နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖောရက်စ် ကျိန်စာဆိုးကို မချေဖျက်နိုင်လို့ တတိယအဆင့် ကနေပဲ ထွက်ခဲ့ရတဲ့ အာဆင်နယ် (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ် ၁-၀ အာဆင်နယ်

အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ အာဆင်နယ် ကတော့ နော့တင်ဟမ်ဖောရက်စ်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့လို့ တတိယအဆင့် ကနေပဲ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အာဆင်နယ်တို့ နော့တင်ဟမ်ဖောရက်စ်ကြောင့်ပဲ ၁၉၉၆နဲ့ ၂၀၁၈ ခုနှစ် အက်ဖ်အေဖလား၊ ၂၀၁၆ ခုနှစ် လိဂ်ဖလား တတိယအဆင့်တွေ ကနေ ထွက်ခွာခဲ့ရတဲ့ အစဉ်အလာလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် နော့တင်ဟမ်ဖောရက်စ်ဟာ ဂန်းနားတွေ အတွက်တော့ ရုံးထွက်လို့ မရနိုင်သေးတဲ့ ကျိန်စာဆိုး တစ်ခုလို့တောင် ပြောရတော့မှာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အဓိကကစားသမား တချို့ အာဖရိကဖလား ပြိုင်ပွဲ အတွက် စေလွှတ်ထားရသလို အရန်တွေကို အခွင့်အရေး ပေးခဲ့တဲ့ မီခယ် အာတေးတားရဲ့ အသင်းက ဒီနေ့ပွဲမှာ Chemistry လုံးဝ မမိခဲ့ဘူးလို့ ဆိုရပါမယ်။ တိုက်စစ်က အန်ကတ်တီးယား၊ ကွင်းလယ်က လိုကွန်ဂါ၊ ခံစစ်က နူနို တာဗာရက်စ်နဲ့ ရော့ဘ်ဟိုးလ်ဒင်း တို့ရဲ့ စိတ်ပျက်စရာ ခြေစွမ်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး ကျန်ကစားသမားတွေ ကပါ အားရစရာ အခြေအနေ တစ်ခုမှာ ရှိမနေခဲ့လို့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဘန်ဒက် လီဂါ
ဝုဖ်ဘတ်
ဟာသာဘာလင်
1X2 သရေ @ 3.35
ဟာသာဘာလင် ပထမပိုင်း အာရှ ဟန်းဒီးကပ် 0.00 @ 2.58
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.42
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီလို ပြောလို့ နော့တင်ဟမ်ဖောရက်စ်ရဲ့ ကစားပုံ အရမ်းကောင်းခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာတဲ့ နော့တင်ဟမ်ဖောရက်စ်တို့ အားထုတ်မှု အပိုင်း မှာတော့ အာဆင်နယ်ထက် အများကြီး သာခဲ့လို့ ထိုက်တန်တဲ့ အနိုင်ရလဒ်နဲ့ အတူ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ရွိုင်းကိန်း ပြောသလိုပဲ အထူးဂျာဆီနဲ့ ကစားခဲ့တဲ့ အာဆင်နယ်ဟာ ရီးရဲယ်မက်ဒရစ် ဂျာဆီနဲ့ ဆင်တူခဲ့ပေမယ့် ခြေစွမ်း ကတော့ အပျော်တမ်း အဆင့်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ အိမ်ရှင် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို လူစားဝင် တိုက်စစ်မှူး လီဝစ် ဂရက်ဘန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက

ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်ရင် တစ်ပွဲလုံး အတိုင်းအတာနဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ဂိုးပေါက် ခြိမ်းခြောက်မှု ၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို အာဆင်နယ် ကလည်း ၁၀ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့တဲ့ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်က ချန်ပီယံရှစ် ကလပ် လောက်တောင် အဆင့်အတန်း မရှိခဲ့ဘူးလို့ ပြောရပါမယ်။

အဓိက ထောက်ပြစရာ ဖြစ်ခဲ့တဲ့ ကစားသမား ဆိုရင်တော့ နူနိုတာဗာရက်စ်လို့ပဲ ဆိုရပါမယ်။ တာဗာရက်စ် ဟာ ပွဲစကတည်းက ပျာပျာသလဲ ကစားခဲ့သလို တောက်လျောက် အမှားတွေ လုပ်နေခဲ့တာကြောင့် နည်းပြ မီခယ် အာတေးတား ပွဲချိန် ၃၃ မိနစ်မှာ ကီရင် တီယာနီနဲ့ လူစားလဲခဲ့ပါတယ်။ လူစားလဲတဲ့ အချိန်မှာ မကျေနပ်တဲ့ ပုံစံနဲ့ ကွင်းထဲကနေ တစ်လှမ်းချင်း ထွက်လာခဲ့သလို လက်အိတ်ကိုပါ လွှင့်ပစ်ခဲ့တဲ့ တာဗာရက်စ်ရဲ့ လုပ်ရပ် ကတော့ ပရိသတ်တွေ အကြားမှာ ဝေဖန်စရာ ဖြစ်ခဲ့တဲ့ အထိ ရုပ်ပေါက်ခဲ့တယ်လို့ ဆိုရပါမယ်။

အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ လက်စတာစီးတီးနဲ့ ကစားရတော့မယ့် နော့တင်ဟမ်ဖောရက်စ် ကတော့ ၁၅ ရက်နေ့မှာ မီဝေါလ်နဲ့ ချန်ပီယံရှစ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
အာဆင်နယ်နဲ့ အက်ဖ်အေဖလား ပြိုင်ပွဲ နောက်ပိုင်း တွေ့ဆုံမှုတိုင်းမှာ ဖြုတ်ချနိုင်ခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်

နောက်ပြီး အထက်မှာ ပြောခဲ့သလိုပဲ အန်ကတ်တီးယား၊ ရော့ဘ်ဟိုးလ်ဒင်း တို့ဟာ အသင်း အတွက် အကျိုးမပြုနိုင်ဘူး ဆိုတာ ထပ်မံ ပေါ်လွင်ခဲ့ပြီး အငှားချရင်ချ မချရင် အပြတ် ရောင်းသင့်ရင် ရောင်းရတော့မယ့် ကစားသမားတွေလို့ပဲ မြင်ပါတယ်။ ဆာကာ၊ မာတင်နယ်လီ၊ အိုဒီဂတ်၊ ဘန်ဝှိုက် တို့ကတော့ တာဝန်ကျေခဲ့ကြပေမယ့် လူငယ်ကြယ်ပွင့် ချာလီပါတီနို ကတော့ အားလုံး မျှော်လင့်ထားသလို ခြေစွမ်း မပြနိုင်ခဲ့ဘူးလို့ပဲ ဆိုရပါမယ်။

သေချာတာ ကတော့ မီခယ်အာတေးတားရဲ့ အသင်း အနေနဲ့ လက်တလော ဆောင်းရာသီ အပြောင်းအရွှေ့ ကာလမှာ ကွင်းလယ် ခံစစ်နဲ့ အထောင် တိုက်စစ်မှူး တစ်ဦးစီ မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေပြီ ဆိုတာပါပဲ။


လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကစားရဦးမှာ ဖြစ်ပြီး နှစ်ပွဲဆက် အရှုံး ရလဒ်အောက် ကနေ ရုန်းထွက်ပြနိုင်ဖို့ ခက်ခဲနေဦးမှာပါ။အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ လက်စတာစီးတီးနဲ့ ကစားရတော့မယ့် နော့တင်ဟမ်ဖောရက်စ် ကတော့ ၁၅ ရက်နေ့မှာ မီဝေါလ်နဲ့ ချန်ပီယံရှစ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်