နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၄/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ကစားသမား ၇ ဦးအထိ အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမယ့် ဟာသာဘာလင်

ဘွန်ဒက်စ်လီဂါ ကလပ် ဟာသာဘာလင် အနေနဲ့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ခရစ်ဇ်တော့ဖ် ပီယာတက်ခ် အပါအဝင် ကစားသမား ၇ ဦး အထိ အလွတ်နဲ့ ထွက်ခွာခွင့် ပေးရဖွယ် ရှိနေတယ်လို့ Sport Bild က ဖော်ပြလာပါတယ်။ သတင်းတွေအရ ပီယာတက်ခ်၊ အိုမာ အဲလ်ဒီရီတီ၊ ဒိုဒီ လုခ်ဘာကီယို၊ ဒီယိုဗိုင်စီယို ဇီဖိတ်ခ်၊ ဂျာဗာရို ဒီရိုဆန်၊ ဆန်တီယာဂို အက်စ်ကာဆီဘာနဲ့ ဂျော်ဒန် တိုရူနာရီဟာ အသင်းပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေတာ ဖြစ်ပါတယ်။ အဓိက ကတော့ အသင်းမှာ ကစားသမား ၃၅ ဦးအထိ ရှိနေတဲ့ အတွက် နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့ ဟာသာဘာလင်တို့ လူဟောင်းတွေကို အရင်ဆုံး ရှင်းထုတ်ဖို့ ကြိုစားနေတာလည်း ဖြစ်ပါတယ်။

အားလုံးထဲကမှ အသက် ၂၇ နှစ် အရွယ် ပိုလန် တိုက်စစ်မှူး ပီယာတက်ခ်ဟာ လစာ အမြင့်ဆုံး ဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၄ သန်း ရရှိနေသူ ဖြစ်ပါတယ်။ ပီယာတက်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ကလပ် ဖီအိုရင်တီးနား အသင်းမှာ အငှားနဲ့ သွားကစားခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဟာသာဘာလင်ဆီ ပြန်လာခဲ့ရသူလည်း ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် အနေနဲ့ ပီယာတက်ခ်ကို ယူရို ၁၅ သန်းလောက်နဲ့ ရောင်းချသွားဖွယ် ရှိနေပြီး လက်တလော မှာတော့ ဒီကစားသမားကို အီတလီ ကလပ်တွေကပဲ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အဲလ်ဒီရီတီ၊ လုခ်ဘာကီယို၊ တိုရူနာရစ်ဂ်ဟာ တို့ကတော့ လာမယ့် ရက်သတ္တပတ်တွေ အတွင်း ထွက်ခွာဖို့ ရှိနေပြီး လုခ်ဘာကီယိုကို ဘယ်ဂျီယံ ကလပ် ရွိုင်ရယ် အန့်တ်ဝပ်နဲ့ ဘရုဂေး တို့က စိတ်ဝင်စားနေသလို တိုရူနာရစ်ဂ်ဟာ ကိုတော့ ဝက်စ်ဟမ်းက ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ အဲလ်ဒီရီတီ ကိုတော့ ဆီဗီလာ၊ အက်တလက်တီကို မက်ဒရစ်နဲ့ ဗီလာရီးရဲယ် တို့က မျက်စိကျနေပြီး ဒီကစားသမား အားလုံးဟာ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာလည်း ဖြစ်ပါတယ်။


တစ်ချိန်ချိန်မှာ စပိန်ကို ပြန်မယ်လို့ ဆိုလာတဲ့ အိန်ဂျယ်လီနို

Sky Germanyရဲ့ ဖော်ပြချက်အရ လိဒ်စ်ယူနိုက်တက် အသင်း အနေနဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီး လိုက်ပ်ဇစ်ရဲ့ ကွင်းလယ်လူ တိုင်လာ အဒမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
မွေးရပ်မြေ ကလပ် ကိုရွန်နာ အတွက် ကစားပေးချင်တဲ့ အိန်ဂျယ်လီနီု

