နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြောတဲ့ အတိုင်း ဂျာမန်ဘီလူးကို ချန်ပီယံလိဂ်နဲ့ ဝေးရာ ပို့ပေးခဲ့တဲ့ ဗီလာရီးရဲယ် | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဘေယန်မြူးနစ် ၁-၁ ဗီလာရီးရဲယ်

(နှစ်ကျော့ပေါင်း ရလဒ် ၁-၂)

အလိုင်းရန့်ဇ် အရီနာ မှာ ကစားတဲ့ ဘေယန်မြူးနစ်နဲ့ ဗီလာရီးရဲယ် တို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် ကတော့ ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပထမအကျော့တုန်းက လိုပဲ ဘေယန်မြူးနစ်ကို ခက်ခဲစေနိုင်ခဲ့တဲ့ အပြင် ပွဲပြီးခါနီးမှ အသဲခွဲဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဗီလာရီးရဲယ်တို့ နှစ်ကျော့ပေါင်း ရလဒ် ၁-၂နဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဘေယန်မြူးနစ် တို့ ဒီနေ့ပွဲမှာ နစ်ကလပ်စ် ဇူလာနဲ့ တိုလစ်ဆို ကလွဲလို့ လူစုံတက်စုံနဲ့ ဗီလာရီးရဲယ်ကို ရင်ဆိုင်သွားခဲ့ပြီး ဗီလာရီးရဲယ် ကတော့ ပထမအကျော့က လူစာရင်း အတိုင်းပဲ ပွဲထွက်လာခဲ့ပါတယ်။ နေဂဲလ်စ်မန်း အနေနဲ့ ပထမအကျော့တုန်းကလိုပဲ ၃ ယောက်တန်း ခံစစ် အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာခဲ့ပေမယ့် အူနိုင်း အန်မေရီရဲ့ ဗီလာရီးရဲယ် ကတော့ ၄-၄-၂ အစား ၄-၃-၃ နဲ့ ပြောင်းကစားခဲ့ပါတယ်။

ဘေယန်ပဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်မယ်လို့ အများစုရဲ့ ကြိုတင် ခန့်မှန်းချက်တွေကို အူနိုင်းအန်မေရီ ဦးဆောင်တဲ့ ဗီလာရီးရဲယ်တို့ အလုပ်နဲ့ သက်သေပြပြီး အကောင်းဆုံး ချေဖျက်ပြသွားခဲ့တာ ဖြစ်ပါတယ်။
ကွာတားဖိုင်နယ် နှစ်ကျော့ပေါင်း ဂိုးပေါက် ကန်ချက် အကြိမ် ၅၀ နီးပါး ရှိခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးသာ ရခဲ့တဲ့ ဘေယန်မြူးနစ်

