နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကောင်းဆုံး ခြေစွမ်းနဲ့ မန်စီးတီးကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်သွားတဲ့ လစ်ဗာပူးလ် | အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ၂-၃ လစ်ဗာပူးလ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ မန်ချက်စတာစီးတီးကို ခြေစွမ်းပြ အနိုင်ယူပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း ဗိုလ်လုပွဲ အဆင့်ကို ပထမဦးဆုံး အကြိမ် ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ 


ပွဲစဉ်အကျဉ်း

အက်တလက်တီကို မက်ဒရစ်ကို လူစုံထုတ်ပြီး အသည်းအသန် ကစားလိုက်ရတာကြောင့် ပွဲပန်းနေတဲ့ မန်စီးတီးတို့ အဓိက ကစားသမား မစုံမလင်နဲ့ ပွဲထွက်လာခဲ့ပြီး လစ်ဗာပူးလ် ကတော့ အနားပေးထားတဲ့ ကစားသမားတွေ အားလုံးကို ထုတ်သုံးသွားခဲ့ပါတယ်။ မန်စီးတီးရဲ့ တိုက်စစ်မှာ ဂရီးလစ်ရှ်၊ စတာလင်၊ ဂျီဆုစ် တို့ ဦးဆောင်ခဲ့ပြီး ဒီဘရိုင်းနားနဲ့ ရိုဒရီ မပါတဲ့ ကွင်းလယ် ကိုတော့ ဖာနန်ဒင်ဟို၊ ဖိုဒန်၊ ဆေးလ်ဗားတို့ တာဝန်ယူခဲ့ပါတယ်။ ခံစစ်မှာ အာခီ၊ စတုန်းစ်၊ ကန်ဆယ်လို၊ ဇင်ချန်ကို၊ ဂိုးမှာတော့ အီဒါဆင် အစား ဂျက်စတီဖင် ပွဲထွက်ခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ ဖာဘင်ဟို၊ သီယာဂို၊ နာဘီကေတာ၊ မာနေး၊ ဆာလာ၊ ဒီးရာ့ဇ် တို့ပါဝင်တဲ့ အစုအဖွဲ့နဲ့ အတောင့်တင်းဆုံး ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တစ်ပတ် အတွင်း နှစ်ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး နှစ်သင်းလုံး ပြီးခဲ့တဲ့ တစ်ကြိမ် တွေ့ဆုံမှုတုန်းက အားသာချက်၊ အားနည်းချက်တွေကို ပြန်လည် သုံးသပ်ပြီး အသေအချာ ပြင်ဆင်လာခဲ့ပုံရပါတယ်။ ဒီနေ့ပွဲမှာ ကလော့ပ်ရဲ့ အသင်းက ပိုမို ထိထိရောက်ရောက် ကစားနိုင်ခဲ့ပြီး ပွဲစကတည်းက မန်စီးတီး ဘက်ကို လျင်လျင်မြန်မြန်နဲ့ ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ်မှာတင်ပဲ လစ်ဗာပူးလ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ရော်ဘတ်ဆန်ရဲ့ ထောင့်ကန်ဘော ကနေ နောက်ပိုင်းပွဲတွေမှာ ဂိုးမြူးနေတဲ့ ကိုနာတေးက ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၁၇ မိနစ်မှာ လစ်ဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ မန်စီးတီး ဂိုးသမား ဂျက်စတီဖင်ရဲ့ အမှားကို ဆာဒီယို မာနေးက အပိုင်အသုံးချခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား ဂျက်စတီဖင် ဂိုးပေါက်ရှေ့မှာ ဘောလုံးကိုင်ပြီး အချိန်ဆွဲနေမှုကို မာနေးက ပါးပါးနပ်နပ် ပြေးဝင်ပြီး လျှောထိုး ပိတ်သွင်းခဲ့တာ ဖြစ်ပြီး ဒါဟာ ဂိုးသမား တစ်ယောက် မလုပ်သင့်တဲ့ အမှား ဖြစ်ပြီး ဒီအမှားကပဲ ပြိုင်ဘက် အသင်းကို ပိုပြီး အသာရသွားစေခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ဂွာဒီယိုလာ တစ်ယောက် အက်ဖ်အေဖလား အောင်မြင်မှုနဲ့ ထပ်ဝေးခဲ့ရပြန်ပြီး မန်စီးတီး အတွက်လည်း ဖလား ၃ လုံး အိမ်မက် ရိုက်ချိုးဖျက်ဆီးခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။
ပပ်ဂွာဒီယိုလာ လက်ထက်မှာ အက်ဖ်အေဖလား ချန်ပီယံ တစ်ကြိမ်သာ ဖြစ်ထားဖူးတဲ့ မန်စီးတီး

