နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ် – ဗီလာရီးရဲယ် | ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – ဗီလာရီးရဲယ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော ဒုတိယနေ့ မှာတော့ လစ်ဗာပူးလ်တို့ ဗီလာရီးရဲယ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေသလို ဗီလာရီးရဲယ် ကလည်း ပြီးခဲ့တဲ့ အဆင့်တွေမှာ အသင်းကြီးတွေ ကိုတောင် ကျော်ဖြတ်လာခဲ့တဲ့ အသင်း ဖြစ်လို့ ဘယ်လိုမျိုး ရလဒ်တွေ ထွက်ပေါ်ပြီး ဘယ်အသင်းက နောက်တစ်ဆင့် တက်သွားမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ရီးယဲလ်မက်ဒရစ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖလား ၄ လုံး သိမ်းပိုက်နိုင်ရေး မျှော်လင့်ချက်နဲ့ ပြိုင်ပွဲတိုင်းကို အပြည့်အဝ အာရုံစိုက်နေတဲ့ လစ်ဗာပူးလ် အတွက် ချန်ပီယံလိဂ်ဟာ အရေးအကြီးဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ ဒီရာသီ အတွက် ခရာဘောင်ဖလား တစ်လုံး ရရှိထားပြီးသား လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက မန်စီးတီးကို ၁ မှတ် အကွာနဲ့ ဖိအားပေးထားနိုင်သလို၊ အက်ဖ်အေဖလား မှာ ဗိုလ်လုပွဲ၊ အခု ချန်ပီယံလိဂ် မှာတော့ ဆီမီးဖိုင်နယ် အထိ ရောက်ရှိ နေခဲ့လို့ တစ်ရာသီ အတွင်း စံချိန်တင် ဖလား ၄ လုံး သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေတာ ဖြစ်ပါတယ်။ မျှော်လင့်ချက် ရှိနေတယ် ဆိုတာ အခြေအနေ ကောင်းနေတာတော့ မဟုတ်ပါဘူး။ လက်ကျန် ပွဲစဉ် ၈ ပွဲဟာ ဂျာဂျင် ကလော့ပ်ရဲ့ အသင်း အတွက် အဆုံးအဖြတ် ဖြစ်ပြီး ၈ ပွဲစလုံး ရလဒ်ကောင်းနိုင်မှသာ ဖလား ၄ လုံး ရည်မှန်းချက် ပြည့်မြောက်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ လစ်ဗာပူးလ် အတွက် မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ ပြောလို့ ရပြီး အိမ်ကွင်း၊ အဝေးကွင်း မရွေး ပြိုင်ဘက်တိုင်းကို အနိုင်ယူဖို့ မခက်တဲ့ စုဖွဲ့မှုလည်း ပိုင်ဆိုင်ထားပါတယ်။ အဓိက ကတော့ ပွဲတိုင်း ပုံမှန် ဂိုးသွင်းနိုင်တဲ့ တိုက်စစ် ဖြစ်ပြီး တစ်သင်းလုံး နေရာစုံမှာ အပြစ်ပြောစရာ မရှိလောက်အောင် ပုံစံကောင်းရနေသလို လိုအပ်ရင် လိုအပ်သလို ပွဲအဖြေ ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတွေလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် လက်တလော အသင်းမှာ ဒဏ်ရာရ ပွဲပယ် ထိထားတဲ့ ကစားသမား မရှိတာကြောင့် ကလော့ပ်ရဲ့ အသင်းကို အကောင်းဆုံး ဆိုတဲ့ လူစာရင်းနဲ့ ထပ်မံ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ သီယာဂို၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ ဒီးရာ့ဇ်၊ ဆာလာ၊ မာနေး

