နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပါဆာလစ်ရဲ့ သွင်းဂိုးနဲ့ ကိုပေဟေဂင်မှာ အနိုင်ရခဲ့တဲ့ ခရိုအေးရှား | နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

ဒိန်းမတ် ၀-၁ ခရိုအေးရှား

နေးရှင်းလိဂ် A အုပ်စု ၁ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာ‌တော့ ခရိုအေးရှားတို့ ဒိန်းမတ်ကို ပါကန် ကွင်းမှာ မာရီယို ပါဆာလစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲချိန် အတွင်း ဒိန်းမတ်တို့ သွင်းဂိုး ၂ ဂိုး ရခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရသလို အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် အိမ်ကွင်းမှာ ခရိုအေးရှားကို အရှုံးပေးခဲ့ရပြီး နေးရှင်းလိဂ် ပထမဦးဆုံး ရှုူံးပွဲတွေ့သွားခဲ့ရတာ ဖြစ်ပါတယ်။

ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး ရမှတ် လိုအပ်ချက် အတွက် အတောင့်တင်းဆုံး စုဖွဲ့မှုတွေနဲ ပွဲထွက်လာခဲ့ပြီး အားစိုက် ကစားသွားခဲ့ကြပါတယ်။ ကတ်စပါ ဟူဂျဲလ်မန်းရဲ့ အသင်းက ၄-၃-၃ ကစားကွက်နဲ့ အတူ ရှမိုက်ကယ်၊ အန်ဒါဆင်၊ ခရစ္စတန်ဆင်၊ မာအဲလီ၊ ဝက်စ်၊ ဟွိုက်ဘယက်ဂျ်၊ ဒီလာနေး၊ အဲရစ်ခ်ဆင်၊ အိုလ်ဆင်၊ ဒမ်းစ်ဂတ်၊ ကော်နယ်လီးယပ်စ် တို့ ပွဲထွက်ခဲ့ပါတယ်။ ခရိုအေးရှား ကတော့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး လူစာရင်းမှာတော့ လစ်ဗာကိုဗစ်၊ ဂျူရန်နိုဗစ်၊ ဗာဆယ်လစ်ဂျ်ကို၊ ဂျာကစ်၊ ဘရိုဇိုဗစ်၊ ပါဆာလစ်၊ အော်ဆစ်၊ ကရာမာရစ်တို့လို့ အမာခံ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ 

ခြေစွမ်းသိမ်မကွာတဲ့ အသင်းတွေ ဖြစ်တာကြောင့် ပွဲစကတည်းက အပြန်အလှန် ရှိခဲ့ပေမယ့် အိမ်ရှင် ဒိန်းမတ်တို့ အခွင့်အရေး ပိုရခဲ့ပါတယ်။ ပထမပိုင်းမှာ ဒိန်းမတ် တိုက်စစ်မှူး ကော်နယ်လီးယပ်စ် အပိုင်အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပေမယ့် လစ်ဗာကိုဗစ် ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့နောက် ကော်နယ်လီးယပ်စ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂျိုအာကင်း မာအဲလီ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပြန်လည် ပယ်ဖျက်ခဲ့လို့ ဒိန်းမတ် တို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် ဒိန်းမတ်တို့ ခရိုအေးရှား ဘက်ကို တစ်ဖက်သတ် တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုကြောင့် ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ နှစ်သင်းစလုံး လူစား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ခရိုအေးရှား ဘက်က စတန်ဆစ်၊ မိုဒရစ်၊ ကိုဗာချစ်၊ ဗလာဆစ်တို့ ဝင်ရောက်ကစားခဲ့ပါတယ်။ ဒိန်းမတ် ကတော့ ခရစ္စတန်ဆန်၊ ဝင်း၊ ဘရေ့သ်ဝိတ် တို့ထည့်ပြီး တုန့်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် မိုဒရစ် ဝင်လာတဲ့ ခရိုအေးရှား ကွင်းလယ်ကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။ တိုက်စစ် အသက်ဝင်သွားတဲ့ ခရိုအေးရှားတို့ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက် ခြိမ်းခြောက်မှုတွေပါ ပိုမို ပြုုလုပ်နိုင်ခဲ့ပြီး ပွဲချိန် ၆၉ မိနစ် မှာတော့ ဂိုးရသွားခဲ့ပါတယ်။ ဘရိုဇိုဗစ် ဂိုးဧရိယာထဲ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဒိန်းမတ် နောက်တန်းက ဖျက်ထုတ်ရာမှာ မသေသပ်ခဲ့တာကြောင့် ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ ပါဆာလစ်က အရန်သင့် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဒိန်းမတ်တို့ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ပြီး ပွဲပြီးခါနီးမှာ ဂျိုးနက်စ်ဝင်း ဂိုးသွင်းနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ လူကျွံနေခဲ့လို့ ဒိန်းမတ်တို့ ကံဆိုးခဲ့ရပါတယ်။ ဒါကြောင့် ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နေးရှင်းလိဂ်မှာ ခြေစွာနေတဲ့ ဒိန်းမတ်တို့ ပထမဦးဆုံး ရှုံးပွဲတွေ့သွားခဲ့ရပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
နယ်သာလန်
ပိုလန်
1X2 သရေ (Draw) @ 5.40
ဂိုးပေါ် 3.00 @ 2.17
ဂိုးပေါင်း 0-1 @ 3.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဒိန်းမတ်တို့ ခြေစွမ်း မညံ့ခဲ့သလို အပိုင်အခွင့်အရေးတွေ အကြိမ်ကြိမ်ရခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် သွင်းဂိုးတွေ မရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သွင်းဂိုး ၂ ဂိုး ရခဲ့ပေမယ့် ၂ ဂိုးစလုံး ပယ်ဖျက်ခံရတဲ့ အထိ ကံဆိုးခဲ့ပြီး နေးရှင်းလိဂ် ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ခရိုအေးရှား ကတော့ နေးရှင်းလိဂ် အစမကောင်းခဲ့ပေမယ့် တစ်ပွဲထက် တစ်ပွဲ ပုံစံကောင်း ရလာတာ တွေ့ရပြီး ဒီနေ့ပွဲမှာလည်း မိုဒရစ် ဝင်လာပြီးနောက် ကစားကွက် ပိုမိသွားခဲ့သလို လိုအပ်နေတဲ့ ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ 

ရှုံးပွဲ တွေ့ခဲ့ပေမယ့် ဒိန်းမတ်တို့ ပြီးခဲ့တဲ့ ၂ ပွဲဆက် အနိုင်ရထားတာကြောင့် ရမှတ် ၆ မှတ်နဲ့ နေးရှင်းလိဂ် A အုပ်စု ၁ ကို ဆက်လက် ဦးဆောင်ထားနိုင်ပြီး ခရိုအေးရှား ကတော့ ဩစတြီးယားနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် တတိယနေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

လာမယ့်ပွဲစဉ်များနှစ်သင်းစလုံး လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး ဒိန်းမတ်က ဩစတြီးယားကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်သလို ခရိုအေးရှား ကတော့ ပြင်သစ် အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်