နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တပ်ပျက်နေတဲ့ အီတလီကို မညှာမတာ ၅ ဂိုးသွင်းတဲ့ ဂျာမနီ | နေးရှင်းလိဂ် ပွဲပြီးသုံးသပ်ချက်

ဂျာမနီ ၅-၂ အီတလီ

နေးရှင်းလိဂ် A အုပ်စု ၃ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဂျာမနီက အီတလီကို မိုချင်ဂလတ်ဘတ်မှာ ၅-၂ ရလဒ်နဲ့ အနိုင်ယူပြီး ပထမဦးဆုံး နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ အုပ်စု အဖွင့် ၃ ပွဲဆက် သရေကျခဲ့တဲ့ ဂျာမနီတို့ အီတလီကို ပွဲချိန် တစ်လျှောက်လုံး ခြေစွမ်း အသာနဲ့ ကစားခဲ့ပြီး နည်းပြ ဟန်ဆီ ဖလစ်ခ် အနေနဲ့လည်း ဂျာမနီ အသင်းကို စတင် ကိုင်တွယ်ချိန်က စလို့ ရှုံးပွဲ မရှိသေးတဲ့ စံချိန်ကောင်း တစ်ခုကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဂျာမနီတို့ ထုံးစံ အတိုင်း ၄-၂-၃-၁ နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တီမိုဗာနာ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ မူလာ၊ ဆာနေး၊ ဟော့ဖ်မန်း၊ ကင်မစ်ချ်၊ ဂွန်ဒိုအန်၊ ရူဒီဂါ၊ ဇူလာ၊ ကလော့စတာမန်၊ ရမ်း၊ နော်အာ တို့နဲ့ ပါဝင်ခဲ့ပါတယ်။ အီတလီ ကလည်း ပြီးခဲ့တဲ့ ပွဲတွေတုန်းက လူစာရင်းကို အပြောင်းအလဲ သိပ်မလုပ်ခဲ့ပေမယ့် ဗဟိုခံစစ်မှာ ဘက်စတိုနီနဲ့ မန်ချီနီကို ပွဲထုတ်ခဲ့ပြီး ခံစစ် ညာအစွန် မှာတော့ ကာလာဘရီယာကို သုံးခဲ့ပါတယ်။ အဲ့နောက် ကွင်းလယ်နဲ့ တိုက်စစ် မှာတော့ ခရစ္စတန်တီ၊ စပင်နက်ဇိုလာ၊ ဘာရယ်လာ၊ ဖရက်တက်ဆီ၊ ဂွန်တို၊ ရက်စပါဒိုရီ၊ ပိုလီတာနာ တို့ပဲ ပွဲထွက်ခဲ့ပါတယ်။

အီတလီ ကတော့ နေးရှင်းလိဂ် အဝေးကွင်း ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရလို့ ရမှတ် ၅ မှတ်နဲ့ အုပ်စု တတိယနေရာကို ဆင်းပေးခဲ့ရပြီး လက်ကျန် ပွဲစဉ်တွေမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်သွားခဲ့ပါတယ်။
၁၉၅၇ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ပြိုင်ဘက်ကို ၅ ဂိုးပေးခဲ့ရတဲ့ အီတလီ

