စက်တင်ဘာ ၂၅ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နေမာက သူ့ရဲ့ စံပြ ပုဂ္ဂိုလ်လို့ ဖွင့်ဟလိုက်တဲ့ ရိုဒရီဂို
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက် ခြေစွမ်းပြနေတဲ့ ဘရာဇီးလ် ကစားသမား ရိုဒရီဂိုက ဘရာဇီးလ် လက်ရွေးစင် အသင်းဖော် နေမာက သူ့ရဲ့ စံပြပုဂ္ဂိုလ် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘရာဇီးလ် ဘောလုံး အကျော်အမော် တစ်ဦး ဖြစ်တဲ့ နေမာဟာ ဘရာဇီးလ် လူငယ်တွေ အတွက်တော့ နမူနာယူစရာ ကောင်းတဲ့ ကစားသမားတဦး အဖြစ် ရှိနေခဲ့တာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ရိုဒရီဂိုရဲ့ ရီးရဲလ်အသင်းဖော် ဗင်နီးစီးယပ်စ် ကလည်း နေမာ ကိုပဲ အားကျအတုယူခဲ့ရတယ်လို့ ဖွင့်ဟထားသူ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ဒီရာသီမှာ လက်ရွေးစင်အသင်း အတွက်ရော၊ ကလပ် အတွက်ပါ ခြေစွမ်းပြနေတာ ဖြစ်ပြီး ဘရာဇိးလ်ကို ကာတာ ကမ္ဘာ့ဖလားမှာ ဦးဆောင်ရမယ့် ကစားသမား လို့လည်း အားလုံးက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
ရိုဒရီဂို က “ ကျနော့် idol နဲ့အတူ တွဲကစားရတာက အမြဲတမ်း ထူးခြား ဆန်းသစ်ပါတယ်” လို့ အင်စတာဂရမ်မှာ ဓာတ်ပုံတင်ကာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဂါနာနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲက ပုံဖြစ်ပြီး အဆိုပါပွဲမှာ နေမာက အသင်းဖော် တိုက်စစ်မှူး ရစ်ချာလီဆင် အတွက် ၂ ဂိုး ဖန်တီးပေးခဲ့ကာ ခြေစွမ်းပြခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်း ကိုလည်း အကောင်းဆုံး ဦးဆောင် ကစားပေးခဲ့ကာ ကျေနပ်လောက်စရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။
အမြန်ဆုံး ပြန်လာနိုင်ဖို့ အားထုတ်နေတယ် ဆိုတဲ့ ကွန်ဒေး
ပြင်သစ် လက်ရွေးစင် အသင်း အတွက် ကစားပေးရင်း ဒဏ်ရာ ရရှိခဲ့တဲ့ ဘာစီလိုနာ နောက်ခံလူ ကွန်ဒေးက သူ့အနေနဲ့ အမြန်ဆုံး ပြန်ကစားနိုင်အောင် ကြိုးစားနေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ကွန်ဒေးဟာ ဩစတြေးလျနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ပွဲချိန် အစောပိုင်းမှာပဲ လူစား လဲလှယ်ခဲ့ရတာ ဖြစ်ပါတယ်။
စနေနေ့မှာ ဘာစီလိုနာ ကလည်း သူတို့ ကစားသမားက အသင်းကို ဒဏ်ရာနဲ့ ပြန်လည် ရောက်ရှိလာခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ဆေးအဖွဲ့ရဲ့ ကြပ်မတ်မှု အောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ ကွန်ဒေးဟာ ဒီရာသီကမှ ဆီဗီလာ ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အချိန်တို အတွင်းမှာပဲ အဓိကကစားသမား အဖြစ် ပါဝင်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။
“ ကစားပွဲတွေ ဆိုတာက ကျနော်တို့ကို စမ်းသပ်နေတာပါပဲ၊ မားမားမတ်မတ် ရပ်တည်နိုင်ဖို့ပဲ လိုပါတယ်၊ ကျနော် တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ ကြိုးစားနေပါတယ်၊ မကြာခင် ပြန်တွေ့ကြပါမယ်” လို့ ကွန်ဒေးက သူ့ရဲ့ အင်စတာဂရမ်က တဆင့် ရေးသားပြောဆိုခဲ့ပါတယ်။ ကွန်ဒေး အနေနဲ့ အနည်းဆုံး နောက်ထပ် တပတ်လောက် အနားယူရမယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။
နိုင်ငံတကာပွဲတွေမှာ အထိ နာခဲ့ရတဲ့ ဘာစီလိုနာ
နိုင်ငံတကာ ပွဲစဉ်တွေ ပြန်လည် စတင်ချိန်မှာတော့ ဘာစီလိုနာ အတွက်တော့ တကယ့်ကို စိတ်ပျက်စရာတွေ ဖြစ်လာခဲ့ရပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ဘာစီလိုနာဟာ သူတို့ရဲ့ အဓိက ကစားသမားတွေကို လက်ရွေးစင် အသင်းတွေဆီ ပြန်လည် စေလွှတ်ခဲ့ရတာ ဖြစ်ပြီး အခုအခါ မှာတော့ ကစားသမား အများစုက နိုင်ငံ အတွက် ကစားပေးရင်း ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
နယ်သာလန်မှာ ဒီဂျောင်နဲ့ ဒီပိုင်း၊ ပြင်သစ်မှာ ကွန်ဒေးနဲ့ ဒမ်ဘီလီ၊ ဥရုဂွေးမှာ အာရူဂျိုတို့ ဒဏ်ရာတွေ ရရှိခဲ့ကြပြီး ဇာဗီ အတွက်တော့ စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ အဆိုပါ ကစားသမားတွေ အားလုံးဟာ ဘာစီလိုနာရဲ့ အားထားရတဲ့ ကစားသမားတွေ ဖြစ်ပြီး ခြေစွမ်းပြသနေကြသူတွေ ဖြစ်လို့လည်း အခုလို ဒဏ်ရာရရှိခဲ့တာက ပုံစံကောင်း ရနေတဲ့ ဘာစီလိုနာ အတွက် စိတ်ပျက်စရာတွေ ဖြစ်ခဲ့ရပါတယ်။
ဂျူးလ်စ် ကွန်ဒေးက တံကောက်ကြော ဒဏ်ရာ ရရှိခဲ့သလို ဒီပိုင်းနဲ့ ဒီဂျောင်က ကြွက်သား ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် မနေ့က ကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ စပိန် ပွဲမှာလည်း စပိန် အတွက် လာလီဂါ ထိပ်သီး ဘာစီလိုနာ ကစားသမား ၆ ဦး အထိ ပါဝင်ကစားခဲ့ရလို့ ဒဏ်ရာ ထပ်မရဖို့ မျှော်လင့်ခဲ့ရပြီး ကံကောင်း ထောက်မစွာနဲ့ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ဒါပေမယ့် စပိန် ကတော့ ဆွစ်ဇာလန်ကို အိမ်ကွင်းမှာပဲ ၁-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.