နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာရီးရဲယ်ကို အန်ဖီးလ်မှာ ခေါ်ပြီး ဆုံးမလိုက်တဲ့ လစ်ဗာပူးလ် | ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၂-၀ ဗီလာရီးရဲယ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ဒုတိယနေ့ ပွဲစဉ်ကို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ မှာတော့ လစ်ဗာပူးလ်က ဗီလာရီးရဲယ်ကို ၂-၀ ရလဒ်နဲ့ အန်ဖီးလ်မှာ အနိုင်ရသွားခဲ့ပါတယ်။ ကြိုတင်ခန့်မှန်းထားခဲ့သလိုပဲ လစ်ဗာပူးလ်ရဲ့ တိုက်စစ်နဲ့ ဗီလာရီးရဲယ်ရဲ့ ခံစစ်တို့ အားပြိုင်ခဲ့ကြပြီး အိမ်ရှင် လစ်ဗာပူးလ်တို့ ဒုတိယပိုင်းမှာ ရခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ဖို့ အခြေအနေ ကောင်းသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ပုံမှန်ပွဲထွက်နေကျ အခင်းအကျင်းတွေနဲ့ ကိုမှ အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ရင်ဆိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ ၄-၃-၃ မှာ တိုက်စစ်က မာနေး၊ ဆာလာ၊ ဒီးရာ့ဇ် တို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်မှာ သီယာဂို၊ ဖာဘင်ဟို၊ ဟန်ဒါဆင်၊ ခံစစ် မှာတော့ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ အလီဆွန်တို့ ပွဲထွက်လာခဲ့ပါတယ်။ ဗီလာရီးရဲယ် ကတော့ ၄-၄-၂ ကိုပဲ အသုံးပြုခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ရူလီ၊ ပါအူ တောရက်စ်၊ အဲလ်ဘီယို၊ ဖွိုက်၊ အက်စ်တူပီနန်၊ ပယ်ရီဟို၊ ကာပူး၊ ကိုကွီလင်၊ ချူကွီဇီ၊ လိုဆယ်ဆိုနဲ့ ဒန်ဂျူးမား တို့ ပါဝင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အူနိုင်း အန်မေရီရဲ့ အသင်း မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဒါမှမဟုတ် လစ်ဗာပူးလ် တို့ပဲ ထပ်ပြီး အသာရသွားနိုင်မလား ဆိုတာတော့ မေ ၄ ရက်နေ့မှာ အဖြေပေါ်မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရေး မျှော်လင့်ချက် မရှိသလောက် နည်းသွားတဲ့ ဗီလာရီးရဲယ်

ပွဲစဉ် တစ်လျှောက်လုံး လစ်ဗာပူးလ် ကပဲ အဘက်ဘက်မှာ အသာစီးရယူ ကစားသွားခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ဆက်တိုက် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗီလာရီးရဲယ် နောက်တန်းက အဲလ်ဘီယို၊ ဖွိုက်နဲ့ ပါအူ တောရက်စ်တို့ အမှား ကြီးကြီးမားမား မလုပ်ခဲ့သလို လစ်ဗာပူးလ် တိုက်စစ်ရဲ့ အန္တရာယ်များတဲ့ ကန်ချက် တချို့ကိုလည်း ဂိုးသမား ရူလီ ကာကွယ်နိုင်ခဲ့လို့ ပထမပိုင်း အပြီးမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ခံစစ် အားပြုခဲ့တဲ့ ဗီလာရီးရဲယ် တို့ တစ်ချက်တစ်ချက်မှာ လစ်ဗာပူးလ်ရဲ့ High Line Defence ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက် ပြတ်နေတာကြောင့် ဒန်ဂျူးမားလည်း ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း မှာတော့ လစ်ဗာပူးလ်တို့ တိုက်စစ် ပိုမြှင့်လာခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာ ဖာဘင်ဟို ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် နောက်ထပ် ၂ မိနစ် အကြာမှာတော့ လစ်ဗာပူးလ်တို့ လိုအပ်နေတဲ့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဟန်ဒါဆန်ရဲ့ တောင်ပံက ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို အက်စတူပီနန် တားဆီးရာမှာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့လို့ ဂိုးသမား ရူလီလည်း ဘယ်လိုမှ မတတ်နိုင်ပဲ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ဆာလာရဲ့ ပေးပို့မှု ကတစ်ဆင့် ဆာဒီယို မာနေးက ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ အနီးကပ် ပိတ်သွင်းခဲ့လို့ လစ်ဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာလည်း လစ်ဗာပူးလ် ကပဲ တိုက်စစ်ပြီးရင်း တိုက်စစ် ကစားသွားခဲ့လို့ ဗီလာရီးရဲယ်တို့ ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရပြီး ရော်ဘတ်ဆန်ရဲ့ ၆၄ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုး လူကျွံနေခဲ့တာကြောင့်သာ ဂိုးထပ်မပေးခဲ့ရတာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အရင်ဦးဆုံး ချီးကျူးရမှာက လစ်ဗာပူးလ် ကွင်းလယ်က သီယာဂို၊ ဖာဘင်ဟိုနဲ့ ဟန်ဒါဆန် တို့ပဲ ဖြစ်ပါတယ်။ ကစားကွက် ပုံဖော်ရုံသာမက ဗီလာရီးရဲယ်တို့ တန်ပြန် တိုက်စစ် မစတင်နိုင်အောင် ဇုန်အလိုက်ရော၊ တစ်ဦးချင်း အနေနဲ့ပါ ဖြတ်တောက် တားဆီးသွားနိုင်ခဲ့ကြပါတယ်။ ရိုဘိုနဲ့ အာနိုးလ် ကတော့ သူတို့ရဲ့ ကစားဟန် အတိုင်း တောင်ပံတွေ ကနေ Pass ပေါင်း မျိုးစုံနဲ့ ဗီလာရီးရဲယ်ရဲ့ Low Block ခံစစ်ကို ကျော်ဖြတ်ဖို့ ကြိုးစားသွားခဲ့ကြပြီး ထိလည်း ထိရောက်ခဲ့ပါတယ်။ တကယ်တမ်း ဆိုရင် လစ်ဗာပူးလ်တို့ အနည်းဆုံး ဂိုးဒါဇင်ဝက်လောက်နဲ့ကို အနိုင်ရခဲ့သင့်ပြီး မာနေးနဲ့ ဆာလာတို့ရဲ့ အပိုင်အခွင့်အရေး ဖြုန်းတီးမှုတွေ အပြင် ဒီးရာ့ဇ်ရဲ့ ကန်ချက်တွေကို ရူလီ ကာကွယ်သွားနိုင်တာကြောင့်လည်း ၂-၀ ဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ချဲလ်ဆီး
1X2 မန်ချက်စတာ ယူနိုက်တက် @ 3.20
ဂိုးပေါ် 2.75 @ 2.09
ဂိုးပေါင်း 0-1 @ 3.80
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျာဂျင် ကလော့ပ်ရဲ့ အသင်းက ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်တယ် ဆိုပေမယ့် စပိန်မြေမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ် ကတော့ စိတ်ဝင်စားစရာ ကောင်းနေဆဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အူနိုင်း အန်မေရီရဲ့ အသင်း မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဒါမှမဟုတ် လစ်ဗာပူးလ် တို့ပဲ ထပ်ပြီး အသာရသွားနိုင်မလား ဆိုတာတော့ မေ ၄ ရက်နေ့မှာ အဖြေပေါ်မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ ဧပြီ ၃၀ ရက်နေ့ မှာတော့ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရဖို့ ရှိပြီး ဗီလာရီးရဲယ် ကတော့ အလာဗက်စ်နဲ့ လာလီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်