နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၂၄/၈/၂၀၂၂)

ဩဂုတ်လ ၂၄ ရက်နေ့ရဲ့ နံနက်ခင်း အထိ ရရှိထားသမျှ လာလီဂါ ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဗယ်ဗာဒီ အတွက် ယူရို သန်း ၉၀နဲ့ ကမ်းလှမ်းမှုတွေ ကိုတောင် ငြင်းဆန် ပယ်ချခဲ့တဲ့ ရီးရဲယ်မက်ဒရစ်

ပရီးမီးယားလိဂ် ကလပ်တွေက စိတ်ဝင်စားနေတဲ့ ဖက်ဒရစ်ကို ဗယ်ဗာဒီ ကိုတော့ လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် ဘက်က ဆက်လက် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

သတင်းထောက် သောမက်စ် ဂွန်ဇာလက်ဇ် မာတင်ရဲ့ ဖော်ပြချက်အရ အသက် ၂၄ နှစ် အရွယ် ဥရုဂွေး တောင်ပံ ကစားသမား အတွက် ယူရို သန်း ၉၀ အထိ ပေးပြီး ကမ်းလှမ်းခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် အများအပြားရဲ့ ချိတ်ဆက်မှုတွေ ကိုတောင် ရီးရဲယ်မက်ဒရစ် ဘက်က ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။

ဗယ်ဗာဒီဟာ ရီးရဲယ်မက်ဒရစ်ရဲ့ ၃ ယောက်တွဲ တိုက်စစ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့် မသေချာသလို အစောပိုင်း ကလည်း အသင်း ပြောင်းရွှေ့ဖွယ် ရှိနေတယ် ဆိုပြီး သတင်းတွေ တောက်လျောက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ် တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ မာကို အဆန်စီယိုက အသင်း ကနေ ထွက်ခွာဖွယ် ရှိနေကြောင်း ကောလာဟလတွေ ထွက်နေသလို အီဒင် ဟာဇက် ကလည်း ပုံမှန် ခြေစွမ်းအောက် ရောက်ရှိနေလို့ ရီးရဲယ်မက်ဒရစ် ဘက်က ဗယ်ဗာဒီကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

ဗယ်ဗာဒီဟာ မနှစ်ကမှ ရီးရဲယ်မက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုခဲ့ပြီး စာချုပ် ဖျက်သိမ်းကြေး အဖြစ် ယူရို ၁ ဘီလီယံ သတ်မှတ်ထားတယ်လို့ သိရပါတယ်။


ညာနောက်ခံလူ နေရာ အတွက် ဖွိုက်နဲ့ သောမက်စ် မူနီယာကို ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား အများအပြား ခေါ်ယူထားခဲ့ပေမယ့် ညာနောက်ခံလူ နေရာ အတွက် အင်အား ဖြည့်တင်းဖို့ လက်ရှိ အချိန်ထိ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ လာလီဂါ ထိပ်သီး ကလပ် အနေနဲ့ အစောပိုင်းမှာ အက်ဇ်ပီလီကွယ်တာကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့သာ စာချုပ် သက်တမ်းတိုးသွားခဲ့လို့ နောက်ထပ် ကစားသမားတွေ ထပ်မံ ရှာဖွေနေရတာ ဖြစ်ပါတယ်။

ညာနောက်ခံလူနေရာ အတွက် ဘာစီလိုနာရဲ့ လက်တလော နံပါတ် ၁ ပစ်မှတ်ဟာ ဂျူအန်ဖွိုက် ဖြစ်ပေမယ့် ဗီလာရီးရဲယ် ဘက်ကတော့ ဈေးပေါပေါနဲ့ ရောင်းထုတ်လိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အာဂျင်တီးနားသာ ကိုယ်တိုင်က ဗီလာရီးရဲယ် ကနေ ထွက်ခွာဖို့ အလောတကြီး စဉ်းစားလိုခြင်း မရှိသလို စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရို ၄၂ သန်း သတ်မှတ်ထားတာကြောင့် ဘာစီလိုနာတို့ ခေါ်ယူဖို့ ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာတို့ ဒေါ့မန် ညာနောက်ခံလူ သောမက်စ် မူနီယာကို နောက်ထပ် တစ်ကြိမ် ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒေါ့မန် ဘက်က သောမက်စ် မူနီယာရဲ့ အပြောင်းအရွှေ့ အတွက် ယူရို ၁၅ သန်း အလိုရှိနေပေမယ့် ဘာစီလိုနာ ဘက်က ယူရို ၁၀ သန်းထက် ပိုပြီး ပေးချေလိုခြင်း မရှိဘူးလို့ သိရပါတယ်။


ဘာဆာရဲ့ ပစ်မှတ် ကစားသမား အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း အတည်ပြုခဲ့တဲ့ မန်စီးတီး

လာလီဂါ ထိပ်သီး ကလပ်ဟာ အခုနှစ် နွေရာသီမှာ ကတ်ဆေး၊ ခရစ္စတန်ဆန်၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီးနဲ့ ကွန်ဒေး တို့ကို ခေါ်ယူထားပေမယ့် ညာနောက်ခံလူ နေရာနဲ့ ကွင်းလယ်ပိုင်း အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ ခြေစွမ်းပြနေတဲ့ ဘာနာဒို ဆေးလ်ဗား

ဘာစီလိုနာ အသင်းက စိတ်ဝင်စားနေတဲ့ ဘာနာဒို ဆေးလ်ဗား ကတော့ မန်စီးတီး မှာပဲ ဆက်ရှိနေမှာ ဖြစ်ကြောင်း အမှုဆောင် အရာရှိချုပ် ဖာရန်း ဆိုရီယာနို က အတည်ပြုသွားခဲ့ပါတယ်။

လာလီဂါ ထိပ်သီး ကလပ်ဟာ အခုနှစ် နွေရာသီမှာ ကတ်ဆေး၊ ခရစ္စတန်ဆန်၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီးနဲ့ ကွန်ဒေး တို့ကို ခေါ်ယူထားပေမယ့် ညာနောက်ခံလူ နေရာနဲ့ ကွင်းလယ်ပိုင်း အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိ ဘာစီလိုနာ ပစ်မှတ်ထားနေတဲ့ ကစားသမား စာရင်းမှာ ချဲလ်ဆီးက မားကို့စ် အလွန်ဆို၊ ဂျူအန် ဖွိုက်၊ သောမက်စ် မူနီယာနဲ့ ဘာနာဒို ဆေးလ်ဗား တို့ ပါဝင်နေပေမယ့် အားလုံး ကတော့ ခေါ်ယူဖို့ မလွယ်ကူတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အသက် ၂၈ နှစ် အရွယ် ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်က မိုနာကို ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ပွဲပေါင်း ၂၅၅ ပွဲ ကစားပေးထားသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ရာသီထဲ မှာတင်ပဲ ပွဲ ၅၀ ကစားပေးခဲ့ပြီး ပေါ်တူဂီ အသင်းဖော် ဂျာအို ကန်ဆယ်လို ပြီးရင် မန်စီးတီး အတွက် ပွဲအများဆုံး ကစားထားသူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်