နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာဆူအိုလိုကို အနိုင်ရပြီးနောက် အဆင့် ၃ နေရာကို မျက်စောင်းထိုးနေတဲ့ အယ်လီဂရီ (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဆာဆူအိုလို ၁-၂ ဂျူဗင်တပ်စ်

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၃၄)ရဲ့ နောက်ကျပွဲ မှာတော့ ဂျူဗင်တပ်စ်တို့ ဆာဆူအိုလိုကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ထုံးစံ အတိုင်း ဂျူဗင်တပ်စ်တို့ ပွဲချိန်တော်တော်များများ ပြိုင်ဘက်ရဲ့ ဖိအားပေး ကစားခြင်း ခံခဲ့ရပေမယ့် နောက်ဆုံး မှာတော့ တိုက်စစ် အဆုံးသတ် သေချာမှုနဲ့ အတူ အနိုင် ၃ မှတ် ရခဲ့ပြီး နာပိုလီရဲ့ အဆင့် ၃ နေရာကိုပါ လုယူနိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် ဆာဆူအိုလိုတို့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာပြီး ရက်စ်ပါဒိုရီ၊ ဘရာဒီ၊ လိုပက်ဇ်၊ ထရာအိုရေး၊ အေးဟန်း၊ ချီရစ်ချီ တို့လို အမာခံတွေနဲ့ပဲ ဂျူဗင်တပ်စ်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ မက်စ် အယ်လီဂရီက ဗလာဟိုဗစ်ကို အရန်ခုံ ပို့ထားခဲ့ပြီး ဒီဘားလား၊ မိုရာတာ ဦးဆောင်တဲ့ တိုက်စစ်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာလည်း ကစားသမား အပြောင်းအလဲ တချို့ ပြလုပ်လာခဲ့ပြီး ပွဲထွက်လူစာရင်း မှာတော့ ဇကာရီယာ၊ ဒန်နီလို၊ ဘာနက်ဒက်ချီ၊ ရာဘီယော့တ်၊ ဘိုနူချီ၊ ရူဂါနီ၊ ဒီဆစ်ဂီလီယို၊ ဆန်ဒရို၊ ရှက်ဇီနီတို့ ပါဝင်ခဲ့ပါတယ်။
ပွဲစကတည်းက ဆာဆူအိုလိုတို့ ဂျူဗင်တပ်စ် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရက်စ်ပါဒိုရီရဲ့ ကန်ချက် ဂိုးဘားတန်းပေါ်က အနည်းငယ် ကျော်သွားခဲ့သလို ဘရာဒီနဲ့ ဆကမ်မက်ကာရဲ့ ကန်ချက်တွေ ကိုတော့ ရှက်ဇီနီ ကာကွယ်သွားခဲ့လို့ ဂျူဗင်တပ်စ်တို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၉ မိနစ် မှာတော့ ဆာဆူအိုလို တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဘရာဒီရဲ့ ဖန်တီးပေးမှုကနေ ရက်စ်ပါဒိုရီက အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် အီတလီ တိုက်စစ်မှူး ကတော့ ဂျူဗင်တပ်စ်ရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ပစ်မှတ် ကစားသမားလည်း ဖြစ်ပါတယ်။ အဲ့နောက် ဂျူဗင်တပ်စ်တို့ တန်ပြန် တိုက်စစ် ကနေ ချေပဂိုး ပြန်ရဖို့ အားထုတ်လာခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာတော့ အသင်းခေါင်းဆောင် ဒီဘားလားက ဇာကာရီယာ ပြန်ချပေးတဲ့ ဘောလုံးကို အပြင်းကန်သွင်းပြီး ချေပဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်သွားတဲ့ ဆာဆူအိုလို ကတော့ စီးရီးအေ ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၀ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ရပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဆာဆူအိုလို

