နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ပဲလေ့စ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ခဲ့တဲ့ ချဲလ်ဆီး | အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၂-၀ ခရစ္စတယ်ပဲလေ့စ်

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ချဲလ်ဆီးတို့ လန်ဒန် မြို့ခံ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်ကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရပြီး ၃ နှစ် ဆက်တိုက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးတို့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ လစ်ဗာပူးလ်နဲ့ တွေ့ဆုံရမှာ ဖြစ်ပြီး ခရာဘောင်ဖလား ဗိုလ်လုပွဲ မကျေပွဲကို ပြန်နွှဲခွင့်ရမှာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ပွဲပန်းနေတဲ့ ကန်တေနဲ့ သီယာဂို ဆေးလ်ဗားကို အနားပေးပြီး ဂိုးမှာ မန်ဒီ၊ နောက်တန်း ၃ ယောက် နေရာမှာ ရူဒီဂါ၊ ခရစ္စတန်ဆန်၊ ရိစ် ဂျိမ်းစ် တို့ကို ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ အလွန်ဆို၊ အက်ဇ်ပီလီကွယ်တာ၊ ရှေ့တန်းမှာ တီမိုဗာနာ၊ မေဆန်မောင့်၊ ကိုင်ဟာဗက်ဇ် တို့ ပါဝင်ခဲ့ပါတယ်။ ပဲလေ့စ် ကတော့ ၃-၄-၂-၁ အခင်းအကျင်းနဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ မက်တေးတား၊ ဇာဟာ၊ အီးဇီး၊ ကွင်းလယ်မှာ ရှလက်ပ်၊ မက်အာသာ၊ ဝက်ဒ်၊ မစ်ချဲလ်၊ ခံစစ်မှာ ဂေးဟ်၊ အန်ဒါဆန်၊ ကိုယာတေး၊ ဂိုးမှာ ဘတ်လန်း ပွဲထွက်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ ၂၀၁၆ ခုနှစ် နောက်ပိုင်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ နောက်ထပ် တစ်ကြိမ် ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် နောက်ပိုင်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းခွင့်နဲ့ လွဲချော်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

ပထမပိုင်းမှာ ချဲလ်ဆီးတို့ ခရစ္စတယ်ပဲလေ့စ်ကို ယှဉ်ကစားဖို့ ခက်ခဲခဲ့ပြီး အခွင့်အရေး ရဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။ ကန်တေ မပါတဲ့ ကွင်းလယ်က သိသိသာသာ အားနည်းခဲ့ပြီး ကိုဗာချစ် ကလည်း ပွဲချိန် ၂၆ မိနစ် ကျော်မှာတင်ပဲ ဒဏ်ရာကြောင့် လော့ဖ်တပ်စ်ချိခ်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒါ့အပြင် ဇာဟာ၊ မက်တေးတား၊ အီးဇီး တို့ရဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေ ကလည်း ချဲလ်ဆီး ခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ပဲလေ့စ် ဘက်က ရှားရှားပါးပါး အခွင့်အရေး တစ်ကြိမ်သာ ရခဲ့ပြီး မန်ဒီ ကာကွယ်သွားနိုင်ခဲ့လို့ ကံဆိုးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီး တို့ တိုက်စစ်မြှင့်လာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ် ကလည်း အခိုင်အမာ တည်ဆောက်လာတဲ့ ခံစစ်နဲ့ ပြန်လည် တုန့်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၆၅ မိနစ် မှာတော့ ပဲလေ့စ် နောက်တန်းရဲ့ ပေါ့ဆမှုက တစ်ဆင့် ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး လော့ဖ်တပ်စ်ချိခ်က ဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပဲလေ့စ် ဘက်က ဘန်တီကီ၊ မိုက်ကယ် အိုလစ် တို့ထည့်ပြီး ချေပဂိုး ပြန်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် ချဲလ်ဆီး တို့ပဲ ဒုတိယဂိုး ထပ်ရသွားခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာလည်း ပဲလေ့စ်ရဲ့ နောက်တန်း ဟာကွက် ကနေ တီမိုဗာနာ ထိုးပေးလိုက်တာကို မေဆန်မောင့်က အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ချဲလ်ဆီးတို့ တောက်လျောက် လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး အနိုင်ဂိုးတွေကို ထိန်းဖို့ ကြိုးစားခဲ့လို့ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်းအရ ဆိုရင်တော့ အထွေအထူး ပြောစရာ မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရသမျှ ဒုတိယပိုင်း မှာတော့ ချဲလ်ဆီးတို့ အစဉ်အလာအတိုင်း ပဲလေ့စ်ကို ကစားကွက် အသာနဲ့ ကစားပြီး အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ပက်ထရစ် ဗီအဲရာရဲ့ အသင်းက ချဲလ်ဆီး အတွက် လွယ်ကူတဲ့ အသင်း တစ်သင်း မဟုတ်ကြောင်း သက်သေပြသွားနိုင်ခဲ့ပေမယ့် ကစားသမား အင်အား တောင့်တင်းမှုချင်း မယှဉ်နိုင်ခဲ့လို့ နောက်ဆုံးမှာတော့ ဂိုးပြတ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါတောင် ချဲလ်ဆီး တိုက်စစ်က လူကာကူ၊ ဇီယက်ချ် တို့သာ အပိုင်အခွင့်အရေးတွေ မဖြုန်းတီးခဲ့ဘူး ဆိုရင် အခုထက် ပိုများတဲ့ ဂိုးရလဒ်နဲ့ အနိုင်ရသွားဖို့ ရှိခဲ့တာပါ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ရီးယဲလ်မက်ဒရစ်
1X2 မန်ချက်စတာစီးတီး @ 1.51
ဂိုးပေါ် 2.75 @ 1.93
ဂိုးပေါင်း 2-3 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အနိုင်ရခဲ့တဲ့ ချဲလ်ဆီးတို့ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ၃ နှစ် ဆက်တိုက် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး လစ်ဗာပူးလ်ကို ခရာဘောင်ဖလား ဗိုလ်လုပွဲ အရှုံး လက်စားပြန်ချေဖို့ အခွင့်အရေး ရသွားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ၂၀၁၆ ခုနှစ် နောက်ပိုင်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပြန်လည် တက်လှမ်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ နောက်ထပ် တစ်ကြိမ် ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ဆက်လက် ကစားရဖို့ ရှိပြီး ခရစ္စတယ်ပဲလေ့စ် ကတော့ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်