နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ သတင်းများ (၂၁/၈/၂၀၂၂)

ဩဂုတ်လ ၂၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပြိုင်ဘက် ပရိသတ်တွေတောင် လက်ခုပ် ထပြီးတီးရလောက်တဲ့ ဂိုးမျိုး သွင်းနိုင်ခဲ့တဲ့ မိုဒရစ်

လာလီဂါ ပွဲစဉ် ၂ အဖြစ် ဆယ်လ်တာဗီဂိုနဲ့ ရီးရဲယ်မက်ဒရစ်တို့ ကစားခဲ့တဲ့ ပွဲမှာ ကွင်းလယ်လူ လူကာ မိုဒရစ်က လှပတဲ့ သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က ၄-၁ နဲ့ အနိုင်ရခဲ့ပြီး လာလီဂါ ၂ ပွဲဆက် အနိုင်ရရှိခဲ့ကာ ရာသီအစကို အကောင်းဆုံး စတင်နိုင်ခဲ့သလို မိုဒရစ် ကလည်း ဒီရာသီ ပထမဆုံးဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းရည်တွေ မကုန်သေးဘူး ဆိုတာ ပြသသွားခဲ့ပါတယ်။

ဆယ်လ်တာဗီဂို ကွင်းဘက်ခြမ်း တဝက်ကျော်လောက်မှာ မိုဒရစ်က အသင်းဖော်နဲ့ အပေးအယူ လုပ်ပြီး ဘောလုံးရယူခဲ့ကာ တောက်လျှောက် ဆွဲပြေးသွားခဲ့ပြီး ဂိုးဧရိယာ ထိပ်ကနေ ညာခြေနဲ့ အမြင့်ဘော ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ တိကျမှု၊ ထိချက် မှန်ကန်မှုတွေနဲ့ ဂိုးသမားတောင် လက်ဖျားနဲ့ မထိလိုက်နိုင်တဲ့ ကန်သွင်းချက်မျိုး ဖြစ်ပြီး ဂိုးဝင် အပြီးမှာတော့ ဆယ်လ်တာဗီဂို ပရိသတ်တွေက မတ်တပ်ရပ်ကာ လက်ခုပ်တီးပြီး မိုဒရစ်ကို ချီးကျူးခဲ့ကြပါတယ်။

အသက် ၃၆ နှစ် အရွယ် ခရိုအေးရှား လက်ရွေးစင်ဟာ အခုချိန်ထိ ခြေစွမ်း မကျသေးဘဲ ရီးရဲယ်မက်ဒရစ်ရဲ့ ကွင်းလယ်ကို ခေါင်းဆောင်ကာ မောင်းနှင် ထိန်းချုပ်နေဆဲ ဖြစ်ပါတယ်။ “ ပရိသတ်တွေ ဆီက ဂုဏ်ပြုမှုကို ရတယ် ဆိုတာက လှပတဲ့ ခံစားချက်ပါပဲ၊ ဆယ်လ်တာဗီဂို ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ ဒီကွင်းက ကစားရတာ အမြဲတမ်း ခက်ခဲပါတယ်၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံက ပိုကောင်းခဲ့ပါတယ်။” လို့ မိုဒရစ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။


ပါးစပ်ထဲ အထိ ခွံ့ကျွေးတဲ့ ထမင်းလုတ်တောင်မှ မစားနိုင် ဖြစ်ခဲ့ရတဲ့ ဟာဇက်

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ နောက်ခံလူ ဆင်မြူရယ် အမ်တီတီဟာ စီးရီးအေ ကလပ် လက်ချီကို အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာမှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ အမ်တီတီ

ဆယ်လ်တာဗီဂိုကို ရီးရဲလ်မက်ဒရစ်က အနိုင်ရခဲ့တဲ့ ပွဲမှာ လူစားဝင်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား အီဒင် ဟာဇက် ကတော့ ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့တာတောင်မှပဲ လွဲချော်ခဲ့ရပါတယ်။ ပုံမှန် ခြေစွမ်းရဖို့ အတွက် ရုန်းကန်နေရပြီး ပွဲထွက်ခွင့် ပြန်ရဖို့ပါ အားထုတ်နေရတဲ့ ဟာဇက်က အသင်းဖော် ဘန်ဇီမာ ကိုယ်တိုင်တောင် မကန်ဘဲ သူ့ကို ပေးကန်ခဲ့တဲ့ ပင်နယ်တီကို လွဲဖြစ်အောင် လွဲချော်ခဲ့တာပါ။

ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ ဟာဇက်ကို ပင်နယ်တီ ကန်သွင်းဖို့ အတွက် ဘန်ဇီမာက အသာတကြည် ခွင့်ပြုခဲ့ပြီး အဓိက, ကတော့ ဘယ်ဂျီယံသား အနေနဲ့ ပျောက်ဆုံးနေတဲ့ ယုံကြည်မှုတွေ ပြန်လည် ရရှိဖို့ ဘန်ဇီမာက ကူညီခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်က ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူခဲ့ရာမှာ ဆယ်လ်တာ ဂိုးသမားက ပုတ်ထုတ်သွားခဲ့ပြီး ဘန်ဇီမာ ပြေးဝင် ပိတ်သွင်းခဲ့ပေမယ့် ထပ်မံ ကာကွယ်သွားခဲ့လို့ ဂိုးမရခဲ့ဘဲ ဟာဇက် အတွက် စိတ်ပျက်စရာ အခိုက်အတန့်ကို ရင်ဆိုင်ခဲ့ရပါတယ်။

ပရီးမီယားလိဂ် ကလပ် ချဲလ်ဆီး ကနေ ပြောင်းရွှေ့လာပြီးနောက် ဘောလုံး ရာသီ ၄ ရာသီ အတွင်း ရီးရဲယ် အတွက် ၄ ဂိုးသာ သွင်းယူပေးထားနိုင်တဲ့ ဟာဇက်က တော်တော်လေး ဆိုးရွားတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက အခွင့်အရေးပေးမယ်လို့ ပြောဆိုထားပေမယ့် လက်ရှိ ခြေစွမ်းအရတော့ ဟာဇက်ရဲ့ အနာဂတ်က တော်တော်လေး မှေးမှိန်သွားပြီလို့တောင် ပြောလို့ ရပါတယ်။


စီးရီးအေ တန်းတက် ကလပ်ကို အငှားနဲ့ ပြောင်းရွှေ့တော့မယ့် အမ်တီတီ

လာလီဂါ
အက်တလက်တီကို
ဗီလာရီးယဲလ်
1X2 အက်တလက်တီကို @ 1.96
အက်တလက်တီကို အာရှ ဟန်းဒီးကပ် -0.50 @ 1.96
ဂိုးပေါ် 2.50 @ 2.16
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ နောက်ခံလူ ဆင်မြူရယ် အမ်တီတီဟာ စီးရီးအေ ကလပ် လက်ချီကို အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာမှာ ပုံမှန် ပွဲထွက်ခွင့်မရဘဲ ဒဏ်ရာတွေနဲ့ လုံးပမ်းနေရတဲ့ ပြင်သစ် နောက်ခံလူကို စာချုပ်ဖျက်သိမ်းဖို့ ဘာစီလိုနာက တောင်းဆိုခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ရပြီးနောက် အငှားနဲ့ ထွက်ကစားဖို့ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အငှားချထားတယ် ဆိုပေမယ့် အမ်တီတီရဲ့ လုပ်ခလစာကို ဘာစီလိုနာက အပြည့်အ၀ ပေးချေသွားရမယ် လို့လည်း သိရပါတယ်။ လက်ရှိမှာ စီးရီးအေ ကလပ်နဲ့ အမ်တီတီ တို့အကြား ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိထားခဲ့ပြီး မကြာခင်မှာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ် ရှိနေပြီး ကမ္ဘာ့ဖလား ရထားတဲ့ ကစားသမား တစ်ဦးကို တန်းတက် အသင်း တစ်သင်းမှာ မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။

လာမယ့် တစ်ပတ် အစောပိုင်းမှာ အမ်တီတီက အီတလီကို ထွက်ခွာမှာ ဖြစ်ပြီး ဆေးစစ်မှုတွေ ပြုလုပ်ကာ လက်ချီရဲ့ တရားဝင်ကစားသမား ဖြစ်လာတော့မယ်လို့ အီတလီသတင်းထောက် ဒီမာဇီယိုက အတည်ပြုထားခဲ့ပါတယ်။ တချိန်က ထိပ်တန်း ခံစစ်မှူး တစ်ဦး ပုံစံမျိုး ပြသခဲ့တဲ့ အမ်တီတီဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီးနောက် လက်ရှိအချိန်ထိ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲနေခဲ့ပြီး ဘာဆာ ကနေ ထွက်ခွာရတော့မှာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်