တစ်ချိန်ချိန်မှာ မွေးရပ်မြေကို စပိန်ကို ပြန်ဖို့ ရှိပေမယ့် လောလောဆယ်တော့ လိုက်ပ်ဇစ် ကနေ ထွက်ခွာဖို့ ဆန္ဒ မရှိသေးဘူးလို့ ဘယ်နောက်ခံလူ အိန်ဂျယ်လီနိုက ပြောကြားလိုက်ပါတယ်။ Sport Bild နဲ့ အင်တာဗျူးမှာ အိမ်ဂျယ်လီနိုက သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သတ်လို့ ပြောကြားခဲ့တာ ဖြစ်ပြီး လက်ရှိ နွေရာသီမှာ အသင်းပြောင်းမှာ မဟုတ်ကြောင်း အတည်ပြုသွားခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
“တစ်နေ့ စပိန်မှာ ပြန်ကစားဖို့ ဆိုတာ ကျွန်တော့်ရဲ့ အိမ်မက်ပါ။ ကျွန်တော့် အသက် ၁၅ နှစ် ကတည်းက အဲ့ဒီ ကနေ ထွက်လာခဲ့တာပါ။ ကျွန်တော့်ရဲ့ မွေးရပ်မြေ ကလပ် ကိုရွန်နာ အတွက် နောက်ထပ် တစ်ကြိမ် ကစားပေးချင်သေးပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့် မိသားစု အတွက် ငွေကြေးအဆင်ပြေရင် ဘယ်လိဂ်က ကလပ်မှာ ကစားရကစားရ ကိစ္စမရှိပါဘူး” လို့ အိန်ဂျယ်လီနို က ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ မှာတော့ ဘာဖိအားမှ မရှိသလို အရာရာဟာ အဆင်ပြေနေကြောင်း၊ လာမယ့် ရာသီ လိုက်ပ်ဇစ်မှာ အောင်မြင်မှုတွေ ရယူချင်ပြီး၊ မိသားစု ဟာလည်း သူနဲ့ အတူ လိုက်ပါလာတာ ဖြစ်တဲ့ အတွက် ပျော်ရွှင်နေကြောင်း အိန်ဂျယ်လီနိုက ဆက်လက် ပြောကြားသွားပါတယ်။ အသက် ၂၅ နှစ် အရွယ် စပိန် ဘယ်နောက်ခံလူဟာ လိုက်ပ်ဇစ်နဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။


တိုင်လာ အဒမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ လိဒ်စ်ယူနိုက်တက်

ပရီးမီးယား လိဂ်
အဲဗာတန်
ချဲလ်ဆီး
1X2 သရေ @ 3.45
ပထမပိုင်း ဂိုးအောက် 0.75 @ 2.42
ဂိုးပေါင်း 0-1 @ 3.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

Sky Germanyရဲ့ ဖော်ပြချက်အရ လိဒ်စ်ယူနိုက်တက် အသင်း အနေနဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီး လိုက်ပ်ဇစ်ရဲ့ ကွင်းလယ်လူ တိုင်လာ အဒမ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင် လိဒ်စ်တို့ အသက် ၂၃ နှစ် အရွယ် အမေရိကန် ကွင်းလယ်လူကို ယူရို ၁၅ သန်းနဲ့ ကမ်းလှမ်းထားပြီး လက်ရှိ မှာတော့ လုပ်ခလစာ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

လိဒ်စ်ယူနိုက်တက် နည်းပြ ဂျက်ဆီမာ့ရှ်ဟာ လိုက်ပ်ဇစ် အသင်းကို တာဝန်ယူခဲ့စဉ်က အဒမ်နဲ့ လက်တွဲခဲ့ဖူးပြီး မန်စီးတီးကို ပြောင်းရွှေ့သွားတဲ့ ကယ်ဗင် ဖီးလစ် နေရာမှာ အစားထိုးဖို့ ရည်ရွယ်နေတာလည်း ဖြစ်ပါတယ်။ နောက်ဆုံးရ သတင်းတွေ မှာတော့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ကယ်ဗင် ဖီးလစ်ဟာ ပေါင် ၄၅ သန်းကျော်နဲ့ မန်စီးတီး အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီး ၆ နှစ် စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့လည်း သိရပါတယ်။

ဆက်စပ် သတင်းတွေအရ ပြင်သစ် ကြယ်ပွင့် ခရစ္စတိုဖာ အန်ကွန်ကူ အနေနဲ့ လိုက်ပ်ဇစ်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် စာချုပ်ဖျက်သိမ်းကြေးတော့ ပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။ လိုက်ပ်ဇစ်တို့ အန်ကွန်ကူကို ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်း တိုးခဲ့တာ ဖြစ်ပြီး ကစားသမား အနေနဲ့ တစ်ပတ်လုပ်ခ ယူရို ၃ သန်း ကနေ ယူရို ၇ သန်းအထိ တိုးမြှင့်ရရှိသွားမယ်လို့ သိရပါတယ်။ အန်ကွန်ကူ ဟာ ပြီးခဲ့တဲ့ ရာသီက လိုက်ပ်ဇစ် အတွက် ဂိုး ၂၀ သွင်းပြီး ၁၄ ဂိုး ဖန်တီးပေးခဲ့သလို ဘွန်ဒက်စ်လီဂါ ရာသီ အလိုက် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်