နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ် – ရီးရဲယ်မက်ဒရစ် | ချန်ပီယံလိဂ် ဗိုလ်လုပွဲ (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – ရီးရဲယ်မက်ဒရစ်

ပရိသတ်တွေ အားလုံး စောင့်မျှော်နေခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ မကြာမီအချိန် အတွင်း ပြင်သစ်နိုင်ငံက State de France ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ ၆၇ ကြိမ်မြောက် ကျင်းပတဲ့ ဒီပြိုင်ပွဲကြီးမှာ ချန်ပီယံ ၁၄ ကြိမ် ဖြစ်ထားတဲ့ ဥရောပ ဘုရင်ကြီး ရီးရဲယ်မက်ဒရစ် တို့ပဲ စံချိန်တင် ထပ်ပြီး ဗိုလ်စွဲသွားနိုင်မလား။ ဒါမှမဟုတ် လက်ရှိမှာ အကောင်းဆုံး ပုံစံရနေတဲ့ လစ်ဗာပူးလ် တို့ပဲ ဖလား ၃ လုံး အိမ်မက်ကို အကောင်အထည် ဖော်သွားနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီး အခုနှစ် ဘောလုံးရာသီရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံး ပွဲလည်း ဖြစ်နေတာကြောင့်လည်း လက်မလွှတ်တမ်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ၇ ကြိမ် ကိုင်မြှောက်ထားနိုင်တဲ့ လစ်ဗာပူးလ်ဟာ ရီးရဲယ်မက်ဒရစ်နဲ့ အေစီမီလန် ပြီးရင် အအောင်မြင်ဆုံး အသင်း ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ လစ်ဗာပူးလ်ဟာ ဥရောပရဲ့ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရသလို ဖလား ၄ လုံး မျှော်လင့်ချက် ပျက်ခဲ့ရပြီးနောက် ဖလား ၃ လုံး အိမ်မက်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ စိတ်အား ထက်သန်နေတဲ့ အသင်း ဖြစ်ပါတယ်။ အဆုံးသတ် သေချာပြီး ပါးနပ်တဲ့ တိုက်စစ်မှူးတွေ ပိုင်ဆိုင်ထားသလို ကွင်းလယ်နဲ့ ခံစစ် မှာဆိုရင်လည်း ဖန်တီးမှု ကောင်းပြီး အတွေ့အကြုံ ရင့်တဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားပါတယ်။ အဓိက ကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦး ဖြစ်သလို နည်းစနစ်ပိုင်း ကျွမ်းကျင် ပိုင်နိုင်တဲ့ ဂျာဂျင်ကလော့ပ် ရှိနေတာ ဖြစ်ပါတယ်။ ကလော့ပ် အနေနဲ့ အခုပွဲမှာ နည်းဗျူဟာပိုင်း အထွေအထူး အပြောင်းအလဲ လုပ်လာနိုင်ဖွယ် မရှိပဲ ထုံးစံ အတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ အတူ ပြိုင်ဘက်ကို ပွဲချိန်ပြည့် ဖိအားပေးနိုင်ဖို့ပဲ ကြိုးစားလာဖို့ များပါတယ်။ တိုက်စစ်မှာ မာနေး၊ ဆာလာ တို့နဲ့ အတူ နိုင်လိုစိတ် ပြင်းထန်ပြီး ကစားအား ကောင်းတဲ့ လူးဝစ်ဇ် ဒီးရာ့ဇ်ကိုပဲ ပွဲထုတ်လာဖို့ များပါတယ်။ ကွင်းလယ်မှာ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ သီယာဂိုကို ဟန်ဒါဆင်၊ ဖာဘင်ဟို တို့နဲ့ တွဲဖက် ကစားစေမယ့် သဘော ရှိပြီး ခံစစ်မှာ ကိုနာတေး ဗန်ဒိုက်ခ် အတွဲအဖက်နဲ့ အတူ ဘယ်/ညာ အစွန် မှာတော့ အားနိုးလ်၊ ရော်ဘတ်ဆန် တို့ကိုပဲ မြင်တွေ့ရဦးမှာပါ။ တစ်ချက် ရှိတာက တိုက်စစ် အရမ်းပါလွန်းတဲ့ အာနိုးလ် အနေနဲ့ တစ်ဖက်က ဗင်နီးစီးယပ်စ်လို မြန်နှုန်းမြင့် တောင်ပံ တိုက်စစ်မှူးကို ဘယ်လို ထိန်းမလဲ ဆိုတာ ကလော့ပ် အနေနဲ့ ကြိုတင် တွက်ဆထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ နောက်ပြီး ဂိုးသွင်းသေချာပြီး အတွေ့အကြုံ ရင့်တဲ့ ဘန်ဇီမာကို လစ်ဗာပူးလ် ခံစစ်မှူးတွေ သတိကြီးကြး မထားခဲ့ရင်တော့ ၂၀၁၈ တုန်းကလိုပဲ နောက်တစ်ကြိမ် ထပ်ပြီး ကြေကွဲသွားရမှာ သေချာပါတယ်။

