နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန်တို့ ရုန်းထချိန် တန်ပြီ | ဂျီနိုအာ – အင်တာမီလန် (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

ဂျီနိုအာ – အင်တာမီလန်

သောကြာနေ့ညရဲ့ နောက်ထပ် စီးရီးအေ ပွဲစဉ် တစ်ပွဲ အဖြစ် ဂျီနိုအာနဲ့ အင်တာမီလန်တို့ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။ မထင်မှတ်ပဲ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေလို့ အမှတ်ပေးဇယား အဆင့် ၁ နေရာ ကနေပါ ဖယ်ပေးထားရတဲ့ အင်တာမီလန်တို့ တန်းဆင်းဇုန်ထဲက ဂျီနိုအာနဲ့ ပွဲမှာ ပြန်လည် ရုန်းထနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှာ ရှိနေတဲ့ ဂျီနိုအာ ဟာ ဒီရာသီ စီးရီးအေမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပါတယ်။ ဒါ့အပြင် ၁၃ ပွဲ သရေကျပြီး ၁၂ ပွဲအထိ ရှုံးနိမ့်ထားတဲ့ ဂျီနိုအာတို့ အဆင့် ၁၈ နေရာက ကက်ဂလီယာရီနဲ့တောင် ၆ မှတ် ကွာဟနေလို့ ရာသီအကုန်မှာ တန်းဆင်းရဖို့ များနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂျီနိုအာတို့ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၄ ပွဲဆက်တိုက် သရေကျခဲ့ပြီး တစ်နည်းအားဖြင့် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်တလော ဂျီနိုအာ အသင်းမှာ ဘာနီနဲ့ ခရစ္စဆီတို တို့က လွဲရင် ကျန်ကစားသမားတွေ အားလုံး ပွဲထွက်ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ ဒက်စ်ထရို၊ အက်ကူဘန်၊ အမ်မီရီ၊ စတူရာရို၊ အော့စတီဂတ်၊ မက်ဆီမိုဗစ်၊ ဆီရီဂူတို့ ပါဝင်လာဖို့ များနေပါတယ်။

လာလီဂါ
အက်တလက်တီကို
ဆယ်တာဗီဂို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အင်တာမီလန်တို့ မြို့ခံပြိုင်ဘက် အေစီမီလန်ကို ရှုံးနိမ့်ပြီး ကတည်းက စီးရီးအေ နောက်ဆုံး ၂ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။ နာပိုလီနဲ့ သရေကျခဲ့တာ လက်ခံလို့ ရနိုင်ပေမယ့် ဆာဆူအိုလို ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာ ကတော့ ဘယ်လိုမှ လက်ခံနိုင်ဖွယ် မရှိပါဘူး။ အဓိက ကတော့ ချန်ပီယံလိဂ် ကိုပါ အာရုံစိုက်နေရတာကြောင့် ဖြစ်နိုင်ပြီး လစ်ဗာပူးလ်ကို ရှုံးနိမ့်ခဲ့တာ ကလည်း အင်ဇာဂီ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကို အနည်းငယ် သက်ရောက်မှု ရှိသွားပုံရပါတယ်။ တစ်ချက် ရှိတာက အဆင့် ၁ နေရာ ကနေ ဖယ်ပေးထားရပေမယ့် အေစီမီလန်ထက် ၁ ပွဲလျော့ ကစားထားပြီး ၂ မှတ်သာ ကွာဟနေတာကြောင့် အင်တာမီလန်တို့ အခုပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေပါတယ်။ လက်ရှိ အသင်းမှာ ကော်ရီယာနဲ့ ဂိုဆန်စ်တို့ နှစ်ဦးတည်း ဒဏ်ရာပြသနာ ရှိနေပြီး အခုလာမယ့် ပွဲကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်နိုင်ဖို့ ရှိပေမယ့် အဓိက တိုက်စစ်မှူး ဒီဂျက်ကို ကို လာမယ့် အေစီမီလန်နဲ့ ကစားမယ့် ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ် အတွက် ချန်လှပ်ထားဖို့ များနေပါတယ်။ ဒါကြောင့် တိုက်စစ်မှာ မာတီနက်ဇ်နဲ့ ဆန်းချက်ဇ်ကို တွဲဖက် ပွဲထုတ်လာဖွယ် ရှိနေပြီး ကွင်းလယ်မှာ ဘာရယ်လာကို ပြန်သုံးမယ့် သဘော ရှိပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ အရပ်ရပ် ထိပ်တိုက်တွေ့ဆုံမှု ၂၅ ကြိမ်မှာ အင်တာမီလန်တို့ ၁၈ ကြိမ် အထိ အနိုင်ရထားပြီး ဂျီနိုအာ ကတော့ ၅ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ အင်တာမီလန်တို့ ဂျီနိုအာကို နောက်ဆုံး တွေ့ဆုံမှု ၇ ကြိမ်စလုံးမှာ ပေးဂိုး မရှိ အနိုင်ရထားခဲ့ပြီး တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီရာသီ စီးရီးအေ ပထမအကျော့ ပွဲစဉ် မှာလည်း အင်တာတို့ ဂျီနိုအာကို ဆန်စီရိုမှာ ၄-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ ဂျီနိုအာ ၁၀.၅၀ အတွက် ဆ၊ သရေ အတွက် ၄.၅၀ ဆ၊ အင်တာမီလန် အတွက် ၁.၃၃ ဆ ဖွင့်လှစ်ပေးထားပါတယ်။ ရလဒ်တောက်လျောက် ဆိုးနေတဲ့ အင်တာမီလန်တို့ ပြန်လည် ရုန်းထဖို့ အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လို့ လက်လွှတ်ခံလိမ့်မယ် မထင်ပါဘူး။ ဂျီနိုအာ ကလည်း နောက်ပိုင်း ပွဲတွေမှာ တတ်နိုင်သမျှ မရှုံးအောင် ကစားနေတဲ့ အသင်း ဖြစ်ပေမယ့် အင်တာမီလန်လို အသင်းကြီး တစ်သင်းရဲ့ ရုန်းအားကို တောင့်ခံဖို့ မဖြစ်နိုင်ပါဘူး။ အိမ်ကွင်းမှာ ဂိုးပြတ် မရှုံးဖို့ပဲ ကြိုးစားရမှာပါ။ ဒီပွဲကိုတော့ ဂိုးပေါ်နဲ့ အင်တာမီလန်ပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် (၀-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်