နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ချန်ပီယံကို ဂိုးပြတ် ဆုံးမပြီး နောက်တစ်ဆင့် တက်သွားခဲ့ပြန်တဲ့ နော့တင်ဟမ်ဖောရက်စ် (အက်ဖ်အေဖလား ပွဲပြီးသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ်  လက်စတာစီးတီး

အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး အသင်း အာဆင်နယ်ကို ကျော်ဖြတ်လာခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ ရပ်တန့်လို့ မရတဲ့ ခြေစွမ်းနဲ့ အတူ လက်ရှိ ချန်ပီယံ လက်စတာစီးတီးကို ထပ်မံ ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး အသင်း အာဆင်နယ်ကို ဖြုတ်ချနိုင်ခဲ့တာ ကံတရားကြောင့် ဖြစ်နိုင်ပေမယ့် လက်ရှိ ချန်ပီယံကို ဂိုးပြတ် သွင်းပြီး ထပ်မံ ကျော်ဖြတ်နိုင်ခဲ့တာ ဆိုရင်တော့ အရည်အချင်း ကြောင့် ဖြစ်သွားပါပြီ။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရတဲ့ လက်စတာစီးတီး

နော့တင်ဟမ်ဖောရက်စ်တို့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ပွဲတုန်းက လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ကစားကွက် အခင်းအကျင်း ကိုတော့ အနည်းငယ် အပြောင်းအလဲ ပြုလုပ်လာခဲ့ပါတယ်။ လက်စတာ ကလည်း အာဖရိကဖလား သွားကစားခဲ့တဲ့ အီရန်နာချို၊ အန်ဒီဒီ၊ အမာတေးတို့ ပြန်လည် ပါဝင်လာမှုနဲ့ အတူ မက်ဒီဆင်၊ ဘန်းစ်၊ တေးလီမန့်စ်၊ ဆိုယွန်ချူ၊ ဂျက်စတင် တို့နဲ့ လူစုံခဲ့ပါတယ်။ 

ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်းဟာ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပေမယ့် ပွဲအစပိုင်း အထနှေးတတ်တဲ့ အလေ့အထ ကိုတော့ မဖျောက်နိုင်ခဲ့လို့ နော့တင်ဟမ်ဖောရက်စ်ရဲ့ ဦးဆောင်ဂိုးတွေ ဆက်တိုက် သွင်းယူတာ ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖောရက်စ် အတွက် ဦးဆောင်ဂိုးတွေ ကိုတော့ ပွဲချိန် ၂၃ မိနစ်မှာ ဇင်ကာနာဂယ်၊ ၂၄ မိနစ်မှာ ဂျွန်ဆန်၊ ၃၂ မိနစ်မှာ ဝါရဲလ် တို့က သွင်းယူပေးခဲ့ပြီး မိနစ် ၄၀ မှာ အီရန် နာချိုက ၁ ဂိုး ပြန်လည် ချေပခဲ့လို့ ပထမပိုင်း အပြီးမှာ ၃-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း စိတ်ဓာတ်ပိုင်းရော ခြေစွမ်းပိုင်းမှာပါ အကောင်းဆုံး ပုံစံ ရနေတဲ့ နော့တင်ဟမ်ဖောရက်စ် တို့ပဲ ထိရောက်တဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး လက်စတာ ကတော့ ဘောလုံး ပိုင်ဆိုင်မှု အသာရထားတာက လွဲရင် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အဲ့နောက် ၆၁ မိနစ်မှာ တောင်ပံ ကစားသမား စပန့်စ်က အိမ်ရှင် အတွက် ၄ ဂိုးမြောက် သွင်းဂိုးကို ရယူပေးခဲ့ပြီး လက်ကျန် မိနစ်တွေမှာ နော့တင်ဟမ်ဖောရက်စ်တို့ အနိုင် ရလဒ်ကို ထိန်းကစားသွားခဲ့တာကြောင့် ၄-၁ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့သွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အက်ဖ်အေဖလားရဲ့ အအောင်မြင်ဆုံး အသင်း အာဆင်နယ်ကို ဖြုတ်ချနိုင်ခဲ့တာ ကံတရားကြောင့် ဖြစ်နိုင်ပေမယ့် လက်ရှိ ချန်ပီယံကို ဂိုးပြတ် သွင်းပြီး ထပ်မံ ကျော်ဖြတ်နိုင်ခဲ့တာ ဆိုရင်တော့ အရည်အချင်း ကြောင့် ဖြစ်သွားပါပြီ။ ဒီပွဲစဉ်နဲ့ ပတ်သတ်လို့ အရှင်းလင်းဆုံး သုံးသပ်ရမယ် ဆိုရင် လက်စတာက ချန်ပီယံရှစ် အဆင့် ခြေစွမ်းမျိုးနဲ့ ကစားသွားပြီး နော့တင်ဟမ်ဖောရက်စ် ကတော့ ပရီးမီးယားလိဂ် အဆင့် ခြေစွမ်းမျိုးနဲ့ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ထိပ်သီး နှစ်သင်းကို ကျော်ဖြတ်ခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ လာမယ့် ၁၆ သင်း အဆင့်မှာ ဟက်ဒါဖီးလ်တောင်းနဲ့ ကစားရမှာ ဖြစ်လို့ ပွဲချောင်နေတယ်လို့ ဆိုနိုင်ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းဖို့ အခြေအနေ ကောင်းသွားပါတယ်။ ဒီအခြေအနေ အတိုင်း ဆိုရင်တော့ စတိဗ်ကူ့ပါးတို့ အုပ်စု အက်ဖ်အေဖလားမှာ ဘယ်လောက် အတိုင်းအတာ အထိ လုပ်ပြနိုင်မလဲ ဆိုတာ မဖြစ်မနေ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

နော့တင်ဟမ်ဖောရက်စ်တို့ လာမယ့် ဖေဖောဝါရီလ ၁၀ ရက်နေ့ မှာ‌တော့ ဘလက်ဘန်းနဲ့ ချန်ပီယံရှစ် ပွဲစဉ် ကစားရဖို့ ရှိပြီး လက်စတာစီးတီး ကတော့ ၁၁ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်