ဗီလာရီးရဲယ်တို့ ၄-၃-၃ နဲ့ ကစားခဲ့တယ် ဆိုပေမယ့် ခံစစ်မှာ ၁၁ ယောက်လုံး ပိတ်ဆို့ခဲ့လို့ ဘေယန်မြူးနစ်တို့ စပိန်မြေတုန်း ကလိုပဲ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်းမှာ ဘေယန်မြူးနစ်တို့ ပြိုင်ဘက် ခံစစ်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတဲ့ကြားက အပိုင်အခွင့်အရေး တချို့ ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ ကပ်လွဲနေခဲ့လို့ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ဘေယန်မြူးနစ်တို့ မဖြစ်မနေ ဂိုးရရေး တိုက်စစ်မြှင့်ခဲ့လို့ ၅၂ မိနစ်မှာ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ မူလာရဲ့ ပေးပို့မှု ကနေ ရောဘတ်လီဝမ်ဒေါစကီးက ဧရိယာထိပ်ကနေ အမှားအယွင်း မရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဗီလာရီးရဲယ်တို့ ဘေယန်မြူးနစ်ရဲ့ တိုက်စစ်ကို သတိကြီးကြီးနဲ့ ပြန်လည် ထိန်းချုပ်နိုင်ခဲ့လို့ ဘေယန်မြူးနစ်တို့ စိတ်ကြိုက် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် အရာမရောက်ခဲ့ပါဘူး။ ဒါ့အပြင် အခွင့်အရေး ရရင် ရသလို အပိုင်အသုံးချတတ်တဲ့ ဗီလာရီးရဲယ်တို့ ပွဲချိန် ၈၈ မိနစ် မှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကို တက်လှမ်းနိုင်မယ့် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ဂိုးရဖို့ တိုက်စစ် သက်သက် ကစားနေရာ ကနေ ကောင်တာ ပေါက်သွားခဲ့ပြီး ဂျရတ် မိုရီနီရဲ့ ပေးပို့မှုကို တောင်ပံက ပြေးတက်လာတဲ့ ချူကွီဇီက အနီးကပ် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဘေယန်ပဲ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်မယ်လို့ အများစုရဲ့ ကြိုတင် ခန့်မှန်းချက်တွေကို အူနိုင်းအန်မေရီ ဦးဆောင်တဲ့ ဗီလာရီးရဲယ်တို့ အလုပ်နဲ့ သက်သေပြပြီး အကောင်းဆုံး ချေဖျက်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဗီလာရီးရဲယ် အနေနဲ့ နှစ်ကျော့စလုံးမှာ ဂိုးပေါက် တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပေမယ့် အဲ့ဒီ ၂ ကြိမ်ကို အရေးပါတဲ့ သွင်းဂိုး ၂ ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး ဘေယန်မြူးနစ်လို အသင်းကြီး တစ်သင်းကို ထိုက်ထိုက်တန်တန် ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ထပ်ပြောရရင် ယူရိုပါလိဂ် လက်ရှိ ချန်ပီယံတို့ ဒီနေ့ပွဲ မှာလည်း စည်းကမ်း အရှိဆုံး ကစားနိုင်ခဲ့ပြီး လိုအပ်နေတဲ့ ရလဒ်ကို အပိုအလို မရှိ ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကို မက်ဒရစ်လို ခံစစ် ပိတ်ကစားပေမယ့် အခွင့်အရေး ရရင် ရသလို တန်ပြန်တိုက်စစ်ကို အကောင်းဆုံး အသုံးချတတ်တဲ့ အူနိုင်း အန်မေရီရဲ့ နည်းဗျူဟာပိုင်း ကိုလည်း မဖြစ်မနေ ချီးကျူးရမှာ ဖြစ်ပါတယ်။ ဗီလာရီးရဲယ် အနေနဲ့ အသင်းရဲ့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ကို ဒုတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး အူနိုင်း အန်မေရီ အတွက် ကတော့ ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
အာဆင်နယ်
1X2 ဆောက်သမ်တမ် @ 3.90
ဂိုးပေါ် 2.75 @ 2.25
ဂိုးပေါင်း 0-1 @ 3.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘေယန်မြူးနစ် ကတော့ နှစ်ကျော့ပေါင်း ဂိုးပေါက် ကန်ချက် အကြိမ် ၅၀ နီးပါး ရှိခဲ့သည့် တိုင်အောင် သွင်းဂိုး ၁ ဂိုးသာ ရခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ မှာလည်း ရောဘတ်လီဝမ်ဒေါစကီး ဂိုးသွင်းပေးခဲ့ပေမယ့် သူ့အနေနဲ့ ပထမအကျော့တုန်း ကလိုပဲ ဗီလာရီးရဲယ် ဂိုးပေါက်ကို ၂ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ တစ်ဖက်က ဗီလာရီးရဲယ်ရဲ့ ခံစစ် ကစားပုံနဲ့ တန်ပြန် တိုက်စစ်ကို ချီးကျူးရမှာ ဖြစ်သလို ဘေယန်မြူးနစ်ရဲ့ တိုက်စစ်နဲ့ နောက်တန်းကိုလည်း ဝေဖန်ရမှာပါ။ တခြား အသင်း မဟုတ်ပဲ ပြိုင်ဘက် ဂိုးပေါက်ကို တဒိုင်းဒိုင်း ကန်ပြီး ဂိုးတွေ သွင်းတတ်တဲ့ ဂျာမန် ဘီလူး ဘေယန်မြူးနစ် ဖြစ်နေတာကြောင့်လည်း အခုထက် ပိုပြီးတောင် ဝေဖန်သင့်သေးတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘွန်ဒက်စ်လီဂါ တစ်ခုတည်းကို အာရုံစိုက်ရတော့မယ့် ဘေယန်မြူးနစ်တို့ လာမယ့် ဧပြီ ၁၇ ရက်နေ့မှာ အာမီးနီးယား ဘိုင်လီဖဲလ်နဲ့ ကစားဖို့ရှိပြီး ဗီလာရီးရဲယ် ကတော့ ဂီတာဖေးနဲ့ လာလီဂါ ပွဲစဉ် ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်