ဘာစီလိုနာ – ဘီလ်ဘာအို
စပိန် လာလီဂါ ပွဲစဉ် ၁၁ အဖြစ် ဘာစီလိုနာတို့ ဘီလ်ဘာအိုကို နူးကမ့်ပ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်တဲ့ ပွဲကြိုအချက်အလက်တွေ၊ သုံးသပ်ချက်တွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့ …
လာလီဂါ အယ်လ်ကလက်စီကို ရှုံးပွဲ အပြီးမှာ ဘာဆာတို့ ဗီလာရီးရဲလ်ကို ဂိုးပြတ် အနိုင်ယူပြီး ပြန်လည် ရုန်းထွက်ပြခဲ့ပါတယ်။ လာလီဂါမှာ ရီးရဲလ်မက်ဒရစ် ကလွဲရင် ကျန်တဲ့ အသင်းတိုင်းကို ဇာဗီရဲ့ အသင်းက အေးအေးဆေးဆေး ကစားနိုင်တယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ။ ဖရန်ကီ ဒီယောင် ကလည်း ပြန်ကစားခွင့်ရချိန်မှာ ခြေစွမ်းပြခဲ့ပြီး ဒဏ်ရာရ ကစားသမားတချို့ ရှိပေမယ့် ဘာဆာက ဒီလိုအသင်းတွေနဲ့ဆို သူတို့ အလုပ် ဖြစ်တယ် ဆိုတာကို သက်သေပြသနေတုန်းပါ။ နူးကမ့်ပ်မှာ ဆိုရင် ဘာဆာရဲ့ ခြေစွမ်းက ပိုပြီးတော့လည်း ကောင်းတတ်ပါတယ်။
ဆမ်မာမီးစ် မှာက လွဲရင် တခြားကွင်းတွေမှာ ဆိုရင် သရေကျဖို့ မနည်းကန်ရတဲ့ ဘီလ်ဘာအို အတွက်တော့ နူးကမ့်ပ်မှာ မနည်းကို ရုန်းရဦးမှာပါ။ ဘီလ်ဘာအို အတွက် ကျိန်းသေပေါက် ခက်ခဲတဲ့ လာလီဂါ ပွဲစဉ် ဖြစ်လာဖို့ ရှိပြီး နည်းနည်းမှားတာနဲ့ ဘာစီလိုနာရဲ့ ကစားကွက်အောက်မှာ ကျရှုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ကစားသမားကောင်း တချို့ ရှိနေပေမယ့် အဝေးကွင်း အားနည်းချက်ကို အခုထိ မပြင်ဆင်နိုင်သေးပါဘူး။ ခြေရည်တူ အသင်း၊ ကိုယ့်ထက် နိမ့်တဲ့ အသင်းတွေ ကိုတောင် နောက်က လိုက်ကစားနေရပြီး ဘာစီလိုနာနဲ့ တွေ့ချိန်မှာတော့ ထုံးစံအတိုင်း သူတို့တွေ ခံစစ်ကိုပဲ အားပြု ပြင်ဆင်လာမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘာစီလိုနာ – တာစတီဂန်၊ ကွန်ဒေး၊ မားကို့စ် အလွန်ဆို၊ ယော်ဒီ အယ်လ်ဘာ၊ ပီဒရီ၊ ဒီယောင်၊ ဂါဗီ၊ ဖာရန်း တောရက်စ်၊ လီဝမ်ဒေါစကီး၊ အန်ဆု ဖာတီ
ဘီလ်ဘာအို – ဆိုင်မွန်၊ ဒီမားကို့စ်၊ ဗီဗီယန်၊ အင်နီဂိုမာတီနက်ဇ်၊ လက်ကူ၊ အန်ဒါဟာရဲရား၊ ဗက်စ်ဂါ၊ နီကိုဝီလီယံ၊ ဆန်ဆက်၊ မြူနီယန်၊ အင်နာကီ ဝီလီယံ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း နောက်ဆုံး တွေ့တဲ့ ၅ ပွဲမှာ ဘာဆာတို့ ရှုံးပွဲ မရှိထားဘဲ ၃ ပွဲ အထိ အနိုင်ရခဲ့ပါတယ်။ ၄ ပွဲအထိ ဂိုးပေါင်း အပေါ် ကစားထားတာ တွေ့ရပြီး ဘာဆာ ကွင်းမှာ နောက်ဆုံး ၁၀ နှစ် အတွင်း တပွဲမှ အနိုင်မရခဲ့ပါဘူး။ ဘာဆာ ကတော့ ရီးရဲလ်ကို ရှုံးတာက လွဲရင် ကျန်ပွဲအားလုံးမှာ ၁ ပွဲပဲ သရေကျပြီး ပွဲတိုင်း အနိုင်ကစားခဲ့ပါတယ်။ ဘီလ်ဘာအို အတွက် နူးကမ့်က ငရဲတွင်း ဖြစ်လာမယ့်နေ့ပါပဲ။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ဒီပွဲမှာ 1X2 ရဲ့ ပေးထားပုံအရ ဘာဆာက အနိုင်ရရင် ၁.၅ ဆ၊ ဘီလ်ဘာအို အနိုင်ရရင် ၆ ဆ အထိ ရမှာပါ။ Handicap မှာတော့ ဘာဆာက ၁ လုံး သရေပေးထားပြီး ဂိုးပေါင်းစျေးကို ၃ လုံး ၅၀ နိုင် ဖွင့်ထားပါတယ်။ လာလီဂါမှာ ဆိုရင် ပြိုင်ဘက်တွေကို ခြေပြတ် ဂိုးပြတ်နဲ့ ဘာဆာက အနိုင်ယူနေကျ ဖြစ်ပြီး သူတို့ခြေစွမ်း မပြနိုင်မှာကိုပဲ စိတ်ပူရမှာပါ။ အနည်းဆုံးတော့ ဘာစီလိုနာ အနိုင်ရမှာ ဖြစ်လို့ 1x ကို ရွေးချယ်ထားစေချင်ပြီး ကြေးကြော ပေးကစားချင်ရင်တော့ ၁လုံး အရှုံး ဆိုလည်း ကစားသင့်ပါတယ်။ ဘီလ်ဘာအိုရဲ့ ဂိုးပြန် သွင်းနိုင်ပါ့မလား ဆိုတဲ့ အပေါ်မှာ သံသယရှိနေလို့ ဂိုးပေါင်းအောက်နဲ့ ပြန်ကာထားမယ် ဆိုရင် အဆင်ပြေပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဘာစီလိုနာ ၂-၀ ဘီလ်ဘာအို
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.