နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကာဒစ်ဖ်ကို အခက်အခဲ မရှိ အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့တဲ့ လစ်ဗာပူးလ် (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၃-၁ ကာဒစ်ဖ်စီးတီး

တနင်္ဂနွေနေ့ည အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ ချန်ပီယံရှစ် ကလပ် ကာဒစ်ဖ်စီးတီးကို အလွယ်တကူ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ မိုဆာလာနဲ့ မာနေးတို့ မပါဝင်ခဲ့ပေမယ့် ဖေမီနို၊ ဂျိုတာနဲ့ မီနာမီနိုတို့ ဦးဆောင်လာတဲ့ တိုက်စစ်က ဒုတိယပိုင်းမှာ ဂိုးပေါက် ရှာတွေ့ခဲ့ပြီး ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း

လစ်ဗာပူးလ်တို့ အသုံးပြုနေကျ ၄-၃-၃ ကစားကွက်နဲ့ အတူ ဖေမီနို၊ ဒီယိုဂို ဂျိုတာ၊ မီနာမီနို၊ ကာတစ်ဂျုံးစ်၊ နာဘီကေတာ၊ ဟန်ဒါဆင်၊ ဆီမီကတ်စ်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ အာနိုးလ်၊ ခယ်လာဟာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဒဏ်ရာရ ကစးသမား ကင်းရှင်းနေတဲ့ ကာဒစ်ဖ်စီးတီး ကလည်း လူစာရင်း အပြည့်အစုံနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး လစ်ဗာပူးလ်ရဲ့ တိုက်စစ်ဆင်မှုကို ပထမပိုင်း တစ်ပိုင်းလုံး အကောင်းဆုံး တောင့်ခံသွားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံရှစ် တန်းဆင်းဇုန် ဖိအား အောက်ကနေ ရုန်းထွက်ဖို့ ကြိုးပမ်းနေရတဲ့ ကာဒစ်ဖ် ကတော့ ဒုတိယပိုင်းမှာ လစ်ဗာပူးလ်ရဲ့ တိုက်စစ်အောက် ပြိုလဲသွားခဲ့ရလို့ အက်ဖ်အေဖလား ခရီး ကတော့ ဒီအဆင့် နဲ့ပဲ ကျေနပ်ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ချန်ပီယံရှစ် တန်းဆင်းဇုန် ဖိအားတွေ အောက်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ကာဒစ်ဖ်စီးတီး

ဒါပေမယ့်လည်း ဒုတိယပိုင်း ၅၃ မိနစ် မှာတော့ လစ်ဗာပူးလ် တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး အာနိုးလ်ရဲ့ အလွတ်တည်ကန်ဘော ကန်တင် ပေးပို့မှုကို ဂျိုတာက ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရရှိခဲ့တဲ့နောက် ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဟာဗေး အဲလီယော့တ်ကို လူစားဝင် ကစားစေခဲ့ချိန် မှာတော့ လစ်ဗာပူးလ်ရဲ့ တိုက်စစ် ကစားပုံ ပိုမို ကောင်းမွန်လာခဲ့ပြီး ၆၈ မိနစ်မှာ လူးဝစ်ဒီးရာ့ဇ်ရဲ့ ပေးပို့မှု ကနေ မီနာမီနို က ဒုတိယဂိုး၊ ၇၆ မိနစ် မှာတော့ ရော်ဘတ်ဆန်ရဲ့ ပေးပို့မှု ကနေ ဟာဗေးအဲလီယော့တ်က တတိယဂိုး တို့ကို အသီးသီး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် မိနစ် ၈၀ မှာတော့ ကာဒစ်ဖ် တို့ တစ်လုံးတည်းသော ချေပဂိုး ပြန်လည် ရရှိခဲ့လို့ ပွဲအပြီး မှာတော့ ၃-၁ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အသင်းငယ်လေးနဲ့ ကစားရတဲ့ အက်ဖ်အေဖလား ပွဲစဉ် ဖြစ်ပေမယ့် လစ်ဗာပူးလ်တို့ မာနေးနဲ့ ဆာလာ တို့က လွဲရင် အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ကာဒစ်ဖ် နောက်တန်းရဲ့ ပိတ်ကစားမှုကြောင့် ဂိုးရဖို့ ခက်နေခဲ့ပေမယ့် ကလော့ပ်ရဲ့ လူစားလဲမှု မှန်ကန်ခဲ့တာကြောင့် ဒုတိယပိုင်း မှာ သွင်းဂိုးတွေ ဆက်တိုက် ရှာတွေ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံရှစ် တန်းဆင်းဇုန် ဖိအား အောက်ကနေ ရုန်းထွက်ဖို့ ကြိုးပမ်းနေရတဲ့ ကာဒစ်ဖ် ကတော့ ဒုတိယပိုင်းမှာ လစ်ဗာပူးလ်ရဲ့ တိုက်စစ်အောက် ပြိုလဲသွားခဲ့ရလို့ အက်ဖ်အေဖလား ခရီး ကတော့ ဒီအဆင့် နဲ့ပဲ ကျေနပ်ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး ကာဒစ်ဖ် ကတော့ ပီတာဘရော့နဲ့ ချန်ပီယံရှစ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်