နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ကလင်းန်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဝုဗ်ကို အဝေးကွင်းမှာ အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ နော့ဝှစ်ချ် (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၀ – ၁ နော့ဝှစ်ချ်စီးတီး

ဒင်းန်စမစ်ရဲ့ နော့ဝှစ်ချ်စီးတီး အသင်း ကတော့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို အဝေးကွင်းမှာ မက်ကလင်းန်ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး အိမ်ရှင် ဘရူနိုလာ့ချ်ရဲ့ ဝုဗ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပိုဒန့်စ်၊ ဖေဘီယိုဆေးလ်ဗား၊ ဆီမီဒို၊ ဒန်ဒွန်ကာ၊ မော်တင်ဟို၊ နီးဗက်စ်၊ နျူရီ၊ ကေးလ်မန်း၊ ကိုနာကိုဒီ၊ ဂိုမက်စ်၊ ရက်ဒီ တို့ ပါဝင်ခဲ့ကြပါတယ်။ ဒင်းန်စမစ်ရဲ့ အသင်း မှာတော့ တိုက်စစ်က အိုင်ဒါ့ရ်၊ ရက်ရှီကာ၊ ပလာချီတာတို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်နဲ့ နောက်တန်း မှာတော့ မက်ကလင်းန်၊ ဂေးလ်မော၊ လီးစ်မယ်လူ၊ ဘရန်ဒန်ဝီလီယမ်စ်၊ ဂစ်ဘ်ဆင်၊ ဟန်လီ၊ ဘိုင်ရမ်၊ မက်ဂိုဗန် တို့ ပွဲထွက်လာခဲ့ပါတယ်။
ဒီနေ့ပွဲမှာ နော့ဝှစ်ချ်စီးတီးတို့ အဝေးကွင်းမှာ လာရောက်ကစားခဲ့ရပေမယ့် ပွဲစကတည်းက ဝုဗ် ဘက်ကို အကောင်းဆုံး ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းဟာ နော့ဝှစ်ချ်စီးတီး အတွက်လို့ ဆိုရလောက်အောင် ဝုဗ် ကွင်းလယ်နဲ့ ခံစစ်ကို တောက်လောက် ဒုက္ခပေးနိုင်ခဲ့ပြီး ပထမပိုင်း ပွဲပြီးခါနီးမှာ ဘစ်လီ ဂေးလ်မောရဲ့ ညာချမ်းကနေ ဖြတ်တင် ပေးပို့မှုကို မက်ကလင်းန်က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုပါအီတလီယာ
အတ္တလန်တာ
ဖီအိုရင်တီးနား
1X2 သရေ @ 3.95
ဂိုးအောက် 2.75 @ 2.05
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.14
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်းမှာ ဝုဗ်တို့ ချေပဂိုး ပြန်ရဖို့ ဂျင်မီနက်ဇ်၊ အိုလီဗီရာယာ တို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့ပါတယ်။ ဝုဗ်တို့ ပွဲကို ပြန်လည် လွှမ်းမိုး လာနိုင်ခဲ့ပေမယ့် ဟန်လီ ဦးဆောင်တဲ့ နော့ဝှစ်ချ်စီးတီး နောက်တန်းရဲ့ ခြေစွမ်းပြခဲ့သလို မက်ဂိုဗရန်ရဲ့ လက်စွမ်းပြမှုကြောင့် ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ အဲ့နောက် လက်ကျန် မိနစ်တွေမှာ ဧည့်သည်တို့ လူစားလဲလှယ်မှုတွေ ဆက်တိုက် ပြုလုပ်ပြီး ပွဲကို ထိန်းသွားခဲ့တဲ့ အတွက် ၀-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဝုဗ်ဟာ ပုံစံကောင်း ရနေတဲ့ အသင်း ဖြစ်သလို နော့ဝှစ်ချ်စီးတီး ကလည်း တန်းဆင်းဇုန် ဖိအားအောက်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်လို့ အက်ဖ်အေဖလား နောက်တစ်ဆင့် အတွက် ဝုဗ်ကို ပိုပြီး သဘောကျခဲ့ကြတာပါ။
ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ဆက်မှု ရပ်တန့်ခဲ့ရတဲ့ ဝုဗ်

ဝုဗ်ဟာ ပုံစံကောင်း ရနေတဲ့ အသင်း ဖြစ်သလို နော့ဝှစ်ချ်စီးတီး ကလည်း တန်းဆင်းဇုန် ဖိအားအောက်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်လို့ အက်ဖ်အေဖလား နောက်တစ်ဆင့် အတွက် ဝုဗ်ကို ပိုပြီး သဘောကျခဲ့ကြတာပါ။ ဒါပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာ ဝုဗ်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာရနေတာက လွဲရင် နော့ဝှစ်ချ်စီးတီး ကတောင် ထိရောက်တဲ့ ဂိုးပေါက်ကန်ချက်တွေ ပိုပြီး ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ လိုအပ်နေတဲ့ သွင်းဂို ရပြီးတဲ့ အချိန်မှာ ပွဲကို ထိန်းသွားတဲ့ ဒင်းန်စမစ်ရဲ့ နည်းစနစ်ဗျူဟာ အလုပ်ဖြစ်ခဲ့သလို ဟန်လီ ပြန်လည် ပါဝင်လာတဲ့ ခံစစ်နဲ့ ဂိုးသမား မက်ဂိုဗရန် တို့ကို ဝုဗ်တို့ ကျော်ဖြတ်ဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဝုဗ်တို့ လာမယ့် တစ်ပတ် သောကြာနေ့မှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး နော့ဝှစ်ချ်စီးတီး ကတော့ ၁၀ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်