ဒုတိယပိုင်း ကတော့ ပထမပိုင်းထက် အကြိတ်အနယ် ပိုရှိခဲ့ပြီး အပြန်အလှန် ဂိုးပေါက် ခြိမ်းခြောက်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ မိုရာတာရဲ့ ပထမ တစ်ကြိမ် ခေါင်းတိုက်ချက်ကို ဂိုးသမား ကွန်ဆီဂလီ ကာကွယ်နိုင်ခဲ့သလို ဒုတိယ တစ်ကြိမ် ကန်ချက် ကတော့ ဂိုးတိုင်ဘေး ကနေ အနည်းငယ် ကပ်ထွက်ခဲ့လို့ ဂျူဗင်တပ်စ်တို့ ဦးဆောင်ဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ တစ်ဖက်က ဆာဆူအိုလိုရဲ့ တိုက်စစ်ဆင်မှုတွေ ကလည်း တော်တော်လေး ထိရောက်ခဲ့ပြီး ခီရီရက်ကိုပူးလော့စ်ရဲ့ ကန်ချက် ဂိုးပေါက်နဲ့ အနည်းငယ် ကပ်လွဲခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၈၈ မိနစ် မှာတော့ ဂျူဗင်တပ်စ်တို့ လိုအပ်နေတဲ့ အနိုင်ဂိုး ရခဲ့ပြီး ဆန်ဒရိုရဲ့ ပေးပို့မှုကို လူစားဝင် တိုက်စစ်မှူး မွိုက်စ် ကင်းန်က တစ်ချက် လှည့်ထွက်ပြီး ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ချဲလ်ဆီး
1X2 မန်ချက်စတာ ယူနိုက်တက် @ 3.25
ဂိုးပေါ် 2.75 @ 2.07
ဂိုးပေါင်း 0-1 @ 3.70
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ထုံးစံ အတိုင်း ဂျူဗင်တပ်စ်တို့ ပြိုင်ဘက်ရဲ့ ပွဲချိန်ပြည့် ဖိအားပေးခြင်း ခံရပေမယ့် ပွဲအပြီးမှာတော့ နိုင်ပွဲ တစ်ပွဲ ရအောင် ယူနိုင်ခဲ့ပြန်ပါတယ်။ ဂျူဗင်တပ်စ်ဟာ အယ်လီဂရီ လက်ထက်မှာ အရင်ကလောက် ကစားပုံ မသွက်တော့သလို ပြိုင်ဘက်ကို ပွဲချိန်ပြည့် ဖိအားပေးနိုင်ခြင်း မရှိတော့ပေမယ့် ကစားကွက် ကတော့ တော်တော်လေး တည်ငြိမ်လာခဲ့တာ တွေ့ရပါတယ်။ Final Third မှာ အဆုံးသတ် သေချာတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတာကြောင့်လည်း သွင်းဂိုးတွေ အတွက် စိတ်ချနေရတာ ဖြစ်ပါတယ်။ ရာသီအစမှာ ရုန်းကန်ခဲ့ရသလောက် တဖြည်းတဖြည်း တရွေ့ရွေ့ တက်လာခဲ့တဲ့ အိုးလေဒီတို့ အခုဆိုရင် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၃ နေရာနဲ့ ရာသီ သိမ်းနိုင်ဖို့တောင် ပစ်မှတ်ထားနိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုပါအီတလီယာ မှာလည်း ဗိုလ်လုပွဲ တက်ထားပြီး ဖြစ်လို့ ရာသီကုန်ရင် ဖလား တစ်လုံး ရနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါသေးတယ်။ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်သွားတဲ့ ဆာဆူအိုလို ကတော့ စီးရီးအေ ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၀ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

ဆာဆူအိုလိုတို့ လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ နာပိုလီနဲ့ အဝေးကွင်း ပွဲစဉ် ကစားဖို့ ရှိပြီး ဂျူဗင်တပ်စ် ကတော့ ဗင်နီဇီယာကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်