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်လာတဲ့ အသင်းတွေထဲမှာ ဗီလာရီးရဲယ်ဟာ အားအနည်းဆုံး ဖြစ်ပေမယ့် လျှော့တွက်လို့ မရဘူး ဆိုတာတော့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ သက်သေပြထားပြီး ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိသေးတဲ့ ဗီလာရီးရဲယ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်လာတဲ့ အသင်းတွေထဲမှာ ဗီလာရီးရဲယ်ဟာ အားအနည်းဆုံး ဖြစ်ပေမယ့် လျှော့တွက်လို့ မရဘူး ဆိုတာတော့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ သက်သေပြထားပြီး ဖြစ်ပါတယ်။ အူနိုင်းအန်မေရီနဲ့ အတူ မနှစ်က ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ဒီနှစ် ချန်ပီယံလိဂ် မှာ မထင်မှတ်တာတွေ ဆက်တိုက် လုပ်ပြနေတဲ့ ဗီလာရီးရဲယ်ဟာ သူတို့ အသင်းထက် အစစအရာရာ သာတဲ့ ဂျူဗင်တပ်စ်နဲ့ ဘေယန်မြူးနစ်လို အသင်းတွေ ကိုတောင် အတည်ငြိမ်ဆုံး ကျော်ဖြတ်ပြထားခဲ့ပြီး ဖြစ်လို့ လစ်ဗာပူးလ်တို့ ဘယ်လောက်ပဲ ခြေစွမ်း ထက်မြတ်နေပါစေ သူတို့ အသင်းရဲ့ ဟန်အတိုင်း အတည်ငြိမ်ဆုံး တုန့်ပြန်နိုင်ဖို့ ကြိုးစားလာဦးမှာပါ။ အသင်းမှာ ကြယ်ပွင့် ကစားသမား မပါပေမယ့် နည်းပြ အူနိုင်း အန်မေရီရဲ့ ညွှန်ကြားမှု အောက်မှာ စည်းစနစ်တကျ ကစားနိုင်ခြင်းက ဗီလာရီးရဲယ် အတွက် အဓိက အားသာချက် ဖြစ်ပါတယ်။ အခုလာမယ့် ပွဲမှာလည်း ဗီလာရီးရဲယ်တို့ သေချာပေါက် ခံစစ်ကို အကျစ်လျစ်ဆုံး တည်ဆောက်လာဖို့ ရှိပြီး အခွင့်အရေး ရရင် ရသလို အဆုံးသတ် သေချာတဲ့ တန်ပြန် တိုက်စစ်နဲ့ လစ်ဗာပူးလ်ကို ဒုက္ခပေးဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် အခုပွဲ ကိုတော့ မိုရီနို နှစ်ဦးစလုံး ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ကျန်အဓိက ကစားသမား အားလုံး ကတော့ ပွဲထွက်မယ်လို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ရူလီ၊ တောရက်စ်၊ အဲလ်ဘီယို၊ အက်စတူပီနန်၊ ဖွိုက်၊ ကာပူး၊ ပယ်ရီဟို၊ ကိုကွီလင်၊ ချူကွီဇီ၊ လိုဆယ်လို၊ ဒန်ဂျူးမား


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လစ်ဗာပူးလ်နဲ့ ဗီလာရီးရဲယ်တို့ ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ၂ ကြိမ်သာ တွေ့ဆုံခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ စပိန်မြေမှာ ဗီလာရီးရဲယ်တို့ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ အန်ဖီးလ် မှာတော့ ၃ ဂိုးပြတ်နဲ့ ပြန်ရှုံးခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃-၁နဲ့ လစ်ဗာပူးလ်တို့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ လစ်ဗာပူးလ် အတွက် ၁.၂၉ ဆ၊ ဗီလာရီးရဲယ် အတွက် ၁၀.၅၀ ဆ၊ သရေ အတွက် ၄.၉၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လစ်ဗာပူးလ်ရဲ့ ထက်မြတ်တဲ့ တိုက်စစ်နဲ့ ဗီလာရီးရဲယ်ရဲ့ မာကျောတဲ့ ခံစစ် ထိပ်တိုက်တွေ့ကြမယ့် ပွဲဖြစ်ပါတယ်။ နှစ်သင်းလုံး လူစုံဖို့ ရှိပေမယ့် ဗီလာရီးရဲယ် တိုက်စစ် မှာတော့ ဂျရတ် မိုရီနို ပါဝင်လာမှာ မဟုတ်ပါဘူး။ အန်ဖီးလ် မှာတော့ လစ်ဗာပူးလ် ဘက်ကနေပဲ အပြည့်အဝ ရပ်တည်ထားချင်ပြီး ဂိုးပေါင်း ကတော့ စဉ်းစားရ နည်းနည်းခက်ပါတယ်။ ဒီတစ်ကြိမ် မှာတော့ ဗီလာရီးရဲယ်ရဲ့ ခံစစ်ထက် ဘယ်သူပဲ ထည့်သုံးသုံး ဂိုးရဖို့ မခက်တဲ့ လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကို ပိုပြီး ယုံကြည်ထားချင်ပါတယ်။ ဂိုးပေါ် ၃.၀၀ ကတော့ စိတ်ကြိုက် ရွေးချယ်မှု တစ်ခုပါပဲ။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်