ဂျာမနီတို့ ပွဲစကတည်းက အီတလီ ဘက်ကို ဖိအားကောင်းကောင်း ပေးနိုင်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ် မှာတင်ပဲ ကင်မစ်ချ်ရဲ့ ဂိုးနဲ့ စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ အီတလီ ကတော့ ပွဲချိန် အစောပိုင်းမှာ ရက်စပါဒိုရီရဲ့ ကန်ချက် တစ်ကြိမ် ဂိုးရဖို့ နီးစပ်ခဲ့တာက လွဲရင် ဂျာမနီရဲ့ လွှမ်းမိုးမှု အောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဘက်စတိုနီကြောင့် အီတလီတို့ ပင်နယ်တီပေးခဲ့ရပြီး ဂွန်ဒိုအန်က အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ ဂျာမနီတို့ ၂-၀ နဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်ချီနီ အနေနဲ့ ရက်စပါဒိုရီနဲ့ ဖရာတက်ဆီကို အစား စကယ်ဗီနီနဲ့ ကာပါရီ တို့ကို ထည့်ခဲ့ပေမယ့် ဂျာမနီတို့ပဲ ဂိုးထပ်ရသွားခဲ့ပြန်ပါတယ်။ တောင်ပံက ချိုးပေးလိုက်တဲ့ ဘောလုံးကို အီတလီ ခံစစ်က ရှင်းထုတ်ရာမှာ မသေသပ်ခဲ့တာကြောင့် မူလာက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဘာရယ်လာရဲ့ ကန်ချက်ကောင်းခဲ့ပေမယ့် နော်အာ ကာကွယ်သွားခဲ့သလို လူကျွံနေတာကြောင့်လည်း အီတလီတို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် ၆၈ မိနစ်နဲ့ ၆၉ မိနစ်တွေမှာ လူစားဝင် တောင်ပံ ကစားသမား ဂနာဘရီရဲ့ ဖန်တီးပေးမှု ၂ ကြိမ်စလုံးကို တီမို ဗာနာက သွင်းဂိုး ၂ ဂိုး အဖြစ် ပြောင်းလဲပေးနိုင်ခဲ့လို့ ဂျာမနီတို့ ၅-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ဘက်စတိုနီနဲ့ ဂွန်တိုတို့ ဂိုးသွင်းနိုင်ခဲ့လို့ အီတလီတို့ ၂ ဂိုး ပြန်ရခဲ့ပြီး ၅-၂ ရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အသင်းကြီး နှစ်သင်း ကစားတဲ့ ပွဲဖြစ်ပေမယ့် ကစားအား၊ အတွေ့အကြုံနဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ အဘက်ဘက်က သာလွန်နေတဲ့ ဂျာမနီတို့ ဂိုးပြတ် နိုင်ခဲ့တယ် ဆိုတာ သိပ်တော့ မထူးဆန်းလှပါဘူး။ ဟန်ဆီ ဖလစ်ခ်ရဲ့ လက်အောက်မှာ ၁၃ ပွဲဆက် ရှုံးပွဲ မရှိပဲ ပုံစံကောင်းရနေတဲ့ ဂျာမနီတို့ နေးရှင်းလိဂ် အဖွင့် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထူးဆန်းစွာနဲ့ပဲ အမြဲတမ်း ကပ်လွဲနေတတ်တဲ့ တီမို ဗာနာ ဒီနေ့ပွဲ မှာတော့ ဂိုးပေါက် ရှာတွေ့ခဲ့ပြီး ၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အီတလီ အတွက် ကတော့ ၁၉၅၇ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ၅ ဂိုးသွင်းခံခဲ့ရတာ ဖြစ်ပြီး ဂိုးသမား ဒွန်နာရမ်းမားရဲ့ လက်စွမ်းကိုတော့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။ ဂျာမနီ ဂိုးသမား နော်အာ ကတော့ ၁၁၃ ပွဲမြောက် ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်လို့ ဂျာမနီ အတွက် ၆ ဦးမြောက် ပွဲအများဆုံး ကစားထားသူ အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

ဂျေလိဂ်
ရှိုနန် ဘဲလ်မဲ
FC တိုကျို
1X2 သရေ @ 2.95
ဂိုးပေါ် 2.00 @ 1.93
ဂိုးပေါင်း 2-3 @ 1.95
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲအပြီးမှာ ဂျာမနီတို့ နေးရှင်လိဂ် A အုပ်စု ၃ မှာ ၄ ပွဲမှာ ၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၆ မှတ် ရရှိထားတာကြောင့် အုပ်စု ဒုတိယ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက ဟန်ဂေရီနဲ့လည်း ၁ မှတ်သာ ကွာဟပါတော့တယ်။ အီတလီ ကတော့ နေးရှင်းလိဂ် အဝေးကွင်း ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရလို့ ရမှတ် ၅ မှတ်နဲ့ အုပ်စု တတိယနေရာကို ဆင်းပေးခဲ့ရပြီး လက်ကျန် ပွဲစဉ်တွေမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်သွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် စက်တင်ဘာ ၂၄ မှ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ဆက်လက် ကစားရဖို့ ရှိပြီး ဂျာမနီက ဟန်ဂေရီ၊ အီတလီက အင်္ဂလန်ကို အိမ်ကွင်း ပွဲစဉ်တွေ အဖြစ် ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်