အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်း အထိ ရရှိထားသမျှ လာလီဂါ သတင်းတချို့ စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုကို ဝယ်ဖို့ ဂရစ်ဇ်မန်းကို စတေးဖွယ် ရှိနေတဲ့ အက်တလက်တီကိုမက်ဒရစ်
ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ အသင်းမှာပဲ ကစားချင်နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူဖို့ အတွက် လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် ဘက်က ပြင်ဆင်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ လက်ရှိမှာ အသင်းသစ် ရှာမတွေ့သေးတာကြောင့် ယူနိုက်တက် ကနေ ထွက်ခွာဖို့ အခက်အခဲတွေ ရှိနေတဲ့ ရော်နယ်ဒိုကို ထိပ်တန်း အသင်းတွေ တော်တော်များများက ခေါ်ယူဖို့ လက်ရှောင်ထားပေမယ့် လာလီဂါ ကလပ် အက်သလက်တီကို မက်ဒရစ် ကတော့ အသင်း ပရိသတ်တွေက ငြင်းဆန်နေသည့် တိုင်အောင် ခေါ်ယူဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အေတီကို အတွက်လည်း ရော်နယ်ဒိုကို ခေါ်ယူဖို့က လွယ်ကူတဲ့ ကိစ္စ တစ်ခု မဟုတ်ပဲ ဘဏ္ဍာရေး အခြေအနေအရ သူတို့အသင်းရဲ့ ကစားသမားတွေကို လစာလျှော့ချဖို့ လိုအပ်နေပြီး ဒီပြသနာကို ဖြေရှင်းဖို့အတွက် ဂရစ်ဇ်မန်းကို အပြီးသတ် ခေါ်ယူကာ ပြန်လည် ရောင်းချဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာ ကနေ အငှားစာချုပ်နဲ့ လာကစားနေတာ ဖြစ်ပြီး သူ့ကို ဝယ်ရင်တော့ ယူရိုသန်း ၄၀နဲ့ ကုန်ကျမှာ ဖြစ်ပါတယ်။
ဒါကြောင့် သန်း ၄၀ နဲ့ ခေါ်ယူပြီး ပြင်သစ်လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီကို ရောင်းချဖို့ လာလီဂါ ကလပ်က စီစဉ်နေတာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်သာ အောင်မြင်ခဲ့ရင်တော့ ဂရစ်မန်းရဲ့ လုပ်ခလစာ တစ်ပတ် ပေါင် ၃ သိန်းကို လျှော့ချနိုင်မှာ ဖြစ်သလို ရော်နယ်ဒိုကို ခေါ်ယူဖို့ အတွက်လည်း လွယ်ကူသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂရစ်မန်းကို ပီအက်စ်ဂျီက ခေါ်ယူဖို့တော့ စိတ်မဝင်စားဘူးလို့ သိရပြီး အေတီကို ဘက်က မရမက ရောင်းထုတ်ဖို့ စီစဉ်မယ့် သဘောရှိနေတယ်လို့ စပိန် သတင်းစာတွေက ဖော်ပြနေပါတယ်။
နေမာကို ရီးရဲယ်မက်ဒရစ်က အလိုရှိတယ် ဆိုပြီး ဖိတ်ခေါ်လိုက်တဲ့ ကတ်ဆီမီယို
ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို သူတို့အသင်းဆီ လာကစားဖို့ အတွက် စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကတ်ဆီမီယိုက ဖိတ်ခေါ်လိုက်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီမှာ အနာဂတ် မတည်မငြိမ် ဖြစ်နေပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှိနေပေမယ့် လက်တလော သူရရှိနေတဲ့ တစ်ပတ် လုပ်ခ ပေါင် ၆ သိန်း ပမာဏကြောင့် ခေါ်ယူဖို့ရာ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။
ကတ်ဆီမီယိုက သူ့ရဲ့ ဘရာဇီးလ် အသင်းဖော် နေမာကို SporTV Circulo Grande အစီအစဉ် ကတဆင့် အခုလိုပဲ ဖိတ်ခေါ်ခဲ့တာပါ။ “ နေမာက ကမ္ဘာပေါ်က ဘယ်အသင်းအတွက်မဆို ကစားနိုင်ပါတယ်။ တကယ်လို့ ပီအက်စ်ဂျီက သူ့ကို အလိုမရှိတော့ဘူး ဆိုရင် ရီးရဲလ်မက်ဒရစ်က သူ့ကို အလိုရှိပါတယ်။ အဆင်ပြေလား။” လို့ ကက်စ်မဲရိုးက ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။
နေမာနဲ့ ကတ်ဆီမီယို တို့ဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းဖော်တွေ ဖြစ်သလို တော်တော်လေး ခင်မင်ရင်းနှီးသူတွေ ဖြစ်ပါတယ်။ နေမာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာမှာ ၄ နှစ်ကြာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ နေမာဟာ ပြီးခဲ့တဲ့ ရာသီတွေက ပီအက်စ်ဂျီမှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး လက်ရှိ အချိန်ထိ ခြေစွမ်းမပြနိုင်ဘဲ ရှိနေခဲ့သူ ဖြစ်ပါတယ်။
မျှော်လင့်ထားတဲ့ အတိုင်း အယ်ကလက်ဆီကို ဒါဘီမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ရာဖင်ညာ
အင်တာမိုင်ယာမီနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာလည်း ဂိုးသွင်းချင်ကြောင်း ပြောထားတဲ့ ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာ ကတော့ ဒီနေ့ပွဲမှာလည်း သူမျှော်လင့်ထားသလို ဂိုးသွင်းနိုင်ခဲ့ပါပြီ။ ရီးရဲယ်မက်ဒရစ် ခံစစ်ရဲ့ လူပေးမှားတာကို အခွင့်အရေးယူပြီး ရာဖင်ညာက ဂိုးဧရိယာထိပ် ကနေ ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
“ ရီးရဲယ်မက်ဒရစ်ကို ဂိုးသွင်းချင်တယ်၊ သူတို့နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ ဂိုးသွင်းနိုင်တာက အရမ်းကောင်းမှာပါ” လို့ ဒီပွဲမတိုင်ခင် ရာဖင်ညာက ပြောခဲ့တာပါ။ ဒီပုံစံ အတိုင်း ဆိုရင်တော့ ရာဖင်ညာဟာ အချိန်တိုတွင်း ဘာဆာရဲ့ အဓိက ကစားသမား ဖြစ်လာဖို့ အခွင့်အရေး များစွာ ရှိနေပြီး ဇာဗီ အားထားရတဲ့ ကစားသမား ဖြစ်လာမလား ဆိုတာ လိဂ်ပြိုင်ပွဲတွေ ပြန်စရင် မဖြစ်နေ စောင့်ကြည့်ရတော့မယ့်သူလည်း ဖြစ်ပါတယ်။
ရာဖင်ညာဟာ အင်တာမိုင်ယာမီနဲ့ ပွဲမှာလည်း သွင်းဂိုး ၃ ဂိုး အထိ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ပြီး ကိုယ်တိုင် ၁ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီ ပွဲက ခြေစွမ်းအတိုင်း အခုပွဲမှာလည်း ဆက်ထိန်းထားနိုင်ခဲ့ပြီး အသင်းသစ် အတွက် ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.