ဂျေလိဂ်
ဆာဂန် တိုစု
ဂမ်ဘာအိုစကာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ ဖာဘင်ဟို၊ သီယာဂို၊ ဟန်ဒါဆန်၊ ဆာလာ၊ မာနေး၊ ဒီးရာ့ဇ်

ရီးရဲယ်မက်ဒရစ်ဟာ လစ်ဗာပူးလ် လောက် ခြေစွမ်းပိုင်း အားရစရာ ကောင်းမနေခဲ့ပေမယ့် ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်စီးတီး တို့လို ဥရောပရဲ့ ဒိတ်ဒိတ်ကြဲတွေ ကိုမှ ကျော်ဖြတ်လာနိုင်ခဲ့တဲ့ အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ အမြင့်ဆုံး‌ ရောက်နေပါလိမ့်မယ်။ ချန်ပီယံလိဂ် ဖလား ၃ ကြိမ် ရရှိထားတဲ့ နည်းပြ အန်ဆယ်လော့တီရဲ့ ဦးဆောင်မှု အောက်မှာ အာလုံး မမျှော်လင့်ထားတဲ့ ပုံစံနဲ့ လာလီဂါ ချန်ပီယံ ဖြစ်ထားတဲ့ ရီးရဲယ်တို့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကို ရယူဖို့ အတွက် အားကုန်ထုတ် ရုန်းဦးမှာပါ။ ရီးရဲယ်မက်ဒရစ်ရဲ့ တိုက်ပွဲစိတ် အပြင် စွမ်းပိုင်းနဲ့ ပတ်သတ်လို့တော့ အထွေအထူး သုံးသပ်စရာတော့ မရှိပါဘူး။ အနီးစပ်ဆုံး ပြီးခဲ့တဲ့ ရှုံးထွက် ၃ ပွဲကို ပြန်ကြည့်လိုက်ရင်ကို ကောင်းကောင်း သဘောပေါက် နားလည်သွားမှာပါ။ အန်ဆယ်လော့တီ အသင်းရဲ့ အဓိက အားသာချက် ကတော့ အတွေ့အကြုံရင့်ပြီး ပါးနပ်တဲ့ ဘန်ဇီမာနဲ့ မြန်နှုန်းမြင့်ပြီး အဆုံးသတ် ကောင်းတဲ့ ဗင်နီးစီးယပ်စ် တို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ ကက်ဆီမီရို၊ ခရူးစ်၊ မိုဒရစ် တို့လို အတွေ့အကြုံနဲ့ အရည်အသွေး ပြည့်ဝတဲ့ ကွင်းလယ် ရှိနေပါသေးတယ်။ ဒီအခြေအနေတွေကို အန်ဆယ်လော့တီ အနေနဲ့ အကောင်းဆုံး အသုံးချဖို့ ပြင်ဆင်လာနိုင်ပြီး တန်ပြန် တိုက်စစ် နဲ့ပဲ ကစားမယ့် သဘော ရှိပါတယ်။ တစ်ချက် ရှိတာက ကာဗာဟယ်နဲ့ မန်ဒီက စိတ်ချရပေမယ့် အလာဘာ ပါဝင်လာဖို့ မသေချာသေးသတဲ့ ခံစစ်မှာ မီလီတာအို၊ နာချို ဗဟိုခံစစ် အတွဲ အနေနဲ့ တစ်ဖက်က ထက်မြတ်တဲ့ လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ လုံလောက်နိုင်ပါ့မလား ဆိုတာ ဖြစ်ပါတယ်။