ဂိုးတွေ ပေးလိုက်ရပေမယ့် မန်စီးတီးတို့ ကစားအားကျမသွားပဲ လစ်ဗာပူးလ်ကို တန်ပြန် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဖာနန်ဒင်ဟို ဦးဆောင်တဲ့ ကွင်းလယ်က ဖန်တီးနိုင်မှု အားနည်းခဲ့သလို တိုက်စစ်က ဂျက်ဂရီးလစ်ရှ်နဲ့ စတာလင် တို့လည်း လစ်ဗာပူးလ်ရဲ့ High Line Defence ကို မကျော်နိုင်ခဲ့လို့ ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ဂိုးထပ်ရသွားတာက လစ်ဗာပူးလ် ဖြစ်ပြီး သီယာဂိုရဲ့ အကွက်မြင်မြင် ပေးပို့မှုကို ဆာဒီယို မာနေး ကပဲ အကောင်းဆုံး အဆုံးသတ် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာတင် လစ်ဗာပူးလ်တို့ ၃ ဂိုးပြတ် ဦးဆောင်ထားနိုင်ပေမယ့် ပပ်ရဲ့ အသင်းကလည်း လုံးဝ လက်မလျှော့သေးပဲ ဂိုးတွေ ပြန်ရဖို့ အားစိုက်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်း ပြန်စပြီး ၂ မိနစ် အကြာမှာ ဂရီးလစ်ရှ်က ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂိုးပြန်ရလိုက်တဲ့ အချိန်မှာ မန်စီးတီးတို့ စိတ်ဓာတ် အနည်းငယ် ပြန်တက် သွားပုံရပြီး နောက်ထပ် ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ကလော့ပ်ရဲ့ အသင်းက အမှားအယွင်း နည်းခဲ့သလို အလီဆွန်ရဲ့ လက်စွမ်းပြမှုတွေကြောင့် စီးတီးတို့ ကံဆိုးခဲ့ရပါတယ်။ ပွဲပြီးခါနီး မှာတော့ မန်စီးတီး တို့ ချေပဂိုး ၁ ဂိုး ထပ်ရခဲ့ပြီး မာရက်ဇ်ရဲ့ အားထုတ်မှုကြောင့် ရရှိလာတဲ့ အခွင့်အရေးကို ဘာနာဒို ဆေးလ်ဗားက သွင်းဂိုး အဖြစ် ပြောင်းလဲပေးခဲ့တာပါ။ 


ပွဲပြီးသုံးသပ်ချက်

အဓိက ကတော့ မန်စီးတီး တို့ လူမစုံခဲ့သလို လစ်ဗာပူးလ် ကလည်း ပြီးခဲ့တဲ့ ပွဲတုန်းကလို မဟုတ်ပဲ ဆုံးဖြတ်ချက် ရဲရဲတင်းတင်းချပြီး လုပ်သင့်တာကို အကောင်းဆုံး လုပ်သွားခဲ့လို့ အခုလို ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ ဖာနန်ဒင်ဟို၊ ဂျက်ဂရီးလစ်ရှ်၊ စတာလင်၊ ဖိုဒန် တို့ရဲ့ ခြေစွမ်းပိုင်းက မေးခွန်းထုတ်စရာ ရှိခဲ့ပြီး ဂရီးလစ်ရှ် ဆိုရင် ၁ ဂိုး သွင်းပေးခဲ့ပေမယ့်လည်း တိုက်စစ်မှာ ပါလို့ပါမှန်း မသိအောင်ကို ပျောက်နေခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ပြောစရာ ရှိတာက ဂျက်စတီဖင် ဖြစ်ပါတယ်။ ဘောလုံး ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးဟာ နည်းပြက စပြီး တစ်သင်းလုံးနဲ့ ဆိုင်ပေမယ့် ဂျက်စတီဖင် လုပ်လိုက်တဲ့ အမှားဟာ မန်စီးတီး အတွက် တော်တော်လေး သက်ရောက်မှု ကြီးမားစေခဲ့တယ်လို့ ပြောလို့ ရပါတယ်။ နောက်ဆုံး ပြောစရာ ရှိတာ ကတော့ ပပ်ဂွာဒီယိုလာ ဖြစ်ပြီး ဖာနန်ဒင်ဟိုနဲ့ ဂရီးလစ်ရှ် တို့ ခြေစွမ်းမပြနိုင်သည့် တိုင်အောင် ခေါင်းမာမာနဲ့ လူစားလဲလှယ်မှု မလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ဂွာဒီယိုလာ တစ်ယောက် အက်ဖ်အေဖလား အောင်မြင်မှုနဲ့ ထပ်ဝေးခဲ့ရပြန်ပြီး မန်စီးတီး အတွက်လည်း ဖလား ၃ လုံး အိမ်မက် ရိုက်ချိုးဖျက်ဆီးခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။ တစ်ဖက် မှာတော့ လစ်ဗာပူးလ် တို့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ရင် နည်းပြ ဂျာဂျင် ကလော့ပ် အနေနဲ့ အသင်း သမိုင်းတစ်လျှောက် ဖလားအစုံ ရယူနိုင်တဲ့ နည်းပြ ဖြစ်လာတော့မှာပါ။ 


လာမယ့်ပွဲစဉ်များ

မန်ချက်စတာစီးတီးတို့ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် ကစားဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ၂၀ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်