲပြီး အချက်အလက်များ

အာဆင်နယ် အနေနဲ့ အိမ်ကွင်း ၈ ပွဲ ကစားထားရာမှာ ၆ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး၊ သွင်းဂိုး ၁၅ ဂိုး၊ ပေးဂိုး ၆ ဂိုး၊ ရမှတ် ၁၉ မှတ် ရယူထားနိုင်ခဲ့တဲ့ အတွက် ဒီရာသီ အိမ်ကွင်းမှာ အမှတ် အများဆုံး ရရှိထားတဲ့ အသင်း အဖြစ် မန်စီးတီးနဲ့ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက် Clean Sheet ရခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ် အတွက် ကတော့ ၈ ပွဲမြောက် Clean Sheet ဖြစ်ခဲ့ပါတယ်။

ဆောက်သမ်တန် ကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး အဆင့် ၁၆ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရောက်ရှိနေတဲ့ ဆောက်သမ်တန်

အိုဒီဂတ် ကတော့ ယူနိုက်တက်၊ အဲဗာတန်နဲ့ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ၃ ပွဲဆက် ဂိုးသွင်း နိုင်ခဲ့ပြီး ဒီရာသီမှာ အာဆင်နယ် အတွက် ၄ ဂိုး သွင်းယူပေးထားခဲ့ပါတယ်။ အိုဒီဂတ် အနေနဲ့ ၄ ဂိုး စလုံးကို ကို မတူညီတဲ့ ပုံစံတွေနဲ့ သွင်းယူ ထားခဲ့တာ ကလည်း ထူးခြားတဲ့ စွမ်းဆောင်မှု ဖြစ်ပါတယ်။ ဘန်လေနဲ့ ပွဲမှာ အလွတ်တည်ကန်ဘော ကနေ ၁ ဂိုး၊ ယူနိုက်တက်နဲ့ ပွဲမှာ ညာခြေနဲ့ ၁ ဂိုး၊ အဲဗာတန်နဲ့ ပွဲမှာ ဘယ်ခြေနဲ့ ၁ ဂိုး၊ အခုပွဲ မှာတော့ ခေါင်းတိုက်ဂိုး ၁ ဂိုး  သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး အချက် ကတော့ အာဆင်နယ် အတွက် အားရာစရာ မဟုတ်ပါဘူး။ ဂန်းနားတို့ အခုနှစ် ပရီးမီးယားလိဂ်မှာ ၈ ပွဲ အနိုင်ထားခဲ့ပေမယ့် ၇ ပွဲက အမှတ်ပေးဇယား အောက်ပိုင်းက အသင်း တွေကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထဲကမှ ၅ သင်း ကတော့ အမှတ်ပေး ဇယား အောက်ဆုံးက အသင်းတွေ ဖြစ်နေပါတယ်။


လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရဦးမှာ ဖြစ်ပြီး ဆောက်သမ်တန် ကလည်း ဆဲလ်ဟတ်ပါ့ခ်မှာ ခရစ္စတယ်ပဲလေ့စ်ကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်