အနီးစပ်ဆုံး အနေနဲ့ မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံထားခဲ့ကြပြီး နှစ်ကျော့ပေါင်း ၃-၁ ရလဒ်နဲ့ ရီးရဲယ်မက်ဒရစ်တို့ လစ်ဗာပူးလ်ကို အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။
နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်စလုံး လစ်ဗာပူးလ်ကို အသာရထားတဲ့ ရီးရဲယ်မက်ဒရစ်

ဖြစ်နိုင်ဖွယ်လူစာရင်း – ကော့တွာစ်၊ နာချို၊ မီလီတာအို၊ မန်ဒီ၊ ကာဗာဟယ်၊ ကက်ဆီမီရို၊ ခရူးစ်၊ မိုဒရစ်၊ ဗင်နီးစီးယပ်စ်၊ ဗယ်ဗာဒီ၊ ဘန်ဇီမာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ၉ ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၈ ကြိမ် တွေ့ဆုံမှု မှာတာ့ ရီးရဲယ်မက်ဒရစ် က ၄ ကြိမ်နိုင်ပြီး လစ်ဗာပူးလ်က ၃ ကြိမ် အနိုင်ရထားပါတယ်။ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ ဒီနှစ်သင်းကြားမှာ အမှတ်တရရှိခဲ့တဲ့ ပွဲဖြစ်ပြီး ရီးရဲယ်မက်ဒရစ်က ဘန်ဇီမာ၊ ဘေးလ် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ အနီးစပ်ဆုံး အနေနဲ့ မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံထားခဲ့ကြပြီး နှစ်ကျော့ပေါင်း ၃-၁ ရလဒ်နဲ့ ရီးရဲယ်မက်ဒရစ်တို့ လစ်ဗာပူးလ်ကို အနိုင်ရပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ ကြေးဖွင့်မှု အရ 1X2 မှာ လစ်ဗာပူးလ် အတွက် ၂.၁၅၊ ရီးရဲယ်မက်ဒရစ် အတွက် ၃.၂၅၊ သရေ အတွက် ဆိုရင်တော့ ၃.၄၀ သတ်မှတ်ပေးထားတာ တွေ့ရပါတယ်။ အားလုံးက လစ်ဗာပူးလ်ကို ပိုသဘောကျနေပေမယ့် ခြေစွမ်းပိုင်း ကွာဟမှု သိပ်မရှိနိုင်သလို သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ဦးမယ့် ပွဲဖြစ်ပါတယ်။ လစ်ဗာပူးလ် မှားတာနဲ့ ရီးရဲယ် စားမယ့် ဖလားပါ။ ဘက်ရွေးရတာ သိပ်ကို အန္တရာယ် များပါတယ်။ အိုဝင် ကတော့ လစ်ဗာပူးလ် ၃-၁ လောက်နဲ့ နိုင်ပါမယ်တဲ့။ ကျွန်တော် ကတော့ အနိုင်၊ အရှုံးထက် ဂိုးပေါင်းကိုပဲ ပိုကြိုက်တယ်။ အနည်းဆုံး ၂-၁ ဒါမှမဟုတ် ၂-၂ နဲ့ အချိန်ပို ပင်နယ်တီတွေ အထိ ရောက်နိုင်လို့ ဂိုးပေါ်ကိုပဲ မျှော်လင့်ထားချင်မိတယ်။
ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၂-၁ ရီးရဲယ်မက်ဒရစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်