နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖျော်ဖြေမှု ရသ အပြည့်ပေးပြီး သရေ တစ်မှတ်စီ ခွဲယူခဲ့တဲ့ မန်စီးတီးနဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ၂-၂ လစ်ဗာပူးလ်

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု အဖြစ် မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ အီတီဟတ်မှာ ယှဉ်ပြိုင်ကစားသွားခဲ့ပြီး တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ဗိုလ်လုပွဲ တစ်ပွဲ လို့တောင် ပြောလို့ ရခဲ့တဲ့ ဒီပွဲမှာတော့ မန်စီးတီးတို့ နည်းစနစ်ပိုင်းရော ခြေစွမ်းပိုင်းပါ ပိုသာခဲ့ပေမယ့် လစ်ဗာပူးလ် ကလည်း သူတို့ အသင်း ထုံးစံ အတိုင်း အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ကစားသွားခဲ့လို့ သရေ ၁ မှတ် ခွဲယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး အကောင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ပြီး ၄-၃-၃ အခင်းအကျင်း ကိုပဲ အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။ ပပ်ရဲ့ မန်စီးတီးမှာ တိုက်စစ်က စတာလင်၊ ဖိုဒန်နဲ့ ဂါဘရီရယ် ဂျီဆုစ်တို့ တိုက်စစ်မှာ နေရာယူခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ရိုဒရီ၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနား၊ ဝေါလ်ကာ၊ ကန်ဆယ်လို၊ လာပေါ့တ်၊ စတုန်းစ်နဲ့ အီဒါဆင် တို့ပဲ ပါဝင်ခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ဂျိုတာ၊ မာနေး၊ ဆာလာ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ ဖာဘင်ဟို၊ ဟန်ဒါဆင်၊ သီယာဂို တို့ကို ပွဲထုတ်ခဲ့ပါတယ်။ ဗဟိုခံစစ် မှာတော့ မက်တစ်ပ်၊ ဗန်ဒိုက်ခ် အတွဲကိုပဲ သုံးခဲ့ပြီး ဘယ်ညာ အစွန်မှာ ထရန့်အာနိုးလ်၊ အန်ဒီ ရော်ဘတ်ဆန်နဲ့ ဂိုးမှာတော့ အလီဆွန်ပဲ ပွဲထွက်လာခဲ့ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် မန်ချက်စတာစီးတီးကို အနိုင်မရခဲ့တဲ့ လစ်ဗာပူးလ်
အခုတော့ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့ တွေ့ဆုံချိန်တိုင်း အများစု ကြိုတင် ခန့်မှန်းနေကျ ရလဒ် ဖြစ်တဲ့ ၂-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်အသင်း ကိုင်မြှောက်နိုင်မလဲဆိုတာ ပွဲစဉ် ၃၈ အပြီးထိ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ပပ်ရော ကလော့ပ်ပါ နည်းစနစ် ရွေးချယ်မှု အခြေခံအားဖြင့် ဆင်တူခဲ့ကြပါတယ်။ အချိန် တစ်ခုပေးပြီး ကစားကွက် တည်ဆောက်ဖို့ထက် ဂိုးရရေး ကိုသာ တိုက်စစ်ဖွင့် ကစားခဲ့ကြလို့ ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ပပ်ရဲ့ အသင်းက ပိုမို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့သလို ပွဲချိန် ၅ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ အလွတ်တည်ကန်ဘောက တစ်ဆင့် ဘာနာဒိုဆေးလ်ဗား ခင်းပေးလိုက်တဲ့ ဘောလုံးကို ဒီဘရိုင်းနား တောက်လျောက် ဆွဲပေးပြီး ဧရိယာထိပ်ကနေ လှမ်းကန်ရာမှာ ဖာဘင်ဟိုနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်တို့ အလျင်အမြန် ပြန်လာနိုင်ခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ထုံးစံ အတိုင်း ရော်ဘတ်ဆန် မတင်ပေးလိုက်တဲ့ ဘောလုံးကို အာနိုးလ် ပြန်ချိုးပေးတာကို ဒီယိုဂို ဂျိုတာက ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာလည်း မန်စီးတီး တို့ပဲ ကစားကွက် မိမိနဲ့ လစ်ဗာပူးလ် ခံစစ်ကို ဖြတ်ကျော်နေခဲ့ပြီး ကန်ဆယ်လိုရဲ့ အမှတ်မထင် ကန်တင်ပေးတဲ့ ဘောလုံးကို ဂါဘရီရယ် ဂျီဆုစ်က ပြိုင်ဘက်ရဲ့ High Line Defense ကို ဖောက်ထွက်ပြီး ကန်သွင်းသွားခဲ့လို့ ဒုတိယ တစ်ကြိမ် ထပ်မံ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း အပြီး မှာတော့ ၂-၁ ရလဒ်နဲ့ မန်စီးတီး တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပွဲစပြီး ၁ မိနစ် အကြာမှာပဲ လစ်ဗာပူးလ်တို့ ချေပဂိုး ရခဲ့ပါတယ်။ ဆာလာရဲ့ အကွက်မြင်မြင်နဲ့ ဂိုးဧရိယာထဲ မျှောထုတ်ပေးလိုက်တာကို ဆာဒီယို မာနေးက အမှားအယွင်း မရှိ အားပါတဲ့ ကန်ချက်နဲ့ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်ဖက် အသင်း ကစားသမားတွေရဲ့ အဆုံးသတ် အားနည်းမှု တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် သွင်းဂိုးတွေ ထပ်မမြင်ရတော့ပဲ ၂-၂ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပပ်ရဲ့ အသင်းက ပိုပြီး ထိရောက်တဲ့ ဖန်တီးမှု‌တွေ ပြုလုပ်နိုင်ခဲ့သလို မန်စီးတီးထက် ဖိအား ပိုများခဲ့တဲ့ လစ်ဗာပူးလ် ကတော့ ကွင်းလယ်ပိုင်း အချိတ်အဆက်တွေ ပြတ်တောက်နေခဲ့သလို ဘောလုံးလည်း အပျက်များခဲ့ပါတယ်။ အရင် ပွဲတွေ တုန်းကလို့ ပြိုင်ဘက် ဂိုးဧရိယာ ထိပ်ကနေ လှည့်ပတ် ထိုးဖောက်ပြီး ဂိုးရအောင် ရှာဖွေဖို့ထက် ဖြတ်တင်ဘောတွေ ကတစ်ဆင့် လစ်ဗာပူးလ်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့တဲ့ ပပ်ရဲ့ နည်းစနစ် ရွေးချယ်မှုက မှန်ကန်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အခွင့်အရေး ဖြုန်းတီးမှုတွေ ကြောင့်သာ အခုထက် ပိုများတဲ့ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ရီးယဲလ်မက်ဒရစ်
ချဲလ်ဆီး
1X2 ချဲလ်ဆီး @ 2.97
ဂိုးပေါ် 2.75 @ 2.14
ဂိုးပေါင်း 0-1 @ 3.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကလော့ပ်ရဲ့ အသင်း ကိုတော့ ဒီနေ့ပွဲမှာ လစ်ဗာပူးလ် ဆိုတဲ့ Trademark တစ်ခုနဲ့ မမြင်တွေ့ခဲ့ရပဲ ပြိုင်ဘက်ရဲ့ ဦးဆောင်မှု နောက်ကနေသာ အလိုက်သင့် မရှုံးအောင် ကစားခဲ့တဲ့ အသင်း တစ်သင်း အဖြစ်ပဲ မြင်တွေ့ခဲ့ရပါတယ်။ ပြိုင်ဘက် အသင်းက ပွဲချိန်ပြည့် ဖိအားပေးထားတာ မှန်ပေမယ့် လစ်ဗာပူးလ်တို့ သူ့တို့ ဟန်အတိုင်း ပိုပြီး ရဲရဲရင့်ရင့် ကစားနိုင်ခဲ့ရင် အမှန်တကယ် လိုချင်ခဲ့တဲ့ အနိုင် ၃ မှတ် အပြည့်ရဖို့ ဆိုတာ လုံးဝ မခက်နိုင်ပါဘူး။

အခုတော့ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့ တွေ့ဆုံချိန်တိုင်း အများစု ကြိုတင် ခန့်မှန်းနေကျ ရလဒ် ဖြစ်တဲ့ ၂-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်အသင်း ကိုင်မြှောက်နိုင်မလဲဆိုတာ ပွဲစဉ် ၃၈ အပြီးထိ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အခုပွဲ ရလဒ်ကြောင့် လစ်ဗာပူးလ်လောက် ပွဲကြပ် ကစားရဖို့ မကျန်တော့တဲ့ မန်စီးတီး အနေနဲ့ ပရီးမီးယားလိဂ် သရဖူကို ကာကွယ်နိုင်ဖို့ အခွင့်အရေး ပိုရသွားခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။


လာမယ့်ပွဲစဉ်များ

မန်စီးတီးရော လစ်ဗာပူးလ်ပါ လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ကစားရဖို့ ရှိပြီး မန်စီးတီးက အက်တက်လက်တီကို မက်ဒရစ်ကို စပိန်မြေမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ဘင်ဖီကာကို အန်ဖီးလ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်